၁၉ ဖေဖော်ဝါရီလ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပေါင်းတုတ် ကျေးရွာအနီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းအား မိုင်းဆွဲခံရသော နေရာ၏ မြောက်ဘက်၃၁ ကီလိုမီတာနှင့် အရပ်ယာဉ်တစ်စီးအား ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုင်းဆွဲခြင်းခံရသော နေရာ၏အရှေ့မြောက်ဘက် ၆ ကီလိုမီတာခန့်ရှိ တောင်ကုန်းများတွင် AA သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁၀ဝ ခန့်သည် လေ့ကျင့်ရေး စခန်းဖွင့်လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေ တည်ဆောက်ရန် ရောက်ရှိနေကြောင်း AA သောင်းကျန်းသူအဖွဲ့များအား မလိုလားသူ ပြည်သူများ၏ သတင်းပေးပို့မှုကို ရရှိခဲ့ပြီး သောင်းသောင်းကျန်းသူအဖွဲ့သည် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများကိုနှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက်လာသောကြောင့် တပ်မတော်စစ်ကြောင်းများကကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲ ပိုင်းတွင် ကျောက်တော်မြို့၏ အရှေ့ဘက်၁၅ ကီလိုမီတာခန့်အကွာ၌ AA သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀ဝ ခန့်နှင့် ထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများသည် တောင်ဘက်သို့ဆုတ်ခွာသွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက အသေးစိတ်လိုက်လံ ရှင်းလင်းလျက်ရှိသည်။
ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့မှ အလောင်း ကိုးလောင်း၊ အာရ်ပီဂျီ တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
credit- မြန်မာ့အလင်း
No comments:
Post a Comment