Sunday, January 6, 2019

အမေရိကန် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် အမျိုးသမီး ထောက်ခံသူများနှင့်တွေ့ဆုံ


၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက် အမျိုးသမီး သမ္မတလောင်းအဖြစ် မျှော်လင့်ထားသူ အဲလိဇဘတ်ဝါရန်ဟာ ဇန်န၀ါရီ ၄ ရက်နေ့က အိုင်အိုဝါပြည်နယ်မှာ ပထမဆုံးအကြိမ် ထောက်ခံသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ၀ါရန်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ လူလတ်တန်းစား မဲဆန္ဒရှင်တွေကို ပစ်မှတ်ထားတဲ့ သတင်းစကားတွေကို အလေးထားပြောကြားခဲ့ပါတယ်။

ဝါရန်ဟာ မက်ဆာချူး ဆက်ပြည်နယ်က အကြီးတန်း အထက်လွှတ်တော် အမတ်ဖြစ်ပြီး သာမန်လူထု အကျိုးစီးပွားကို လိုလားသူအဖြစ် ထင်ရှားပါတယ်။

ဝါရန်ရဲ့ အိုင်အိုဝါ ခရီးစဉ် ၃ ရက်အတွင်း တွေ့ဆုံပွဲ ၅ ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းပတ် အစောပိုင်းက ၀ါရန်ဟာ ရွေးကောက်ပွဲ ရန်ပုံငွေ ရစေမယ့် လေ့လာရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ မျှော်မှန်းထားပါတယ်။

#YawMinGyi #သတင်းက

No comments:

Post a Comment