သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းဖို့ လမ်းကြောင်းဖော်လိုက်တာလို့ ရိုက်တာ သတင်းဌာနရဲ့ မိတ်ဖက် ANI သတင်းဌာနက အစီရင်ခံပါတယ်။
ဘဏ္ဍာရေးရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ ညွှန်ကြားမှု ဦးစီးဌာနက မယ်လီယာကို
ဝရမ်းပြေး ကြေညာပြီး ရူပီးငွေ ၁၂၅ ဘီလျံတန်တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို
သိမ်းမယ်လို့လည်း ကြေညာပါတယ်။
အသက် ၆၂ နှစ်အရွယ် စီးပွားရေးသမား မယ်လီယာကို ဗြိတိန်ကနေ အိန္ဒိယဆီ ရာဇဝတ်သား လွှဲပြောင်းရေး မူအရ လွှဲယူဖို့လည်း အိန္ဒိယအစိုးရက ကြိုးစားနေပါတယ်။
သူ့ရဲ့ ကင်းဖစ်ရှာ လေကြောင်းလိုင်းက အိန္ဒိယဘဏ်တွေဆီကနေ ချေးယူထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအတွက် လိမ်လည်မှု စွဲချက်တွေနဲ့လည်း တရားစီရင်ဖို့ ပြင်ဆင်ထားပါတယ်။
သူဟာ အဲဒီချေးထားတဲ့ငွေတွေကို ပြန်ဆပ်ဖို့ ရည်မှန်းချက် မရှိဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။
မယ်လီယာဟာ ၂၀၁၆ မတ်လက အိန္ဒိယကနေ ဗြိတိန်ဆီ ပြောင်းရွှေ့ခဲ့တာပါ။ သူ့ကို အိန္ဒိယ အစိုးရလက်ထဲ ပြန်လွှဲသင့်တယ်လို့ ဗြိတိန်မြို့တော် လန်ဒန် တရားရုံးက ဒီဇင်ဘာ ၃၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
မယ်လီယာကတော့ ဘာအမှားမှ လုပ်မထားဘူးလို့ ငြင်းရင်း နိုင်ငံရေးအရ အကွက်ရွှေ့ခံရတာလို့ ပြောထားပါတယ်။

No comments:
Post a Comment