Sunday, March 24, 2019

ပြည်ခိုင်ဖြိုးဦးဆောင်၍ နိုင်ငံရေးပါတီ ၃၂ ခုနှင့် တပ်ချုပ် တွေ့ဆုံ

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၃၂ ခု ခေါင်းဆောင်များ မတ်လ ၂၂ ရက်က တွေ့ဆုံပြီး အခြေခံဥပဒေပြင် ဆင်ရေး၊ ငြိမ်းချမ်းရေးကိစ္စရပ် များ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံပွဲကို မတ်လ ၂၂ ရက်က နေပြည်တော်ရှိ ဘုရင့် နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ပြုလုပ်ပြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ နိုင်ငံရေးပါတီများထံ ဖိတ်ကြားခဲ့ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြော သည်။
‘‘ပြည်ခိုင်ဖြိုးက ကမကထ လုပ်ပေးတာ။ အရင်တုန်းကဆို ရင် သမ္မတ ဦးသိန်းစိန်က ကျွန် တော်တို့ကို တစ်နှစ်တစ်ခါလောက် တွေ့ကြတယ်လေ။ ပါတီတွေနဲ့။ အခုက ဒီသမ္မတတို့၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က သုံးနှစ်ရှိပြီလေ။ သူတို့နဲ့ မတွေ့ရလို့ တပ်ချုပ်နဲ့ သွား
တွေ့တာပေါ့ဗျာ’’ဟု ၎င်းက ဆိုသည်။ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါ တီခေါင်းဆောင်များက လက်ရှိ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အခြေအနေများ၊ လွှတ်တော်တွင်း အခြေအနေများ၊ ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန် လိုအပ်မှုအခြေ အနေများ၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ထိုသို့ တွေ့ဆုံခြင်းသည် နိုင် ငံရေးအရ တွေ့ဆုံခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးအ ရ တွေ့ဆုံခြင်းဖြစ်ပြီး တပ်မတော် အနေဖြင့် တည်ငြိမ်အေးချမ်းရေး ကို အဓိကထား၍ ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နေချိန်တွင် ပါတီများအနေဖြင့်လည်း ကူညီ ဆောင်ရွက်စေလိုကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တပ်မတော်အနေဖြင့် အခြေ ခံဥပဒေပြင်ဆင်ရေးကို သဘော တူသော်လည်း သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်းသာ ပြင်ဆင် ရန် လိုသည်ဟုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ယင်း တွေ့ဆုံပွဲတွင် ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံ ရေးပါတီခေါင်းဆောင်များက တပ်မတော်၏သဘောထားရပ် တည်ချက်နှင့် ဆောင်ရွက်ချက် များကို ထောက်ခံကြောင်းနှင့် နိုင် ငံတော်အတွက်၊ အမျိုးသားရေး အတွက် ညီညီညွတ်ညွတ် ပူး ပေါင်းဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ယင်းတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါ တီက ဦးဆောင်စီစဉ်ကြောင်း မသိထားဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး အခြား ပါတီများ ပါဝင်မည်ကိုလည်း ကြို တင်မသိခဲ့ဟုဆိုသည်။
‘‘ရှင်းရှင်းပြောရမယ်ဆိုရင် စိတ်မကောင်းဘူး။ ကျန်တဲ့ပါတီ တွေနဲ့ အတူတူထိုင်ရမယ်ဆိုရင် ကျွန်တော်လာဖို့ မရှိပါဘူး။ ပြည် ခိုင်ဖြိုးနာမည်နဲ့ ဖိတ်တာ လုံးဝ မရှိဘူး’’ဟု ၎င်းက ဆိုသည်။ ထို့ ကြောင့် တွေ့ဆုံပွဲ၌ အခြားပါတီ များ၏တင်ပြဆွေးနွေးချက်များ သည် ၎င်းတို့၏သဘောထားနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ချင်း အမျိုးသားဒီမိုကရက်တစ်ပါတီက ယမန်နေ့တွင် ထုတ်ပြန်ကြေညာ သည်။
‘‘(အခြေခံဥပဒေပုဒ်မ) ၂၆၁ကို ၂၀၂၀ မတိုင်ခင်မှာ ဖြစ်အောင်ပြင်ဆင်ဖို့ လိုတယ်လို့ ကျွန်တော် အဲဒါပြောတယ်။ နောက်တစ်ခုက ပီအာစနစ်ကို အစပျိုးလုပ်ဖို့ ကောင်းပြီ။ ရွေးကောက်ပွဲကော်မ ရှင်အနေနဲ့ ပီအာရ်စနစ်ကို ချပြဖို့ ကောင်းပြီလို့ ကျွန်တော်ပြောခဲ့ပါ တယ်’’ဟု ဦးဇိုဇမ်က ပြောသည်။
ထို့အပြင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် (NCA) သည် ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်နိုင်ရေးလမ်းကြောင်း ဖြစ်၍ NCA ကို စနစ်တကျ ဖော်ဆောင်ပေးရန်နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို စနစ်တကျ ပြင်ဆင်ပေးရန်လည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီခေါင်း ဆောင်များ တွေ့ဆုံခြင်းသည် လက်ရှိ ဒီချုပ်အစိုးရလက်ထက် တွင် ပထမဆုံးဖြစ်ပြီး သာမန် တွေ့ဆုံမှုသာ ဖြစ်ကြောင်း အမျိုး သားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ပြော သည်။ ‘‘အမှန်မှန်ကတော့ မတွေ့ ဖူးသေးတဲ့လူတွေ တွေ့ကြတဲ့ သဘောလောက်ပဲ။ ဘာမှ အကျိုး အမြတ်တွေ ဘာတွေ ထင်ထင်ရှားရှားရှိမယ်လို့ မယူဆပါဘူး’’ဟု ၎င်းက ဆိုသည်။
ယင်းတွေ့ဆုံမှုနှင့်ပတ်သက် ၍ ပြည်ခိုင်ဖြိုးပါတီပြောရေးဆို ခွင့်ရှိသူများထံ အကြိမ်ကြိမ် ဆက် သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်းမရှိပေ။ ထို့အတူ တွေ့ဆုံရာတွင် ပါဝင် သော အမျိုးသားဒီမိုကရေစီပါတီ သစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ကလည်း တွေ့ဆုံမှုနှင့်ပတ်သက်၍ ဖြေ ကြားရန် ငြင်းဆန်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်၍ လွှတ် တော်တွင်း၌ အာဏာရပါတီနှင့် တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီတို့ ကြား အငြင်းပွားနေသည့် အခြေ အနေတွင် ယခုကဲ့သို့ တွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို သို့တွေ့ဆုံခြင်းသည် တပ်မတော် ၏အခြေခံဥပဒေပြင်ဆင်ရေး ရပ် တည်မှုအတွက် နိုင်ငံရေးမဟာ မိတ်ရှာဖွေသည့် သဘောဖြစ် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာ သူ ဦးမောင်မောင်စိုးက သုံးသပ် သည်။
‘‘၃၂ ပါတီထဲမှာ ပါတဲ့ ပါတီ တော်တော်များများရဲ့ အနေအ ထားကို ကြည့်မယ်ဆိုရင် ပါတီ နိုင်ငံရေးအရ မအောင်မြင်တဲ့ အဖွဲ့တွေ များတာပေါ့။ မအောင်မြင်တဲ့ အဖွဲ့ဆိုတော့ နိုင်ငံရေးအရ လုပ်ကွင်းလုပ်ကွက်ဖော်တာပေါ့’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးသီဟ သွေးက မှတ်ချက်ပြုသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အပါအဝင် တစညပါတီ၊ အမျိုး သားဒီမိုကရေစီပါတီသစ်၊ အမျိုး သားတိုးတက်ရေးပါတီ၊ ဒီမိုက ရက်တစ်ပါတီ (မြန်မာ)၊ ခေတ် သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင် ငံရေးမဟာမိတ်များအဖွဲ့ချုပ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါ တီ၊ ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ချင်းအမျိုး သားဒီမိုကရက်တစ်ပါတီ၊ ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီတို့ တက်ရောက်ခဲ့သည်။
ထို့အပြင် ‘ဝ’ ဒီမိုကရက်တစ် ပါတီ၊ ‘ဝ’ လစ်ဘရယ်ဒီမိုကရက် တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မြန်မာအမျိုး သားကွန်ဂရက်ပါတီ၊ ပြည်သူ့အ ကျိုးပြု ကျောင်းသားများပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဗမာပြည်သူ့ပါတီ၊ ၈၈ မျိုး ဆက် ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာပြည် သူ့ဒီမိုကရက်တစ်ပါတီ၊ မြန်မာ နိုင်ငံတောင်သူလယ်သမား၊ အ လုပ်သမားပြည်သူ့ပါတီ၊ စေ့စပ် ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်း ရေးပါတီ၊ စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ (စဒက)တို့ လည်း ပါဝင်သည်။
အဆိုပါနိုင်ငံရေးပါတီများ အနက် လက်ရှိ လွှတ်တော်တွင်း ကိုယ်စားလှယ်ပါဝင်သည့် ပါတီ ခြောက်ခုရှိပြီး ကျန် ၂၆ ပါတီသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး မျှ ပါဝင်ခြင်းမရှိပေ။

Monday, March 18, 2019

နိုင်​ငံတကာ၏ စွပ်​စွဲချက်​ပါ အစီအရင်​ခံစာများအ​ပေါ် စိစစ်အတည်​ပြုရန်​ တပ်​မ​တော်​မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း



ရန်​ကုန်​ ​မတ်​ ၁၈

နိုင်​ငံတကာအဖွဲ့အစည်းအချို့၏ စွပ်​စွဲချက်​ပါ အစီအရင်​ခံစာများအ​ပေါ် ထပ်​မံစိစစ်​အတည်​ပြုနိုင်​ရန်​ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ယ​နေ့တွင်​ စတင်​စစ်​​ဆေး​ဆောင်​ရွက်​မည်​ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်​ပြန်​သည်​။

အဆိုပါ စုံစမ်းစစ်ဆေးရေးခုံရုံးတွင်​ ဥက္ကဋ္ဌအဖြစ်​ ဗိုလ်ချုပ်မြတ်ကျော်က တာဝန်​ယူထားပြီး အဖွဲ့ဝင်​အဖြစ်​ ဗိုလ်မှူးကြီးကျော်ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင် တို့ပါဝင်​သည်​​။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့မှ ဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား အနည်းဆုံးအင်အား ၆၂၀၀ ကျော်ခန့်မှ အများဆုံးအင်အား ၁၀၀၀၀ ကျော်ခန့်တို့က မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတို့ရှိ တပ်မတော်တပ်ဌာနချုပ်တစ်ခုနှင့် ရဲကင်းစခန်း ၃၀ ခုအပါအ၀င် ရခိုင်တိုင်းရင်းသား ကျေးရွာများအားလုံးနီးပါးသို့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့သည်။

အဆိုပါနေ့တစ်ရက်တည်းတွင် ထိတွေ့တိုက်ပွဲ ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်​မ​တော်​ဘက်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ၀န်ထမ်း ၁ ဦး၊ ပေါင်း ၁၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်​။

ရဲကင်း စခန်းများမှ လက်နက်ငယ် ၆ လက် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံပါရှိသွားခဲ့သည့် အပြင် ဒေသခံအရပ်သားများစုစုပေါင်း ၁၃၀ ဦးမှာလည်း ရက်ရက်စက်စက် လူမဆန်စွာ အသတ်ခံခဲ့ရသည်။

သို့ဖြစ်၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်ရန်၊ ၎င်းတို့ယူဆောင်သွားသော လက်နက်ခဲယမ်းများ အမြန်ပြန်လည်သိမ်းဆည်းရရှိစေရန်နှင့် ဒေသခံပြည်သူများ၏လုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာ၌ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် ညွှန်ကြားချက်တစ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က သက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များသို့ ညွှန်ကြားခဲ့သည်။

ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းစစ်ဆေးစေခဲ့သည်။ ဖော်ထုတ်ချက်များအရ နယ်မြေဒေသလုံခြုံရေးအတွက် ကွပ်ကဲစီမံအုပ်ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးသတင်းများကြိုတင် လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကိုလည်း တွေ့ရှိရသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုလည်း လိုအပ်သလိုအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များအရလည်းကောင်း၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့Fact Finding Mission တို့၏ စွပ်စွဲရေးသားဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များ အရလည်းကောင်း အစီရင်ခံစာအသီးသီး၏ ရေးသား ဖော်ပြချက်များကို ထပ်မံစိစစ်အတည်ပြုရန်လိုအပ်သည်။

ထို့​ကြောင့်​ ဖြစ်စဉ်အသီးသီးအပေါ် ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။

သတင်း-မင်းဟိန်း
ဓာတ်​ပုံ-တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး
Image may contain: 4 people, people standing

မိမိနေထိုင်တဲ့ အိမ်ကို လူနဲ့ပါ တခါထဲရောင်းဖို့ လေလံ တင်လိုက်တဲ့ အမျိုးသမီး

အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီး တစ်ဦးက သူမရဲ့နေအိမ် ကို ဝယ်ယူမည် ဆိုပါက သူမအား ဇနီးသည်အဖြစ် အခမဲ့ အပို ရရှိနိုင်မယ်လို့ ကြေညာ ခဲ့ပါတယ်။ အဆိုပါ အိမ်ရောင်းချ မယ့် ကြော်ငြာကတော့ အွန်လိုင်း စာမျက်နှာပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွား ခဲ့တယ်လို့ သိရပါတယ် ။ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်း နှစ်ခန်း၊ ငါးကန် တကန်နဲ့ ကားပါကင် တနေရာ ပါဝင်တဲ့ တစ်ထပ် အိမ်ကို ရောင်းချမယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တစ်ခုမှာ ကြော်ငြာ ထားပါတယ်။
ယင်းကြော်ငြာမှာ နေ အိမ်ကို ဝယ်ယူမည် ဆိုပါက အိမ်ပိုင်ရှင်ကို အခမဲ့ အပို ရရှိနိုင်မှာ ဖြစ်ပြီး အိမ်ပိုင်ရှင် အမျိုးသမီးရဲ့ ဓာတ်ပုံနဲ့ တကွ ဖော်ပြထားတာ ကိုလည်း တွေ့ရပါတယ် ။ အိမ်ပိုင်ရှင် ဖြစ်သူကတော့ အသက် ၄ဝ အရွယ် ကလေးနှစ်ယောက် မိခင် မုဆိုးမတဦး ဖြစ်တယ်လို့ သိရပြီး အလှပြင်ဆိုင် တဆိုင်ကိုလည်း ပိုင်ဆိုင် ထားပါတယ်။
အိမ်ပိုင်ရှင်ဝီနာလင်က ”ကျွန်မရဲ့အိမ်ကို အမှန်တကယ် ဝယ်ယူမယ့် သူ ဖြစ်ရမယ်။ ဈေး နှုန်းညှိနှိုင်းမှာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။ သူမရဲ့ နေအိမ် ကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဆလီမန်မြို့ရှိ နေအိမ်ကို ၇၆၈၄၆ ဒေါ်လာနဲ့ ရောင်းချ မှာ ဖြစ်ပါတယ် ။ အိမ်ထောင် မရှိသေးတဲ့ လူပျိုကြီးတွေ အတွက်တော့ အိမ်ယာလည်းရ၊ အိမ်ထောင်လည်း ကျမယ့် အခွင့်အရေးကို ပိုင်ဆိုင် မှာပဲဖြစ်ပါတယ်။

ပူစီနံအရွက်နဲ့ပတ်သက်လို့ သင်မသိသေးတဲ့ကျန်းမာရေးအကျိုးကျေးဇူးများနဲ့ အသုံးပြုပုံ(၇)မျိုး

ပူစီနံအရွက်ဆိုတာ လူသိများတဲ့ အရွက်တစ်မျိုးဖြစ်ပြီး ဟင်းအဖြစ်လည်းစားနိုင်သလို တခြား ကျန်းမာရေးနဲ့အလှအပအတွက်လည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ အရင်က ပူစီနံအရွက်ရဲ့အာနိသင်ကို မသိခဲ့လို့ ဘယ်လိုသုံးရမှန်းမသိခဲ့ဘူးဆိုရင် အခုအချိန်ကစလို့ ပူစီနံရွက်ကို အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလေးတွေကို ဖော်ပြပေးလိုက်ပါပြီမို့ ကောင်းကောင်းအသုံးချကြည့်လိုက်တော့နော်။

(၁) ရောင်ရမ်းနေတာတွေကို သက်သာစေတယ်

ပူစီနံရွက်မှာ rosmarinic acid ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေတာကြောင့် ရေနွေးကြမ်းထဲ ထည့်သောက်ပေးတာမျိုး၊ detox water မှာ ပူစီနံထည့်သောက်တာမျိုးက ရေရှည်မှာ အသည်းရောဂါ၊ အစာအိမ်ရောဂါတွေမဖြစ်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် အသားပေါ်မှာ အကောင်လေးတွေကိုက်လို့ အဖုထွက်လာရင်လည်း ပူစီနံအရွက်ကို ရေစင်အောင်ဆေးပြီး ပွတ်တိုက်ပေးလိုက်ရင် ယားတာ၊ ရောင်တာတွေ သက်သာသွားပါလိမ့်မယ်။

(၂) အအေးမိတာကိုသက်သာစေတယ်

အအေးမိတာနဲ့ လည်ချောင်းနာတာကိုသက်သာဖို့အတွက် ရေနွေးထဲမှာ ချင်းအနည်းငယ်နဲ့ ပူစီနံရွက်အနည်းငယ်ထည့်ပြီး သောက်ပေးလိုက်ရုံပါပဲ။

(၄) အသားအရေကိုကြည်လင်စေတယ်

ပူစီနံထည့်ထားတဲ့ရေနွေးကြမ်းကို နေ့တိုင်းသောက်ပေးမယ်ဆိုရင် အဆီပြန်တာကိုသက်သာစေပြီး၊ အသားအရေကြည်လင်လာပါလိမ့်မယ်။ ပြုလုပ်နည်းကတော့ ရေနွေးထဲကိုလက်ဖက်ခြောက်အနည်းငယ်၊ သံပရိုသီးတစ်စိတ်လောက်ထည့်ပြီး ဆယ်မိနစ်လောက်နှပ်ထားပြီးမှ ပူစီနံရွက်လေးတွေထည့်ပြီး သောက်လိုက်ရုံပါပဲ။

(၅) အမျိုးသမီးရောဂါတွေအတွက်ကောင်းတယ်

ပူစီနံအရွက်ကို ပုံမှန်စားသုံးခြင်း၊ ပူစီနံရေနွေးကြမ်း ဒါမှမဟုတ် ပူစီနံထည့်ထားတဲ့ Detox water သောက်ခြင်းဖြင့် အမျိုးသမီးမှာဖြစ်တတ်တဲ့ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေ၊ ကိုယ်ဝန်ဆောင်စဉ်စိတ်ခံစားမှုအပြောင်းအလဲဖြစ်တာတွေနဲ့ သွေးဆုံးချိန်မှာ ဝေဒနာခံစားရတာတွေကို လျှော့ချပေးနိုင်ပါတယ်

(၆) စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်

Eating vegetable herb concept: woman eat mint leaves.
အသီးဖျော်ရည်ထဲကို ပူစီနံအရွက်ထည့်သောက်ပေးမယ်ဆိုရင် ပင်ပန်းနွမ်းနယ်နေတာကိုသက်သာစေပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေပါတဲ့အပြင် ခေါင်းကိုက်တာကိုလည်း သက်သာစေပါတယ်။

(၇) နှလုံးသွေးကြောကျန်းမာရေးအတွက်ကောင်းတယ်


အရှေ့တောင်အာရှမှာ အလှပဆုံး ဟိုက်ပါ ရေတံခွန်


ရောက်ဖူးခဲ့သမျှ ရေတံခွန်တွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ အနောက်တောင်ဘက် ၁၂ အကွာ ဟိုက်ပါကျေးရွာအနီးမှာတည်ရှိတဲ့ ဟိုက်ပါရေတံခွန်က မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှမှာပါ အလှဆုံးလို့ နိုင်ငံခြားခရီးသွားဧည့်သည်တွေက သတ်မှတ်ကြပါတယ်။
ပန်ချောင်းပေါ်မှာတည်ရှိပြီး အထပ်ထပ် အဆင့်ဆင့် အသွယ်သွယ် ဖြာကျနေတဲ့ ရေတံခွန်ဖြစ်ပြီး မြင်ရတာ အလွန်ပဿဒရှိတာမို့ အရှေ့ တောင်အာရှမှာ အလှဆုံးရေတံခွန်လို့ပြောကြတာ ဖြစ်မှာပါ။
ယခင်က ငြိမ်းချမ်းရေအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်တာမို့ လူသူအရောက်ပေါက်နည်းခဲ့ပေမယ့် ခုချိန်မှာတော့လူတော်တော်များများ လာရောက်လည်ပတ်ရင်း တစ်ဆင့်စကားတစ်ဆင့်နား ပြောကြရာက လူသိများလာပြီ ဖြစ်ပါတယ်။
ဟိုက်ပါရေတံခွန် ကိုတောင်ကြီးကနေ ကားနဲ့သွားသွားမယ်ဆိုရင် ၆ နာရီကျော်လောက် မောင်းရပါတယ်။ မိုင်းပွန်၊ ပင်လုံ၊ လဲချား၊ မိုင်းနောင်၊ မိုင်းရှူးမရောက်မီ လမ်းခွဲလေးကနေ
၆ မိုင်ခန့် ဝင်လိုက်ရင်တော့ အလွန်သာယာလှပတဲ့ ဟိုက်ပါရွာနဲ့ ဟိုက်ပါရေတံခွန်ရဲ့  သဘာဝအလှတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။
ဟိုက်ပါရေတံခွန်ကို ခရီးကြုံလို့ ဝင်ရောက်လည်ပတ် အပန်းဖြေရင်ဖြစ်ဖြစ်။ တကူးတက သွားရောက်လည်ကြမယ်ဆိုင်ဖြစ်ဖြစ် ရေတံခွန်ရဲ့ သဘာဝအလှတွေကို ပျက်စီးစေမယ် စည်းကမ်းမဲ့အပြုအမူတွေ (အမှိုက်ပစ်ခြင်း၊ ဘီယာဘူးခွံ၊ ပလတ်စတစ်ဘူးခွံ၊ ဆေးလိပ်ဘူးခွံများ စွန့်ပစ်ခြင်း) ကို ရှောင်ကြဉ်ကြမယ်ဆိုရင် မကြာမီ ခရီးသွားလုပ်ငန်း အလွန်ဖွံ့ဖြိုးလာဖွယ်ရှိတဲ့ ဟိုက်ပါရေတံခွန်ကို မပျက်စီးအောင် တစ်ဖက်တစ်လမ်းက ကူညီစောင့်ရှောက်ရာကျမှာပါ။
သဘာဝအတိုင်း သာယာလှပနေတဲ့ အရှေ့တောင်အာရှမှာ အလှပဆုံး ဟိုက်ပါရေတံခွန်ကို စိတ်အမောတွေဖြေဖို့ တစ်ခါတစ်ခေါက်လောက် သွားရောက်လည်ပတ်ကြပါစို့လားဗျာ …… ။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင် အား နိုင်ငံတော်သမ္မတ အဆိုပြု


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခေတ္တဝန်ကြီးချုပ်တာဝန် ယူထားသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် အား ခန့်အပ်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌထံသို့နိုင်ငံတော်သမ္မတက ယနေ့ (မတ်လ ၁၈ ရက်)တွင် အဆိုပြုစာ ပေးပို့လာကြောင်း သိရသည်။

အဂတိလိုက်စားမှုကြောင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ လစ်လပ်နေသော နေရာတွင်ခေတ္တဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား မတ်လ ၁၁ ရက်က တာဝန်ပေးအပ်ခဲ့ပြီးနောက် ၇ ရက်အကြာ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဦးမြင့်မောင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ထံ အဆိုပြုသည့်စာ ပေးပို့လာခြင်း ဖြစ်သည်။

“တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်အား ခန့်အပ်လိုက်ကြောင်းကို ဒီနေ့(မတ်လ ၁၈ ရက်နေ့ ညနေ) ၄ နာရီထိုးမှာ fax ဝင်လာတယ်။ fax ဝင်လာတော့ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင် ဖြစ်သွားတာ သေချာသွားပြီ၊ ကျွန်တော်တို့လွှတ်တော်အနေနဲ့တော့ ဝန်ကြီးချုပ်ကို လွှတ်တော်မှာ ဆွေးနွေးခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းတွေ လုပ်ရမယ်ဆိုတော့ လာမယ့် မတ်လ ၂၂ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးခေါ်ဖို့လုပ်ထားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးခင်မောင်အေး ကပြောကြားသည်။


တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်သည့် ဦးမြင့်မောင်မှာ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးချယ်ခြင်းခံခဲ့ရသူ ဖြစ်သည်။

မြန်မာအိမ်အကူကို ညှဉ်းပန်းနှိပ်စက်မှုအတွက် စင်ကာပူစုံတွဲအား ထောင်ဒဏ်များ ချမှတ်


မြန်မာအိမ်အကူကို ကြိမ်နှင့်ရိုက်ခြင်း၊ အံဖတ်များ အတင်းစားခိုင်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သည့် စင်ကာပူ စုံတွဲကို မတ် ၁၈ ရက်တွင် ထောင်ဒဏ်နှင့် ငွေဒဏ်များ တရားရုံးက ချမှတ်ခဲ့သည်။ အသက် ၃၁ နှစ်အရွယ် အိမ်အကူ မမိုးမိုးသန်း အား ညှဉ်းပန်းနှိပ်စက်မှုအတွက် စင်ကာပူ အမျိုးသား တေဝီးကီရက် (၄၁ နှစ်) အား ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပြီး တေ၏ဇနီး ချီယာယွမ်လင်း (၄၃ နှစ်) ကို ထောင်ဒဏ် သုံးနှစ်နှင့် ၁၁ လ ချမှတ်ခဲ့သည်။ ထို့ပြင် ချီယာသည် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀ဝ၀ ကိုလည်း ပေးရမည် ဖြစ်သည်။

ဒဏ်ငွေ မပေးနိုင်ပါက ချီယာသည် ထောင်ဒဏ် နှစ်ပတ် ချမှတ်ခံရမည် ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ယင်းစင်ကာပူစုံတွဲထံတွင် အလုပ်လုပ်ကိုင်ခဲ့သော မမိုးမိုးသန်းသည် တစ်ရက်လျှင် ခြောက်နာရီအောက်သာ အိပ်ခဲ့ရပြီး ဧည့်ခန်းတွင် စောင်မပါ၊ ခေါင်းအုံးမပါနှင့် အိပ်ခဲ့ရပြီး ထမင်းကိုလည်း သကြား သို့မဟုတ် ထမင်းသက်သက်သာ စားခဲ့ရသည်။ ထို့ပြင် အလုပ်ရှင်စုံတွဲ၏ ရိုက်နှက်မှုကိုလည်း မမိုးမိုးသန်း ကြုံခဲ့ရသည်။ မမိုးမိုးသန်းအား ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ ချီယာသည် ယခုလ အစောပိုင်းတွင် စွဲချက် ၁၅ ခုအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံခဲ့ရသည်။

စနစ်တကျအ ကြမ်းဖက်ပြီး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် ချီယာ အား ထိုက်တန်သည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်တရားသူကြီး အိုလီဗီယာလိုက ပြောကြားခဲ့သည်။


ချီယာသည် မမိုးမိုးသန်းအား သန့်စင်ခန်း အသုံးပြုခွင့် ကန့်သတ်ခဲ့ခြင်းအတွက် အမြင့်ဆုံးထောင်ဒဏ် ခြောက်လကို ချမှတ်ခဲ့ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။ မမိုးမိုးသန်းသည် တစ်ရက်လျှင် သန့်စင်ခန်း သုံးကြိမ်သာ အသုံးပြုခွင့်ရရှိခဲ့ပြီး ချီယာက ယင်းသို့ ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ ချီယာ သည် မမိုးမိုးသန်း၏ လှုပ်ရှားမှုများအား စောင့်ကြည့်ရန်အတွက် CCTV ကို အသုံးပြုခဲ့သည့်အပြင် နောက်ထပ် အိမ်အကူ တစ်ဦးဖြစ်သော အင်ဒိုနီးရှား အိမ်အကူ ဖီထရီယာအား မမိုးမိုးသန်းကို စောင့်ကြည့်ရန် စေခိုင်းခဲ့သည်။ လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အား ဂုဏ်သိက္ခာမငဲ့ ဆောင်ရွက်ခဲ့ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်ပြီး ခံစားရသူ၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အခွင့်အရေးတို့ကို ထိခိုက်စေသည်မှာ ရှင်းလင်းကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

မမိုးမိုးသန်းသည် သန့်စင်ခန်းအား တစ်ရက်လျှင် စတုတ္ထအကြိမ်မြောက် အသုံးပြုခဲ့ပါက အပြစ်ပေးခံခဲ့ရပြီး နှုတ်အားဖြင့် ခြိမ်းခြောက်ရုံသာ မဟုတ်ခဲ့ကြောင်း တရားသူကြီးလိုက ပြောကြားခဲ့သည်။ မမိုးမိုးသန်းသည် သုံးကြိမ်ထက်ပို၍ သန့်စင်ခန်း အသုံးပြုခဲ့ပါက ယုန်ခုန်ခုန်ရန် အပြစ်ပေးခံရပြီး အခြားအပြစ်ပေးမှုများကိုလည်း ခံခဲ့ရသည်။ မမိုးမိုးသန်းသည် ထိုစင်ကာပူစုံတွဲထံတွင် ညှဉ်းပန်းနှိပ်စက် ခံရသည့် ဒုတိယမြောက် အိမ်အကူဖြစ်သည်။ အင်ဒိုနီးရှား အိမ်အကူ ဖီထရီယာကို ညှဉ်းပန်းနှိပ်စက်မှုအတွက် တေဝီကီရက်သည် ထောင်ဒဏ် ၄၃ လ ချမှတ်ခံထားရပြီး ချီယာက ထောင်ဒဏ်နှစ်လ ချမှတ်ခံထားရသည်။ တေတို့စုံတွဲသည် သားသမီးများအတွက် စီစဉ်မှုများဆောင်ရွက်ရန် ပြစ်ဒဏ်အား နှစ်ပတ်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ရာ တရားသူကြီးက ခွင်ပြုပေးခဲ့သည်။