ပူစီနံအရွက်ဆိုတာ လူသိများတဲ့ အရွက်တစ်မျိုးဖြစ်ပြီး ဟင်းအဖြစ်လည်းစားနိုင်သလို တခြား ကျန်းမာရေးနဲ့အလှအပအတွက်လည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ အရင်က ပူစီနံအရွက်ရဲ့အာနိသင်ကို မသိခဲ့လို့ ဘယ်လိုသုံးရမှန်းမသိခဲ့ဘူးဆိုရင် အခုအချိန်ကစလို့ ပူစီနံရွက်ကို အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလေးတွေကို ဖော်ပြပေးလိုက်ပါပြီမို့ ကောင်းကောင်းအသုံးချကြည့်လိုက်တော့နော်။
(၁) ရောင်ရမ်းနေတာတွေကို သက်သာစေတယ်
ပူစီနံရွက်မှာ rosmarinic acid ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေတာကြောင့် ရေနွေးကြမ်းထဲ ထည့်သောက်ပေးတာမျိုး၊ detox water မှာ ပူစီနံထည့်သောက်တာမျိုးက ရေရှည်မှာ အသည်းရောဂါ၊ အစာအိမ်ရောဂါတွေမဖြစ်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် အသားပေါ်မှာ အကောင်လေးတွေကိုက်လို့ အဖုထွက်လာရင်လည်း ပူစီနံအရွက်ကို ရေစင်အောင်ဆေးပြီး ပွတ်တိုက်ပေးလိုက်ရင် ယားတာ၊ ရောင်တာတွေ သက်သာသွားပါလိမ့်မယ်။
(၂) အအေးမိတာကိုသက်သာစေတယ်
အအေးမိတာနဲ့ လည်ချောင်းနာတာကိုသက်သာဖို့အတွက် ရေနွေးထဲမှာ ချင်းအနည်းငယ်နဲ့ ပူစီနံရွက်အနည်းငယ်ထည့်ပြီး သောက်ပေးလိုက်ရုံပါပဲ။
(၄) အသားအရေကိုကြည်လင်စေတယ်
ပူစီနံထည့်ထားတဲ့ရေနွေးကြမ်းကို နေ့တိုင်းသောက်ပေးမယ်ဆိုရင် အဆီပြန်တာကိုသက်သာစေပြီး၊ အသားအရေကြည်လင်လာပါလိမ့်မယ်။ ပြုလုပ်နည်းကတော့ ရေနွေးထဲကိုလက်ဖက်ခြောက်အနည်းငယ်၊ သံပရိုသီးတစ်စိတ်လောက်ထည့်ပြီး ဆယ်မိနစ်လောက်နှပ်ထားပြီးမှ ပူစီနံရွက်လေးတွေထည့်ပြီး သောက်လိုက်ရုံပါပဲ။
(၅) အမျိုးသမီးရောဂါတွေအတွက်ကောင်းတယ်
ပူစီနံအရွက်ကို ပုံမှန်စားသုံးခြင်း၊ ပူစီနံရေနွေးကြမ်း ဒါမှမဟုတ် ပူစီနံထည့်ထားတဲ့ Detox water သောက်ခြင်းဖြင့် အမျိုးသမီးမှာဖြစ်တတ်တဲ့ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေ၊ ကိုယ်ဝန်ဆောင်စဉ်စိတ်ခံစားမှုအပြောင်းအလဲဖြစ်တာတွေနဲ့ သွေးဆုံးချိန်မှာ ဝေဒနာခံစားရတာတွေကို လျှော့ချပေးနိုင်ပါတယ်
(၆) စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်
အသီးဖျော်ရည်ထဲကို ပူစီနံအရွက်ထည့်သောက်ပေးမယ်ဆိုရင် ပင်ပန်းနွမ်းနယ်နေတာကိုသက်သာစေပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေပါတဲ့အပြင် ခေါင်းကိုက်တာကိုလည်း သက်သာစေပါတယ်။
No comments:
Post a Comment