Wednesday, December 19, 2018

မြန်မာတစ်နိုင်ငံလုံး ပထမ ရသွားတဲ့ ကလေး က ပေးတဲ့ သင်ခန်းစာ


မြန်မာတစ်နိုင်ငံလုံး ပထမ ရသွားတဲ့ ကလေး က ပေးတဲ့ သင်ခန်းစာ

မြန်မာတစ်နိုင်ငံလုံး ပထမရသွားတာက ကျွန်တော့်ကို လူသိများလာတယ် ဒါက Popular ပါ Success မဟုတ်ပါဘူး ။

'' ခုနက စင်ပေါ်စကားတက်ပြောတဲ့ မောင်လေး မဟုတ်လား . . ."

'' ဟုတ်ကဲ့ပါအစ်မ ''

'' တစ်နိုင်ငံလုံးမှာ Firstရထားတဲ့သူ ဆိုတော့ မောင်လေးစကားက သူတို့  အတွက် သိပ်အရေးပါတယ်... မောင်လေးပေးတဲ့ အကြံရဲ့ ဆိုးခြင်းကောင်းခြင်းကို သူတို့  ခံစားရလိမ့်မယ်...''

'ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်''

''မောင်လေးက ပြောတယ် ... ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့  ပြောတယ်

လက်ရှိမှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်အတွက် ဂိတ်တံခါးလိုဖြစ်နေတယ်...အများစုဟာ ဆယ်တန်းစာကို အမှန်တကယ်တတ်မြောက်ဖို့  ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို ရွေးချယ်ခွင့်ရဖို့ ကြိုးစားနေကြတယ်
အရှိတရားဟာ အမှတ်ကောင်းမှလိုင်းကောင်းရမှာ ...ဒါကြောင့် လိုင်းကောင်းရဖို့  အမှတ်ကောင်းအောင် ကြိုးစားကြမှာပဲ.. .မောင်လေးလည်းဒီပညာရေးစနစ်နဲ့firstဖြစ်လာခဲ့တာကိုး... ပညာရေးစနစ် ပြောင်းခဲ့ရင် မောင်လေးလည်း first ဖြစ်ချင်မှ ဖြစ်မှာ''

''ကျနော် first ရခဲ့တယ်။  ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့ အဓိပ္ပာယ်မရသလို ကျနော် အအောင်မြင်ဆုံး ပါလို့ လည်း အဓိပ္ပာယ်မရဘူး။ ဖြေပြီးခဲ့တဲ့အထိတော့ Firstရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ကြိုးစားခဲ့တာပဲ.။ နောက်တော့မှ ကျနော်တွေးဖြစ်လာတာက  First ရတော့ ဘာဖြစ်သလဲဆိုတာပဲ။
လူသိများလာတယ်... ဒါဟာ popularပါ... Successမဟုတ်ဘူး။ ခက်ဆစ်တွေ ၏သည်၍ မလွဲကျက်ခဲ့မိတယ်... ပြောရမယ်ဆိုရင် ကျနော်သိပ်ပင်ပန်းခဲ့တယ်...ကျနော်ဆရာဝန်မဖြစ်ချင်ဘူး။ အင်ဂျင်နီယာမဖြစ်ချင်ဘူး... ကျနော်ဖြစ်ချင်တာ စာရေးဆရာ
ကျနော့်ဝါသနာကို ကျနော်သိနှင့်နေပြီးသား... ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressureအောက်မှာ ပြင်ပစာပေကို အာရုံစိုက်ခွင့်မရဘူး။

ကျနော့်သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်။သူက guitar တအားတီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့  သူက ဒီတက္ကသိုလ်ဝင်တန်းကို သူ့ ဝါသနာနောက်သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ.

သူက ကျနော့်ကို မေးခွန်းမေးတယ်။ နွေဦးကာလာ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့။
တျာချင်းဖြစ်ကြောင်း ဝန်ကြီးပဒေသရာဇာရေးကြောင်း ထန်းတက်သမားမိသားစုရဲ့ဘဝကို သရုပ်ဖော်ခြင်းဖြစ်ကြောင်း စာထဲကပါတဲ့အတိုင်း သူ့ ကို ပြောပြမိတယ်။
သူက ခေါင်းခါပြပြီး ငါမေးတာအဲ့လိုမဟုတ်ဘူးတဲ့။ ခေတ်ကိုနှိုင်းယှဉ်မယ်ဆိုရင် သူတို့ ခေတ်မှာလည်း entertainment သဘောလေးတွေရှိသတဲ့ဗျာ ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာမျိုးဖြစ်နိုင်တယ်တဲ့။

အင်မတန်ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ်အတိပဲ...
ဒီလိုအချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက်သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို
ကရုဏရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့

ဟုတ်တယ် ဒါကဗျာ ဒါအနုပညာ ဒါဟာစာသက်သက်မဟုတ်ဘူး။ ကျက်မှတ်ဖို့ မဟုတ်ဘူး ဒါဟာခံစားဖို့  The whole burma firstရမယ့်သူက မသိခဲ့ဘူး... ဆယ်တန်းကို ရိုးရိုးအောင်မယ့်သူက သိနေတယ်။

သူစာလေ့လာခဲ့တယ် သူလေ့လာသမျှဟာ စာမေးပွဲမှာ အမှတ်ကောင်းဖို့  ရည်ရွယ်ပုံမရဘူး အနုပညာကိုအနုပညာလို ခံစားဖို့ လို့ သူကတွေးတယ်...

စာမေးပွဲကမေးတာကို ကျနော်ဖြေနိုင်ခဲ့တယ်...
ဝန်ကြီးပဒေသရာဇာပေးတာကို ကျနော်လုံးဝမရခဲ့ဘူး
အစ်မ... ဆယ်တန်းသင်ရိုးဟာ ကျနော်တို့ ကို စာမေးပွဲဖြေဖို့ တစ်ခု တည်းရည်ရွယ်ထားတာမဟုတ်ဘူး
တချို့စာတွေဟာ အနုပညာ
တချို့  စာတွေဟာ အကြံပြုစာ
တချို့ စာတွေဟာ ဆွေးနွေးတဲ့စာ...

ဟင်း.. ကျနော်တို့ ကတော့ဘာလာလာကျက်စာပဲ... ဆရာကြီးမဟာဆွေရေးတဲ့ ''မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း''ဟာ ကျက်ဖို့  မဟုတ်ဘူး... မကြောက်တရား ဆောင်းပါးတွေကိုသူ့ အမြင်သူ့ ရှုထောင့်တွေနဲ့  မျှဝေခဲ့တဲ့ ဆရာကြီးမဟာဆွေခေါ် နေသူရိန် ကလောင်ရှင်ဟာ သူ့ စာတွေကို ကျက်ဖြေစေဖို့  ရည်ရွယ်ခဲ့တာမဟုတ်ဘူး...

ကဗျာကို အလွတ်ရအောင်ကျက်တိုင်းကဗျာကိုချစ်ပါတယ်လို့  အဓိပ္ပာယ်မရဘူး။  ဝန်ခံရရင် ဂစ်တာသမားလေးကို ကျနော် သိပ်အားကျတာ။ သူက ယူသလောက်ရခဲ့တဲ့ကောင်။ သူက leisureကဗျာလေးနဲ့  feelခံတတ်တယ်

ကျနော့်မှာတော့ ကဗျာသာ အလွတ်ရခဲ့တာ ကဗျာရဲ့ အဓိပ္ပာယ်ကို နှလုံးသားက မခံစားတတ်ခဲ့ဘူး
''What is this life if full of care
we have no time to stand and stare''တဲ့...

အဲ့ကဗျာကို မရပ်မနားကျက်ခဲ့တယ်
အခုတော့ ရယ်မိတယ်သိလား
relaxယူသင့်ကြောင်းပြတဲ့ကဗျာလေးကို မောပန်းစွာကျက်မိခဲ့တဲ့အဖြစ်ကို ရယ်ချင်နေမိတယ်...''

''ဒီလိုလုပ်ခဲ့လို့  ဒီလို firstဖြစ်နေတာ မဟုတ်ဘူးလား''

''အစ်မ သုတစွယ်စုံတွေဖတ်ဖြစ်လားမသိဘူး မောင်သိန်းလွင် ဘာသာပြန်တဲ့ Believe it or not ယုံချင်ယုံ မယုံချင်နေထဲမှာလည်း ပါလေ့ရှိပါတယ်။

ကမ္ဘာ့ လက်သည်းအရှည်ဆုံး လူသားတဲ့
ဂင်းနစ်မှတ်တမ်းဝင်ထားတယ်... လက်သည်းကြီးတွေက တွန့်လိမ်ရှည်လျှားနေတယ်... ဂင်းနစ်ဝင်ချင်တာတစ်ခုတည်းနဲ့  ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင် လုပ်တဲ့သူတွေ။ သူတို့ကတော့ ကြံဖန်ဂုဏ်ယူကြတာပေါ့... တစ်ကမ္ဘာလုံးမှာ ငါလက်သည်း အရှည်ဆုံးဆိုပြီး...

အစ်မတွေးကြည့်...
နေ့စဉ်နေထိုင်ရှင်သန်မှုမှာ အရေးမပါတဲ့ လက်သည်းရှည်ကြီးတွေက ဘယ်လောက်အနှောက်အယှက် ပေးနေမလဲ... ရိုးရိုး သားသား ဖြေကြည့်ပါ
ကြည့်လို့  ရောတင့်တယ်ရဲ့လား...
နောက်ပြီး ဘယ်သူ့ အတွက် အကျိုး ရှိလဲ...
ဇွဲရှိတယ် စိတ်ရှည်သည်းခံမှုရှိတယ် ယုံကြည်ချက်ရှိတယ်...
ဒါပေမယ့်အများကောင်းဖို့အတွက်မဟုတ်သလိုသူကောင်းဖို့ လည်း မဟုတ်ဘူး... ရူးကြောင်မူးကြောင် ကမ္ဘာကျော်လိုမှုအတွက်...


ဒါသူ့ အခွင့်အရေးဆိုတာ မှန်ပါရဲ့
အရူးဘုံမြှောက်တဲ့ ဂင်းနစ်စံချိန်တချို့ ကို ကျနော်ကတော့ ကြိတ်လှောင်မိတာပဲ...

အဲ့လိုပုံစံမျိုးနဲ့ ကျနော် the whole burma first ဖြစ်လာတယ်
the whole burma firstဖြစ်ဖို့  အဓိပ္ပာယ်မရှိတာတွေ ကျနော်လုပ်ခဲ့ရတယ်လေ''

''ဆရာဝန်ဖြစ်ချင်သူက အမှတ်ကောင်းအောင်ဖြေဖို့ လိုတယ် အမှတ်ကောင်းမှလည်း ဆရာဝန်ဖြစ်မယ်... ဒါကြောင့် သူ့ ကို သင်တဲ့ guideဆရာသို့ မဟုတ် ကျူ ရှင်ဆရာဟာ စာကို အနုပညာလို ခံစားဖို့ ထက် အမှတ်ရအောင်ဖြေဖို့  အဓိကထားသင်လိမ့်မယ်...
အဲ့လိုသင်တဲ့ဆရာမှားနေလား''

''လမ်းကကောက်တော့ ခြေလှမ်းတွေကလည်း ကောက်နေရတယ်... ဆန်စင်ရာကျည်ပွေ့ လိုက်ရတဲ့ ပညာရေးစနစ်မှာ အမှတ်ကောင်းအောင်သင်နေတဲ့ ဆရာတွေကို အပြစ်တင်ဖို့ က ခက်တယ်...

ဆရာဝန်ဖြစ်လိုသူဟာ စာစီစာကုံးလေ့ကျင့်နေရတယ်
close typeဖြေဖို့  စာပိုဒ်လိုက် ကျက်နေရတယ်....
 definitionတွေကို a,an,theက အစ မလွဲအောင် ကျက်နေရတယ်...
ဒါဟာ သူ့ ဆရာဝန်ဖြစ်ဖို့  လိုအပ်တဲ့ အရည်အချင်းအတွက် အထောက်အကူဖြစ်ရဲ့လား...
ဒါပေမယ့် ဆရာဝန်ဖြစ်ချင်သူကတော့ ဒီလိုကျက်ရမယ်...
သင်ကြားသူကလည်း ဒီလိုပဲ သင်ကြားရလိမ့်မယ်...

လျှောက်သူအမှားမဟုတ်သလို ဒီလိုလျှောက်ဖို့  အကြံပြုသူ အမှားလည်း မဟုတ်ဘူး
ဒါဟာ လမ်းရဲ့အမှား... ဒါဟာ ပညာရေးစနစ်ရဲ့အမှား...'

''တကယ်လည်း ဆရာဝန်ပညာဟာ အခက်ဆုံးပညာရပ်တစ်ခုမဟုတ်လား ဒါကြောင့်လည်း အတော်ဆုံးတွေကို တောင်းဆိုတဲ့ သဘောပါပဲ''

''အခက်ဆုံးပညာရပ်ရယ်လို့ တော့ မသတ်မှတ်ကောင်းပါဘူး....

ကဲဗျာ... အစ်မ သတ်မှတ်သလိုဆို ကျနော်က လောလောဆယ်မှာ အတော်ဆုံးပဲ... ဆရာဝန်လျှောက်မယ်ဆို ကျနော်ပါမှာပဲ... ဆရာဝန်ဖြစ်ဖို့  ကျနော်က အသင့်တော်ဆုံးပါလို့  အစ်မထင်လား''

''ဖြေပါအစ်မရဲ့ လက်ရှိပညာရေးစနစ်ကို ယုံစားပြီး မောင်လေးက အသင့်တော်ဆုံးပါလို့  ဖြေကြည့်လိုက်ပါလား...
အစ်မ အလွဲကြီးလွဲသွားမယ်...
ကျနော့်ဝါသနာက အဓိပ္ပာယ်ရှိတဲ့စာရေးသူဖြစ်ဖို့ ပဲ

ဒီနိုင်ငံမှာ ဝါသနာမပါဘဲ အမှတ်ကို နှမြောလို့  ဆေးကျောင်းတက်နေသူတွေ ဘယ်လောက်တောင်ရှိနေကြမလဲ...''

''ဒါပေမယ့် ဒီလိုလိုင်းတွေကို
အမှတ်နဲ့  မခွဲလို့ လည်းမဖြစ်ဘူးလေ
၂၄၀နဲ့  ဆေးကျောင်းတွေ လျှောက်နေကြမှာပေါ့...''

''လျှောက်ပါစေပေါ့အစ်မရယ်''


''ဘယ်ဖြစ်မလဲ... အမှတ်များရင် အမှတ်များတဲ့ ကောင်းကျိုးကို ခံစားသင့်တာပေါ့''

''ဆယ်တန်းမှာ သင်ရသမျှဟာ general သဘောလောက်ပါပဲအစ်မ
ဒီ generalမှာ ထူးချွန်တာနဲ့ ပဲတက္ကသိုလ်လို specializedမှာ ထူးချွန်ပါလိမ့်မယ်လို့  လှေနံဓါးထစ်မှတ်လို့ မရဘူး
ဒီအတွက် ဝင်ခွင့်စာမေးပွဲတွေလိုတယ်...
မင်းဆေးကျောင်းတတ်ဖို့ အရည်အချင်းပြည့်မှီရဲ့လား ဒါကိုစစ်ဆေးဖို့  ဆေးကျောင်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲလိုမယ်
botanyယူဖို့  အရည်အချင်းပြည့်မှီမမှီ စစ်ဖို့ လည်း လိုအပ်တာပဲ...
ပညာရပ်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီ အခက်အခဲကိုယ်စီ ဝါသနာလိုအပ်မှု ကိုယ်စီရှိနေကြတာပဲ...

ဆရာဝန်ကိုလူတော်တွေလုပ် botanyကို လူညံ့တွေလုပ်ဆိုရင် အဲ့ဒိ education planကို မှားတယ်လို့  သတ်မှတ်မယ်....
Majorတိုင်းဟာ လိုအပ်တဲ့အရည်အချင်းနဲ့  ဝါသနာကို ပြန်တောင်းဆိုရမယ်....

ဒီအတွက်လည်း ကျောင်းသူကျောင်းသားတွေကို ကြို informလုပ်ရမယ်... တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နောက် ရွေးခွင့်ရှိသော majorများဆိုပြီး... ပဉ္စမတန်းလောက်ကတည်းက စမိတ်ဆက်ပေးထားသင့်တယ် ဒါမှ ကျောင်းသားဟာ သူ့ ဝါသနာ သူ့  ဗီဇကို ကွဲပြားစွာနားလည်လာမှာ... ဒါမှ ပြတ်သားတဲ့ရွေးချယ်မှုကို ကျောင်းသားက လုပ်ဆောင်နိုင်မှာ

ဝါသနာရယ် ဝါသနာပါရာကို လုပ်ခွင့်ရသောအခွင့်အရေးရယ် ကြိုးစားမှုရယ်ပေါင်းမှ ကျွမ်းကျင်သူဖြစ်မယ်...
အကယ်၍ အဲ့ဒိအလုပ်မှာ ပါရမီများပါခဲ့မယ်ဆိုရင်သူဟာ ကျွမ်းကျင်မှုအပြင် စွန့် ဦးတီထွင်သူ အဖြစ်ပါ လမ်းအသစ်ဖောက်လိမ့်မယ်
မြန်မာနိုင်ငံမှာ စွန့် ဦးတီထွင်သူတွေ ပျောက်ရှနေတယ်... ပြန်ရှာဖွေချင်တယ်...''

''The whole burma first ရခြင်းအပေါ်မှာ မောင်လေး ဘယ်လို ခံစားရလဲ''

''ပျော်မယ်လို့ ထင်ခဲ့ဖူးပါတယ် အောင်စာရင်းမထွက်ခင်မှာ ကျနော်လျှောက်မိတဲ့ လမ်းအပိုတချို့  အတွက် နှမြော သလိုခံစားရတယ်

ဒီလမ်းအပိုတွေမှမလျှောက်ရင် the whole burma firstမဖြစ်နိုင်ဘူးလေ...
ပြေးလမ်းက ကွေ့ ကောက်နေတော့ အကောက်အတိုင်း ကျနော်ပြေးခဲ့တယ်
ပြိုင်ပွဲစည်းကမ်းနဲ့ ကိုက်ညီလို့  ကျနော် ပထမရတယ်...
တချို့ က အဖြောင့်အတိုင်းပြေးတယ်...
သူတို့  က စာတတ်ဖို့ ကို ဦးစားပေးပြီးပြေးတယ်

ကျနော်က အမှတ်ရဖို့  ဦးစားပေးပြီးပြေးတယ် အမှတ်များပြိုင်ပွဲမှာ ကျနော် firstရခဲ့တယ် ကျနော် ပျော်သင့်ရဲ့လားလို့  ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိနေတုန်းပဲ''



နှစ်သစ်မှာပရိတ်သတ်ကို ပျော်စရာဟာသတွေ ပေးအုန်းမယ့် နှင်းဆီအဖွဲ့သားများ

နှစ်သစ်မှာပရိတ်သတ်ကို ပျော်စရာဟာသတွေ ပေးအုန်းမယ့် နှင်းဆီအဖွဲ့သားများ

#YawMinGyi #ဖျော်ဖြေရေးကဏ္ဍ #နှင်းဆီအဖွဲ့

အမေစုနဲ့ စာရေးဆရာများတွေ့ဆုံပွဲ အကျဉ်းချုပ်

20-12-2018

၁။ ရန်ကုန်၊ မန္တလေး အခြေစိုက် စာရေးဆရာ ၆၅ ယောက်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုဟ် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများနဲ့ တွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။

၂။ တွေ့ဆုံပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုဟ်က အဖွင့်စကားပြောဖို့စီစဉ်ထားပေမယ့် ပြည်ထောင်စုဝန်ကြီးကိုပဲ အဖွင့်စကားပြောခွင့်ပေးခဲ့ပါတယ်။

၃။ စာရေးဆရာများကိုယ်စား ဆရာမ ခင်ခင်ထူးကနေ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

၎။ ပွဲကျင်းပရတဲ့ အဓိကအကြောင်းအရင်းကတော့ စာရေးဆရာတွေနဲ့ စာပေအကြောင်း ရင်းရင်းနှီးနှီးပြောဖို့ပါပဲ။

၅။ တကယ်လဲ ၀ိုင်းတစ်ဝိုင်းမှာ ဆယ်မိနစ် ဆယ့်ငါးမိနစ်ဝန်းကျင် စိတ်ပါဝင်စားစွာ စာပေအကြောင်းအရာတွေပြောခဲ့ပါတယ်။

၆။ ကျွန်တော်တို့ ၀ိုင်းကို အရင်ဆုံး လာပြီးဆွေးနွေးပါတယ်။ WE Distribution က လုပ်ထားတဲ့ စာအုပ်ရောင်းအား စစ်တမ်းကို ပြောပြခွင့်ရပါတယ်။ အသက် ၂၀ နဲ့ ၃၀ ကြားလူငယ်တွေက စာအုပ်အ၀ယ်ဆုံးဖြစ်ပြီး အသက် ၄၀ ကျော် လူကြီးတွေကတော့ စာအုပ်ဝယ်ယူမှူနှူန်း နည်းတယ်ဆိုတာကို ပြောပြပါတယ်။ စာအုပ်ရောင်းအားတွေလည်း တက်လာပါတယ်လို့ ပြောခဲ့ပါတယ်။

၇။ အတိုင်ပင်ခံပုဂ္ဂိုဟ်ကလည်း ကျွန်တော့်စစ်တမ်းကို ထူးခြားတယ်လို့ပြောပါတယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာမှာ အသက် ၁၅ နှစ်နဲ့ ၂၀ ကြား ဆယ်ကျော်သက်တွေက စာအုပ်ဝယ်ယူမှူနှူန်းအများဆုံး ဖြစ်ပါတယ်တဲ့။ ဘာလို့များ မြန်မာပြည်မှာ ဆယ်ကျော်သက်တွေက စာအုပ်ဝယ်ယူမှူနှူန်းနည်းနေတာလည်းလို့ မေးပါတယ်။

၈။ အဓိကကတော့ ရုပ်ပြစာအုပ်တွေ ၊ Young Adult စာပေတွေ မရှိလို့လို့ ဖြေပေးခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရော၊ ဒုဝန်ကြီးကပါ ရုပ်ပြစာအုပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပေးပါတယ်။ Manga စာအုပ်တွေအကြောင်းပါ ပြောဖြစ်ခဲ့ပါတယ်။

၉။ စာရေးဆရာတွေရဲ့ စားပွဲဝိုင်း စုစုပေါင်း ခုနှစ်ဝိုင်းရှိပါတယ်။ တစ်ဝိုင်းခြင်းဆီမှာ စိတ်ရှည်လက်ရှည်နဲ့ စာပေအကြောင်းပြောခဲ့ပါတယ်။
၁၀။ စာရေးဆရာတွေကနေတစ်ဆင့် မဲဆွယ်ပေးဖို့ကိစ္စ၊ Lobby လုပ်ဖို့ကိစ္စတွေပြောဖို့ဝေးစွ နိုင်ငံရေးအကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အကြောင်း လုံးဝ မပြောပါ။

၁၁။ စာပေအကြောင်းတွေကိုသာ သီးသန့်ပြောခဲ့တာ ဖြစ်ပါတယ်။

၁၂။ ပွဲကျင်းပချိန် သုံးနာရီဝန်းကျင်ကြာပါတယ်။

နောက်ဆက်တွဲ။ ။ အမေစု အနားမှာ အချိန်ပြည့် နေပေးခဲ့တဲ့ ကိုယ်ရံတော်ကြီး ဦးစိုးဝင်း စကားတွေအများကြီးပြောခွင့်ရခဲ့တာလည်း သိပ်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ အဓိကကတော့ အမေစုရဲ့ ကျန်းမာရေး အခြေအနေကိုလည်း မေးမြန်းခဲ့တာပါ။ အခုချိန်ထိ သွားတစ်ချောင်းမှ မကျိုးသေးပါတဲ့။ မျက်စိလည်း ဆိုးဆိုးရွားရွား မမွဲသေးပါတဲ့။

ဒီနေ့ဆိုရင် စာရေးဆရာတွေနဲ့ မတွေ့ခင် ရှေ့မှာ ပွဲလေးပွဲ သွားပြီးမှ လာခဲ့တာပါတဲ့။ အခုထိလန်းဆန်းနေတာကိုသာ ကြည့်ပါ။ ကျန်းမာရေးစစ်ဆေးမှူတွေလည်း ပုံမှန်လုပ်ပြီး လန်းဆန်းတက်ကြွနေတာပါပဲ။

အမြတ်ဆုံးအချက်။ ။ ကျန်းမာသွက်လက်တဲ့ အမေ့ကို အကြာကြီး ငေးနေခွင့်ရခဲ့တယ်။
credit- credit-San Mon Aung

#YawMinGyi #သင့်အမြင်

လွတ်လပ်သောအစ္စလာမ္မစ်ပြည်နယ်တစ်ခုတည်ထောင်မည့် နှစ်ရှည်စီမံကိန်းကြောင့် RSO အကြမ်းဖက်များက ဘူးသီးတောင်-မောင်တောကို တိုက်ခိုက်ခြင်းဖြစ်

ဘူးသီးတောင်-မောင်တောဒေသတွင် အစွန်းရောက်အကြမ်းဖက်ဘင်္ဂါလီများက အကြမ်းဖက်လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာနေခြင်းမှာ ဘင်္ဂလားဒေ့ရှ်နှင့်ရခိုင်နယ်မြေများထဲမှ ဒေသအများစုကို ဖဲ့ယူမည့် အာရကန်နစ္စတန်(သို့မဟုတ်)လွတ်လပ်သောအစ္စလာမ္မစ်ပြည်နယ်တစ်ခု ထူထောင်ရန်ဆိုသည့်နှစ်ရှည်လများရည်မှန်းထားသော ရည်ရွယ်ချက်ဖြင့် လှုပ်ရှားကြခြင်းဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုက ဘင်္ဂါလီဘာသာဖြင့် ရေးသားဖော်ပြထားချက်အရသိရသည်။

ဘင်္ဂလားဒေ့ရှ်သတင်းဌာန၏ ဖော်ပြလာမှု၌ ပြီးခဲ့သော တနင်္လာနေ့ (သြဂုတ်လ ၂၈ ရက်)က အကြမ်းဖက်သမား ၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့ပြီး ယင်းငါးဦးသည် ဘင်္ဂလားဒေ့ရှ်အပါအ၀င် နယ်စပ်ဒေသတစ်ဝိုက် အကြမ်းဖက်စစ်သွေးကြွသည့်လုပ်ရပ်ပြစ်မှုပေါင်း ၅၄ မှုကို ကျုးလွန်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။ ၄င်းတို့ ငါးဦးမှာ မြန်မာနိုင်ငံမှ ပြည်နယ်တစ်ခုခွဲထွက်ခွင့်ရရေးအတွက် ကြိုးပမ်းနေသည့် RSO အကြမ်းဖက်အဖွဲ့ ၏ ခေါင်းဆောင်ဖြစ်သူ Allamat Ullah (၄၅ နှစ်)၊ RSO ဒုတိယခေါင်းဆောင်နှင့် အ၀ါမီလိ အဖွဲ့ချုပ် နိုင်ချန်ခါရီ လူသားအရင်းအမြစ်ဆိုင်ရာဌာနခွဲ ဒုတိယခေါင်းဆောင်ဖြစ်သူ Mohammad Shafiullah (၄၀ နှစ်)၊ အပြည်ပြည်ဆိုင်ရာ RSO ဗဟို GRC အဖွဲ့ ညွှန်ကြားရေးမှုးဖြစ်သူ ပါကစ္စတန်နိုင်ငံသား Mohammad Alam (၄၄ နှစ်)၊ ဆော်ဒီအာရေးဗီးယားအခြေစိုက် RSO အဖွဲ့ခေါင်းဆောင်ဖြစ်သူ အဗ္ဗဒယ်မာဇစ်၊ စစ်တကောင်းဇာတိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Mohammad Amin (၅၀ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
ယင်းတို့ အထဲမှ ပါကစ္စတန်နိုင်ငံသား Mohammad Alam သည် RSO အဖွဲ့ အတွက်အဓိကငွေကြေးအထောက်အပံ့ကို ဖန်တီးဦးဆောင်ပေးနေသူဖြစ်ပြီး ၄င်းတို့ ငါးဦးသည့် Hotel Lords Inn တွင် တနင်္ဂနွေနေ့ က စုစည်း၍ နှစ်နိုင်ငံအစိုးရများကို ဆန့်ကျင်လှုပ်ရှားမည့် လုပ်ရပ်ကို လုပ်ဆောင်ကြရန် တိုင်ပင်နေကြစဉ် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ များက သတင်းရရှိသောကြောင့် တနင်္လာနေ့ တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ၏ အဆင့်မြင့် တပ်ဖွဲ့ က တနင်္လာနေ့  နံနက် ၉ နာရီခန့် က ၀င်ရောက်စီးနင်းဖမ်းဆီးစစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ကနဦး သတင်းများကို မီဒီယာများထံ ထုတ်ပြန်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ၄င်းတို့ အဖွဲ့ ၏ အဓိကရည်ရွယ်ချက်မှာ အာရကန်နစ္စတန်ဟုခေါ်သော အစ္စလာမ္မစ်ပြည်ထောင်စုကို လွတ်လပ်သောနယ်မြေတစ်ခုအဖြစ် ဖန်တီးရယူနိုင်ရန် ရည်ရွယ်ခဲ့ကြခြင်းဖြစ်ပြီး သမ္မတလောင်းအဖြစ် လျာထားခံရသူ RSO ထိပ်တန်းခေါင်းဆောင် Allamat Ullah (၄၅ နှစ်)က ၁၉၉၈ ခုနှစ်တွင် နှစ်နိုင်ငံနယ်စပ်နေ အစ္စလာမ်ဘာသာဝင်များကို Independent Islamic state (ခ) Arakanistan ကိုထူထောင်မည်ဟု လက်ကမ်းစာစောင်များနှင့်တ အတိအလင်းအသိပေးကြေညာခဲ့ကြောင်း သိရသည်။
ယင်းအပြင် မောင်တောဒေသ၊ ဘူးသီးတောင်ဒေသများကို စိမ့်ဝင်ပြီးနောက်
တော်လှန်မှုအသွင်မျိုးပုံဖော်ဖန်တီးကြရန် စီစဉ်ထားကြခြင်းဖြစ်ပြီး နောက်ကွယ်တွင် NGO လုပ်ငန်းဗန်းပြထားသော ၄င်းတို့ ၏ အဖွဲ့ ဝင်များက အရှေ့ အလယ်ပိုင်းအပါအ၀င် အစ္စလာမ်ဘာသာဝင်များ ကြီးစိုးနေထိုင်ရာများထံမှ ထောက်ပံ့အလှုငွေများကို ရယူ၍ နိုင်ငံရေးအသွင်လှုပ်ရှားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းတို့ အဖွဲ့ ၏ လွတ်လပ်သောအစ္စလာမ္မစ်ပြည်နယ်ကို တည်ထောင်မှုတွင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ Feni , Bandarban ,Rangamati, Khagrachari, Cox’s Bazar နှင့် ရခိုင်ပြည်နယ်ထဲမှမောင်တော၊ ဘူးသီးတောင်၊ Calandong စသည့်ဒေသများကို စုစည်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၊ အလံအသစ်တို့ ဖြင့် ဖွဲ့ စည်းသွားရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
Source – AKonThi