မိုဘိုင်းဖုန်း သုံးစွဲ သူများက ရယူထားခြင်းမရှိသော အပိုဝန်ဆောင်မှုအစီအစဉ်များ နှင့်ပတ်သက်၍ သုံးစွဲသူကရယူလို ခြင်းမရှိဘဲ အလိုအလျောက်ဝယ် ယူခြင်းနှင့် သက်တမ်းတိုးခြင်းများ မဖြစ်စေရေး ဆောင်ရွက်ရန် ညွှန် ကြားထားသော်လည်း အော်ပရေ တာများက လိုက်နာမှုအားနည်း နေဆဲဖြစ်ကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောသည်။
ယခုဘဏ္ဍာနှစ်ပထမခြောက်လပတ် အခွန်ရငွေစာရင်းများနှင့်ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို သြဂုတ် ၂၆ ရက် ပြည်ထောင်စုလွှတ်တော်၌ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြန်လည်ရှင်းလင်းခြင်း ဖြစ်သည်။
‘‘ပြည်သူများအနေနဲ့ အပို ၀န်ဆောင်မှုများကို ၀က်ဘ်ဆိုက် များမှဖြစ်စေ SMS စာတိုများ မှဖြစ်စေနားလည်မှုလွဲမှား၍ နှိပ် မိခြင်းကြောင့် ၀န်ဆောင်မှုများကို ရယူသကဲ့သို့ဖြစ်စေပြီး ၀န်ဆောင် ခများကို မှားယွင်းစွာဖြတ်တောက် ခံရတဲ့ ဖြစ်ရပ်များရှိနေတာတော့ အမှန်ပဲဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
ဆက်သွယ်ရေး အော်ပရေ တာများအနေဖြင့် အပိုဝန်ဆောင် မှုအစီအစဉ်များကို ဆောင်ရွက် ရာတွင် သုံးစွဲသူများထံအသိပေး မည့် SMS စာတိုများကိုမြန်မာ ဘာသာဖြင့် ရှင်းလင်းလွယ်ကူ စွာပေးပို့ရန်၊ ၀န်ဆောင်မှုကို အ မှန်တကယ်ရယူလိုခြင်း ရှိ၊ မရှိ ၀က်ဘ်ဆိုက်နှင့် SMS တို့မှတစ် ဆင့်အတည်ပြုချက်ရယူရန်၊ အ လိုအလျောက်ဝယ်ယူခြင်းနှင့် အ လိုအလျာက် သက်တမ်းတိုးခြင်း များကို ကြိုတင်အသိပေးသည့် SMS စာတိုပေးပို့ခြင်းမရှိဘဲ မပြု လုပ်ရန်နှင့် ၀န်ဆောင်မှုများ၏ စည်းကမ်းချက်များကို မြန်မာဘာ သာဖြင့် ပေးပို့ရန် ယခုနှစ် ဧပြီ လတွင် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေး ၀န်ကြီးဌာနက ညွှန် ကြားခဲ့သည်။
သို့သော် ယင်းညွှန်ကြား ချက်ကို အော်ပရေတာများက တိ ကျစွာလိုက်နာမှု အားနည်းနေ ဆဲဖြစ်၍ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် လိုက် နာမှုမရှိပါက သက်ဆိုင်သည့် ဥပ ဒေ၊ နည်းဥပဒေများအတိုင်း အ ရေးယူမည်ဟု ယခုလ ၁၉ ရက် တွင် တစ်ကြိမ် ထပ်မံညွှန်ကြား ခဲ့ကြောင်း ဒုတိယ၀န်ကြီး ဦး ကျော်မျိုးက ပြောသည်။
သုံးစွဲသူများက နားလည်မှုလွဲမှားခြင်းမဖြစ်စေရေးနှင့် ဒေ တာသုံးစွဲမှု ပိုမိုကုန်ကျစေနိုင် သောအချက်များကို သိရှိနား လည်စေရေး အော်ပရေတာများ အား သုံးစွဲသူပညာပေးရေးအစီ အစဉ်များ ဆောင်ရွက်စေပြီးဖြစ် သည်ဟုဆိုသည်။
စားသုံးသူရေးရာ ဦးစီးဌာန က ထုတ်ပြန်ထားသော ၂၀၁၉ ခုနှစ် ဇွန်လအထိစာရင်းအရ ရယူ ထားခြင်းမရှိသည့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဖုန်းဘီလ်ဖြတ် တောက်ခံရခြင်းကြောင့်တိုင်ကြား သူဦးရေ ၈၅ ဦးရှိသည်။
Credit - 7 Day Daily
No comments:
Post a Comment