ရန်ကုန်၊ အမ်းနှင့် မင်းပြားမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော်
ဖမ်းဆီးရမိ
ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၂၈
ရန်ကုန်၊ အမ်းနှင့် မင်းပြားမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၅ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့ မြန်မာ ပလာဇာရှေ့တွင် ထွဋ်အောင်လွင်နှင့် ကြည်ခိုင်ဆိုသူနှစ်ဦးအား သတင်းအရ ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်
ဆေးပြား ၄၀၀ ဖမ်းဆီးရမိပြီး ထွက်ဆို ချက်များအရ ၎င်းတို့ မူးယစ်ဆေးဝါး ဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ် ဇလွန် လမ်းနေ မအေးအေးဝင်း (ခ) စုလှိုင်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆၈၈၀၀ ထပ်မံသိမ်း ဆည်းရမိခဲ့သည်။
ဆေးပြား ၄၀၀ ဖမ်းဆီးရမိပြီး ထွက်ဆို ချက်များအရ ၎င်းတို့ မူးယစ်ဆေးဝါး ဝယ်ယူခဲ့သည့် စမ်းချောင်းမြို့နယ် ဇလွန် လမ်းနေ မအေးအေးဝင်း (ခ) စုလှိုင်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆၈၈၀၀ ထပ်မံသိမ်း ဆည်းရမိခဲ့သည်။
ထို့နောက် မအေးအေးဝင်း(ခ) စုလှိုင်၏ ထွက်ဆိုချက်အရ ၎င်းမူးယစ် ဆေးဝါးဝယ်ယူခဲ့သော ဒဂုံဆိပ်ကမ်း မြို့နယ် ရတနာအိမ်ရာ(၁)ရှိ မခိုင်ခိုင်နှင့်နိုင်နိုင်ထွန်း မောင်နှမနှစ်ဦး ငှားရမ်းနေထိုင်သောနေအိမ်ကို ဆက်လက်ရှာေ ဖွရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၈၀ကို လည်းကောင်း၊ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးဝင်းရှိရန်ကုန်-စစ်တွေ ခရီးသည်တင် မင်းထက်သာယာဉ်လိုင်း ယာဉ်အမှတ် ၆ဃ ။ ....၏ ယာဉ်ပစ္စည်းတင် အကန့်အတွင်းမှစစ်တွေသို့ပို့ဆောင်ရန် အပ်နှံထားသောအဝတ်အထည်များနှင့် ရောနှောထားသည့် ဆာလာအိတ် ခုနစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကိုလည်းကောင်း၊ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် အမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်တွေသို့ ထွက်ခွာလာသည့်မင်းထက်သာယာဉ် အမှတ် ၆ဃ။ ....ယာဉ်ပေါ်မှ ဆာလာအိတ် ငါးအိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၅ သိန်းနှင့် မင်းပြားမြို့ ရာမောင် တံတားကူးနေရာ၌ လေးဝတီယာဉ် ၅ျှ ။.... ပေါ်တွင် (ယာပုံ) ဆာလာအိတ် ငါးအိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၄၉၉၇၅ ပြားကို လည်းကောင်း ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်ကျပ် ၈၀၂၇၈ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား၂၆ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ မခိုင်ခိုင်၏ ထွက်ဆိုချက်အရ၎င်းတို့သည် ၂၀၁၅ ခုနှစ် ထိုင်းနိုင်ငံသို့တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်စဉ် AA အဖွဲ့၏စည်းရုံးမှုကြောင့် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး စည်းရုံးလူသစ် စုဆောင်းခြင်း၊ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ် ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်း၊ ရန်ကုန်-စစ်တွေ ခရီးသည်တင် ယာဉ်များကို အသုံးပြု၍ ယခင်ကလည်း မူးယစ်ဆေးဝါး ငါးကြိမ်ခန့် သယ်ယူပို့ ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ထုတ် သိရှိရပြီး ကွင်းဆက်တရားခံများဖမ်းဆီး ရမိရေး၊ တရားဥပဒေနှင့်အညီ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Credit - MOI
No comments:
Post a Comment