Wednesday, August 21, 2019

မီးလောင်ရာလေပင့် သတင်းမှား သတင်းတု ဖြန့်ဝေမှုတွေ ချက်ချင်းရပ်


မြန်မာနိုင်ငံမှာ ကြီး မားတဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရရင်ပဲ ဖြစ်ဖြစ်၊ လူထုစိတ်ဝင်စားမှု မြင့် တက်တဲ့ အကြောင်းအရာပဲဖြစ် ဖြစ် အများ ဆုံး ကြုံ တွေ့ရလေ့ရှိတာက အွန် လိုင်း ပေါ် က နေ သတင်းတု သတင်းမှား ဖြန့်ဝေ ပြီး ပြည် သူ တွေကို စိုးရိမ်ထိတ်လန့် အောင် လုပ် တာ တွေရှိပါတယ်။
မကြာခင်ရက်ပိုင်းက ကြုံတွေ့ခဲ့ရတဲ့ တိုင်းဒေသကြီး ပြည်နယ်သုံးခုမှာ ရေ ကြီး၊ မြေပြိုတဲ့အချိန်တုန်းကဆိုရင် လူ တစ်ဦး တစ်ယောက်ကပဲဖြစ်ဖြစ်၊သတင်းပေ့ခ်ျအ တုကပဲဖြစ်ဖြစ် သတင်းမှားတွေကို အွန် လိုင်း ပေါ်တင်ကာ ပြည်သူတွေကို စိုးရိမ် ထိတ်လန့်အောင် ပြုလုပ်ကြတာတွေ ရှိခဲ့ပါ တယ်။
အထူးသဖြင့် တနင်္သာရီတိုင်းကို မုန် တိုင်းလေးလုံး တစ်ပြိုင်နက်ဝင်မယ်ဆိုတဲ့ သတင်းတုဟာ ဒေသခံတွေအပါ အဝင် ပြည်သူအများစုကို စိုးရိမ်မှု ဖြစ် စေ ခဲ့ပါ တယ်။ သည်သတင်းကို မိုးဇလ ပညာ ရှင် ဒေါက်တာထွန်းလွင် ကိုယ်တိုင် သူ့ရဲ့ ဖေ့စ် ဘုတ်ခ်မှာ သတင်းအမှား သာ ဖြစ် ကြောင်း ပြန်လည်ရှင်းလင်းရတဲ့ အထိ ဖြစ် ခဲ့ ပါ တယ်။
လက်ရှိကြုံနေရတဲ့ရှမ်းမြောက် ဒေသ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်မှာဆိုရင်လည်း သတင်းတုထုတ်လွှင့်မှုတွေနဲ့ ကြုံ တွေ့ကြ ရတဲ့အတွက် ပြည်သူတွေ စိုးရိမ် ထိတ်လန့် မှု ဖြစ်ရပါတယ်။
တချို့ဆိုရင် လွန်ခဲ့တဲ့နှစ်တွေက တိုက် ပွဲဖြစ်တဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေ အွန်လိုင်းပေါ် တင်ပြီး ပြည်သူတွေ ထိတ်လန့်အောင် လုပ် တာရှိသလို တချို့ဆိုရင်လည်း ဘယ်ဒေ သ မှာ ဝင်တိုက်တော့မယ်ဆိုတဲ့အတွက် သ တိ ထား ကြဖို့ဆိုပြီး အွန်လိုင်းပေါ်မှာ တင် လေ့ ရှိပါတယ်။
တချို့လည်း သတင်းတု၊ သတင်းမှား တွေကို မယုံကြည်ကြဖို့နဲ့လက်ရှိ ဖြစ်နေ တဲ့ အခြေအနေမှန်တွေကို စေတနာအမှန်နဲ့ အွန်လိုင်းပေါ်မှာ ရေးသားကြတာတွေ လည်း ရှိပါတယ်။ အထူးသဖြင့် လက်တ လော တိုက်ပွဲဖြစ်ရာဒေသ ရှမ်းမြောက်ရဲ့ အ ခြေ အနေဆိုရင် အချိန်နဲ့ တစ်ပြေးညီ သိ ရှိ ရသလောက် အွန်လိုင်းပေါ်မှာ သတင်း အမှန် တင်ပေးနေတဲ့သူတွေလည်း ရှိနေ ပါတယ်။
မည်သို့ပင်ဖြစ်စေ သည်လို သတင်း မှား တွေ ထုတ်လွှင့်တာဟာ တခြားနိုင်ငံ တွေမှာလည်း ကြုံတွေ့ရလေ့ရှိပေမဲ့ မြန်မာ နိုင်ငံလို သတင်းလွတ်လပ်မှု ရရှိ ခါစ၊ ဆိုရှယ်မီဒီယာ သုံးစွဲမှု ဖွံ့ဖြိုးစ နိုင်ငံ အ တွက်တော့ ပြည်သူအများစုရဲ့ အ သိ ဉာဏ် က တခြားနိုင်ငံတွေထက် နောက်ကျနေ သေး တာကြောင့် ဆိုးကျိုးကိုသာ ပိုများစေ တယ် လို့လည်း အချို့က သုံးသပ်ကြ ပါ တယ်။
ပုလဲ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “လူမှု ကွန်ရက်ကို အသုံးချတဲ့အခါမှာ တချို့ လဲ အရမ်းကောင်းတာတွေ ရှိပါတယ်၊အချိန်နဲ့ တစ်ပြေးညီ သိရှိရတဲ့အတွက်၊တချို့ကျ တော့လဲ ကိုယ့်ရဲ့ စိတ်ခံစားချက်အတိုင်း ထင်ရာမြင်ရာတွေ လျှောက်ရေးတဲ့အခါ ကျတော့ သက်ရောက်မှုတွေက မကောင်း တဲ့ဘက်ကို ရောက်သွားတာတွေလဲ ရှိတာ ပေါ့” လို့ ပြောပါတယ်။
ဘာကြောင့်လဲ
သည်လို သတင်းမှားတွေ သတင်းတု တွေ ထုတ်လွှင့်နိုင်တာ၊ ပြည်သူအချို့က သည်အတုတွေအပေါ် ယုံကြည်လာကြ တာဟာ အစိုးရရဲ့ ဆောင်ရွက်ချက်အား နည်းမှုကလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင် နေပါတယ်။
အထူးသဖြင့် အစိုးရတာဝန်ရှိသူတွေ အနေနဲ့ သတင်းကို အချိန်မီ မထုတ်ပြန် နိုင် တာ၊ ဌာနတွေမှာ ပြောရေးဆိုခွင့်ပေးထား သူတွေကို တရားဝင်သတင်းဌာနတွေက ဆက်သွယ်ရခက်ခဲတာ စတဲ့အချက်တွေ ကြောင့်ဖြစ်တယ်လို့ မင်္ဂလာဒုံမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက သုံးသပ် ပြော ဆိုပါ တယ်။
တခြားနိုင်ငံတွေမှာတော့ ပြဿနာ တစ်စုံတစ်ရာဖြစ်ရင် အစိုးရက တရားဝင် သတင်းထုတ်ပြန်ဖို့ မြန်မာနိုင်ငံလိုပဲ အ စည်း အဝေး ထိုင်ရတာကြောင့် သတင်း ထုတ် ပြန်တာ နောက်ကျနိုင်ပေမဲ့ ပြောရေး ဆိုခွင့်ရှိသူတွေကတော့ အချိန်နဲ့တစ်ပြေး ညီ သူတို့ ဆောင်ရွက်ချက်တွေ၊ သိရှိထား တဲ့ ဟာ တွေကို ထုတ်ပြန်လေ့ ရှိတယ်လို့ သိရ ပါ တယ်။
ဦးအောင်လှိုင်ဝင်းက “ အစိုးရသစ် တက်ခါစက ပေးထားတယ်၊ ပြောရေးဆို ခွင့်ပုဂ္ဂိုလ်တွေ၊ ဒါပေမဲ့ သူတို့ကို ဖုန်း ဆက် တဲ့ အခါမှာ ကျွန်တော်တို့ ကိုယ်တိုင်လဲ ဆက်ဖူးတယ်၊ ဖုန်းမကိုင်တာတို့၊ ကျွန် တော်တို့ မသိသေးဘူးတို့၊ လူကြီးမရှိ ဘူး တို့ အဲဒီလိုမျိုးတွေလဲ ကြုံနေရ တယ်၊ အဲဒါ ကြောင့်လဲ ထိတ်လန့်မှု တွေဖြစ်တာပေါ့ ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံရှိ အစိုးရ ဌာနအများစုက သတင်းထုတ်ပြန်မှု နောက် ကျတာတွေ ရှိနေဆဲဖြစ်သလိုတချို့ ဝန်ကြီး ဌာနတွေရဲ့ ဝက်ဘ်ဆိုက် တွေဆို ရင် Up-date မဖြစ်တော့တဲ့အခြေ အနေ အထိ ရှိနေ တာတွေလည်း တွေ့နေရတယ်လို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက် သွယ် ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦး အောင် နိုင်ဦးက ထောက်ပြ ပြောဆို ဖူး ပါတယ်။
သည့်အတွက် ပြည်သူအများစုဟာ ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့လာတဲ့ အခါ တရားဝင်သတင်းတွေက အကြောင်း အမျိုးမျိုးကြောင့် အချိန်နဲ့ တစ်ပြေးညီ တင် ပြ နိုင်ခြင်းမရှိတာပဲဖြစ်ဖြစ် အစိုးရရဲ့ ထုတ် ပြန်ချက် မသိရှိနိုင်တာပဲဖြစ်ဖြစ် ကြုံရတဲ့ အခါ အွန်လိုင်းပေါ်က သတင်းတု၊သတင်း အမှားတွေကို ယုံကြည်လာကြကာ စိုးရိမ် မှု တွေ ထိတ်လန့်မှုတွေ ဖြစ်ကြရတာ ဖြစ် ပါတယ်။
နောက်တစ်ခုကတော့ တခြားနိုင်ငံ တွေမှာ သည်လို သတင်းတု သတင်းမှား တွေကို ချင့်ချိန်ပြီးမှ ယုံကြတဲ့သူတွေ များ ပေမဲ့ မြန်မာနိုင်ငံမှာတော့ သည်လိုချင့်ချိန် ပြီးမှ ယုံကြည်တဲ့သူတွေက နည်းနေဆဲ ဖြစ် တယ်လို့လည်း ဦးအောင်လှိုင်ဝင်း က ထောက် ပြပြောဆိုပါတယ်။
လားရှိုးမြို့မှာ တာဝန်ထမ်းဆောင် နေ တဲ့ မူလတန်းပြဆရာမ ဒေါ်ကေသီ က “ အခု တိုက်ပွဲတွေဖြစ်တော့ လိုင်းပေါ်တော့ သ တင်း က တက်နေတာပဲ၊ အမျိုးမျိုးပဲ၊ ဘယ် နေရာ တိုက်နေပြီတို့ အစုံပဲ၊ကိုယ်နဲ့လဲ နီး တော့ အဲဒီလိုတွေမြင်တော့ ကြောက်မိ တာ တော့ အမှန်ပဲ၊ မဟုတ်တာ ဟုတ်တာ နောက် ထား” လို့ ပြောပါတယ်။
ဘယ်လိုထိန်းချုပ်မလဲ
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော် ကတော့ သည်လို ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အများပြည်သူတွေကို ထိတ် လန့်စေအောင် မမှန်မကန်ပြုလုပ်တဲ့သူ ဒါမှမဟုတ် အဖွဲ့အစည်းကို ဖော်ထုတ် နိုင် ရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ မှာပါ တဲ့ အချက်တွေနဲ့ အကျုံးဝင်တယ်လို့ ဆို ထားပါတယ်။
ရှေ့နေဦးခင်မောင်ဇော်က“ ၆၆ မှာ လူတစ်ယောက်ရဲ့ သိက္ခာကို လျော့ပါး အောင် လုပ်တာတို့ ဘာတို့တင် မဟုတ် ဘူး၊ အင်တာနက်ကို အသုံးချပြီးတော့ စိုးရိမ် ထိတ်လန့်မှုဖြစ်အောင် လူတွေ အပေါ် ခြောက်လန့်တာ အကုန်လုံးက ဆက် သွယ် ရေးဥပဒေနဲ့ အကျုံးဝင်တာပါ ပဲ၊ ၆၆ မှာ လေ”လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအ ထား အရ cyber မှုခင်းတွေအပါအဝင် ဆိုရှယ် မီဒီယာအသုံးပြုမှုနဲ့ပတ်သက်တဲ့ ကိစ္စရပ် တွေကို အရေးယူမှုလုပ်ဆောင်နိုင်တာ က ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ် ရေးဥပဒေနဲ့ ၁၉၉၆ ခုနှစ်မှာ ပြဋ္ဌာန်း ထား တဲ့ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေး ဥပဒေတို့ ဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၅၊ ၇၆ မှာဆိုရင်လည်း နိုင်ငံတော်လုံခြုံရေးနဲ့ တ ရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ ဝန် ကြီးဌာနက ဝန်ဆောင်မှုပေးနေတဲ့ operator တွေကို တရားဥပဒေနဲ့ အညီ ဝင် ရောက် စစ်ဆေးခွင့်ရှိပါတယ်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ အရ ဆိုရင်လည်း အစိုးရအနေနဲ့ မြန်မာနိုင်ငံ က operator တွေကို တရားဥပဒေနှင့် အညီ Lawful Interception ပြုလုပ် ဖို့ အတွက် စေခိုင်းနိုင်ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သတင်း လက် ဦး မှု ရရှိဖို့ မဖြစ်မနေ လိုအပ် တယ်လို့ သိရပါတယ်။
ဦးခင်မောင်ဇော်ကတော့ သတင်း တု၊ သတင်း မှား တွေကို အွန်လိုင်းပေါ်မှာ တင် ကြ တာနဲ့ ပတ်သက်ပြီး ပြည်သူလူ ထု အ ချင်း ချင်းပဲ ထိန်းသွားရင်ပိုပြီးတော့ ဒီ ကိစ္စ ကကောင်းသွားမှာပါ”လို့ သုံးသပ် ပြော ဆို ပါတယ်။
မီဒီယာကောင်စီ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေနဲ့ကတော့ သတင်းအတု/အယောင် များ၊ သတင်းမှားများနဲ့သတင်းခိုး ကူး နေတဲ့ အွန်လိုင်းဝက်ဘ်ဆိုက်များ၊ ဆိုရှယ် မီဒီယာပေ့ခ်ျများကို အများပြည်သူတွေ သိ ရှိ အောင် ဒုတိယအကြိမ် အထိ ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။
ပထမတစ်ကြိမ် ထုတ်ပြန်တုန်းက တရားဝင် သတင်းပေ့ခ်ျမဟုတ်တာ ၃၁ ခု ကိုထုတ်ပြန်ထားပြီး ဒုတိယအကြိမ်မှာ တော့ ၄၈ ခု ထုတ်ပြန်ထားတာကြောင့် စုစုပေါင်း ၇၉ ခု အထိရှိပြီဖြစ်ပါတယ်။
သတင်းမီဒီယာကောင်စီအနေနဲ့ အခု လို ဆောင်ရွက်ရတာကလည်း ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ပြန်ကြားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမမှာ ကျင်းပခဲ့တဲ့“ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တတိယအကြိမ် မဏ္ဍိုင် လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲမှာ သဘောတူညီချက် (၁၃) ချက်မှ အမှတ်စဉ် (၁၀) မှာ သတင်း အတု/ အယောင်တွေ၊ သတင်းမှားတွေ ရေးသား ဖြန့်ဖြူးနေမှုတွေနဲ့ ပတ်သက်၍ သတင်း မီဒီ ယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း တွေ ကဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေ သွားရန်”လို့ ပါရှိတဲ့ အ တွက်ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လည်း ထုတ်ပြန်သွားမယ်လို့ သိရပါ တယ်။
Credit - Kumudra


No comments:

Post a Comment