Wednesday, June 5, 2019

Facebook Account များခိုးယူ၍ ငွေလိမ်လည်ချေးငှားခြင်း ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်းများနှင့်ပတ်သက်၍နီးစပ်ရာရဲစခန်းသို့အသိပေးတိုင်ကြားရန် ပြည်ထဲရေးထုတ်ပြန်

Facebook Account များခိုးယူ၍ ငွေလိမ်လည်ချေးငှားခြင်း ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်းများနှင့် အခြားပြဿနာများဖြစ်ပေါ်လာပါက နီးစပ်ရာရဲစခန်းသို့ အသိပေးတိုင်ကြားခြင်း မှုခင်းရဲတပ်ဖွဲ့သို့ ဆက်သွယ်၍အချက်အလက်များပေးပို့ခြင်းများ ဆောင်ရွက်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ထို့အတူ ခိုးယူ ခံရသည့် Account များ၏ ယခင်အသုံးပြုခဲ့သော Email ၊ Username ၊ Password များမှတ်မိပါက မှုခင်း ရဲတပ်ဖွဲ့မှ Account များအား ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်း၊ မိမိ Account ၏ အခြေခံအချက်အလက်များမမှတ်မိပါက အဆိုပါ Account အား Facebook Team သို့ အကြောင်း ကြား၍ပယ်ဖျက်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
FacebookTeam အနေဖြင့်လည်း ထိုသို့သော ငွေလိမ်လည်မှုများနှင့် အခြားကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူလူထုထံ အသိပေးအကြောင်းကြားချက်တစ်ရပ်ကိုပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

Credit - Myanmar Celes Media




No comments:

Post a Comment