ထိုင်းစစ်တပ်ကို လိုလားတဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဒီမိုကရက်ပါတီက ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ ပါတီခေါင်းဆောင်ဟောင်း အဘီဆစ် ဝေ့ချာချီဝက လွှတ်တော်အမတ် အဖြစ်က နုတ်ထွက်တယ်လို့ ဇွန်လ ၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
“ဒီမိုကရက်ပါတီဟာ ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် လိုလားတဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်းဖို့ ဆုံးဖြတ်တယ်။ ဒီမိုကရက်ပါတီရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမယ့် အခုထိ ဆန့်ကျင်ဆဲဖြစ်တယ်” လို့ ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်သူ အဘီဆစ်က ပြောပါတယ်။
အဘီဆစ် နုတ်ထွက်တယ်လို့ ကြေညာတဲ့ TOT ကုမ္ပဏီ ဌာနချုပ်မှာပဲ ဝန်ကြီးချုပ်သစ်ကို ရွေးမယ့် ရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ ၂၀၁၄ ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရဝန်ကြီးချုပ် ပရာယွတ်ကို ရွေးမလား၊ တက်သစ်စ အတိုက်အခံ ခေါင်းဆောင်ကို ရွေးမလား စောင့်ကြည့်ရမှာပါ။
စစ်ဘက်ခေါင်းဆောင် ပရာယွတ် ၅ နှစ်ကြာ အုပ်ချုပ်ပြီးနောက်မှာတော့ ဒီရွေးကောက်ပွဲကနေ အရပ်သားအစိုးရကို တရားဝင် အာဏာပြန်လွှဲပေးမှာ ဖြစ်ပါတယ်။
No comments:
Post a Comment