The Voice Journal – Non-Profit Management ငွေကြေးအကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း စီမံခန့်ခွဲမှုနဲ့ For-Profit Management ငွေကြေးအကျိုးအမြတ်ယူတဲ့အဖွဲ့အစည်း စီမံခန့်ခွဲမှုအကြား ကွာခြားချက် ဘယ်လိုရှိပါသလဲဆရာ။
DATT- Non-Profit နဲ့ For-Profit မှာ အရေးကြီးတာကတော့ စေ့ဆော်ချက်ပေါ့နော်။ Institution အဖွဲ့ကြီးတစ်ခုအနေနဲ့ ဦးတည်ချက် Purpose က ဘာလဲ။ Profit နဲ့ Non-Profit ငွေကြေး အကျိုး အမြတ်ယူမှာလား၊ မယူဘူးလား ဦးတည်ချက် မတူပေမယ့် တချို့တွေထင်တာက Non-Profit ဆိုရင် လျော့တိလျော့ရဲ လုပ်လို့ရတယ်၊ For-Profit ကတော့ စနစ်တကျလုပ်ရမယ် ဘာညာဆိုတာမျိုး အဲဒီလိုအယူအဆရှိနေတာကိုး။ for-Profit မှာတော့ ဆရာတို့ အမြတ်ကို တစ်ဖက်ကလုပ်နေပေမယ့် Social Responsibility လူမှုရေးတာဝန်ကျေအောင်လုပ်တာတွေလည်း ရှိလာတယ်။ ပြီးတော့မှ ဟိုဘက်က Non – Profit သမားတွေကလည်း Non – Profit ကြီးပဲလုပ်ရင် ရေရှည်မတည်တံ့တော့ဘူး။ မဖြစ်နိုင်တဲ့အခါကျတော့ Sustainability ကို ကိုးစားရတဲ့အခါကျတော့ သူတို့ဘာကိုစဉ်းစားလာပြီးလဲဆိုတော့ Revenue Generation ဝင်ငွေ ရရှိရေးကိုစဉ်းစားလာပြီ။ အဲဒီတော့ အမြတ်တော့ မဟုတ်ပေမယ့် Revenue ကိုသူတို့လက်ခံလာတဲ့ အနေအထားပေါ့။ အဲဒီတော့ ဆရာကတော့ (For-Profit နဲ့ Non-Profit စီမံခန့်ခွဲမှုတို့ဟာ) Convergent (တစ်ခုနဲ့တစ်ခုစုဆုံလာတယ်) လို့ ထင်တယ်။ ဖြစ်နေရင်တော့ အရင်လို Type အမျိုးအစား နှစ်ခုကသီးခြားရပ်တည်တဲ့ Non-Profit ကသက်သက်၊ For-Profit ကသက်သက်ဆိုတဲ့ အဲဒီလိုအခြေအနေမဟုတ်တော့ဘဲ ဘုံတူညီတာတွေ ရှိလာတယ်။ Institution နှစ်ခုလုံးမှာ လိုအပ်တာကဘာလဲ။ Strong Management ပေါ့နော်။ စီမံခန့်ခွဲမှု ကောင်းဖို့လိုတယ်။ အဓိကကတော့ Institution ရဲ့ဦးတည်ချက်သာကွဲတာ အားလုံးကတူတူပဲလေ။
နောက်တစ်ခုကဒီ People Management ပေါ့လေ။ ဝန်ထမ်းတွေကို ထိန်းသိမ်းကာကွယ်ရတဲ့ပုံစံက Non-Profit မှာရော For-Profit မှာရောအတူတူပဲ။ ဘာကြောင့်လဲဆိုတော့ လူတွေအားလုံးက Professional ဖြစ်လာပြီ။ အရင်တုန်းကတော့ ဆရာတို့ မြန်မာပြည်မှာရှိနေတဲ့ ဥပမာ ဆွမ်းကြီးလောင်းအသင်းတို့ ဘာညာမှာကျတော့ ဒါတွေက Voluntary (လုပ်အားပေး) လေ။ Voluntary Non-Profit က တစ်ဖက်ကရှိသလို အခုဒီဘက်ပိုင်းမှာ အခုနိုင်ငံတကာ NGO (Non-Governmental Organizations) တွေကျတော့ လုပ်အားပေးသဘာဝမဟုတ်တော့ဘဲ Non-Profit ဆိုပေမယ့် Professional (အသက်မွေးပညာသည်) ဖြစ်လာတာရှိလာတယ်။ Save the Children တို့ဘာတို့ဆိုတဲ့ NGO တွေအားလုံးဟာ Non-Profit ဆိုပေမယ့် ဝန်ထမ်းတွေအားလုံးဟာ Professional ဖြစ်လာတယ်။ အရင်လို Voluntary ပုံစံနဲ့ လှုပ်ရှားလို့မရဘူးဆိုတာ သိလာတဲ့အတွက် တဖြည်းဖြည်း သူက Non-Profit ဆိုပေမယ့် စီမံအုပ်ချုပ်ရတဲ့ဟာက For-Profit ပုံစံ ဖြစ်လာတယ်။ ဒါဒီဘက်က။ ဒီဘက်ကလည်း Profit လုပ်တဲ့ဟာကလည်း Social Responsibility “လူ့အဖွဲ့အစည်းကို ကြည့်ရတဲ့ အနေအထား” ရှိတော့ ဒီဘက်ကလည်း ရွေ့လာတဲ့ အနေအထားရှိတာကို ဆရာတို့ တွေ့ရတာပေါ့။ ဆရာပြောချင်တာတော့ Convergent သီအိုရီပေါ့။ သီးခြားခွဲတာမဟုတ်တော့ဘူးလို့ ပြောချင်တာပါ။
The Voice Journal – အဖွဲ့ဝင်တွေ စိတ်ဓာတ်တက်ကြွအောင် လုပ်ဖို့အတွက်ကကော။ Non-Profit နဲ့ For-Profit မှာ ဘယ်ဟာမှာ ပိုပြီးတော့ စိတ်အားထက်သန်မလဲ။ ဦးဆောင်ရတဲ့သူမှာရော ခံစားမှုမျိုး ကွာမလား။
DATT – Management (စီမံခန့်ခွဲတဲ့အပိုင်း) နဲ့ Staff (ဝန်ထမ်းအပိုင်း) ပေါ့နော်။ Motivation (စိတ်အားထက်သန်မှု) ပေါ့။ ဒီကိစ္စကမှာလည်း ခုနကပြဿနာပေါ့။ Voluntary (လုပ်အားပေး) ဟုတ် မဟုတ်ပြဿနာပေါ့။ ဆရာတို့ စာဖတ်အသင်းတို့၊ ဆွမ်းလောင်းအသင်းတို့မှာကျတော့ Non-Profit၊ ပြီးတော့ Non-Professional ဖြစ်ရင် သူတို့ရဲ့ Motivation က ဘယ်ကလာလဲဆိုရင် အထဲကလာတဲ့ Motivation (စိတ်အားထက်သန်မှု) လေ။ အထဲကလာတဲ့ Motivation က ကုသိုလ်ရချင်လို့ ဘာညာဆိုတဲ့ Motivation ။ အခုတော်တော်များများ Non-Profit တွေမှာ Voluntary မဟုတ်တော့ဘဲနဲ့ Professional ဖြစ်လာတဲ့အခါကျတော့ သူတို့ကို Profit-Oriented အဖွဲ့အစည်းတွေအတိုင်းမပေးရင် သူတို့လည်း မလုပ်တော့ဘူး။ Management အနေနဲ့စဉ်းစားရင် Incentive မက်လုံးကလည်း Non-Profit မှာပေးရတဲ့ Incentive နဲ့ For-Profit မှာပေးရတဲ့ Incentive မက်လုံးက အတူတူ ဖြစ်သွားတယ်။ ပိုပြီးအရေးကြီးတာ ဆရာတို့ဖြစ်ပုံက Non-Profit ရဲ့ Financing (ဘဏ္ဍာငွေဖြည့်တင်းမှု)ပေါ့နော်။ Funding ဘဏ္ဍာငွေကဘယ်ကရလဲဆိုရင် လှူတဲ့သူဆီကရတယ်။ လှူတဲ့သူဆီကရတော့ Management က လှူတဲ့သူတွေရဲ့ငွေတွေကို ထိန်းသိမ်းရမှာ သူ့တာဝန်ဖြစ်တယ်။ For-Profit အဖွဲ့အစည်းမှာကျတော့ ပိုင်ရှင်က ကိုယ်တိုင်ထိန်းသိမ်းတော့ သူ့ Self-Interest (ကိုယ်ကျိုးစီးပွား) ရှိတယ်လေ။ အဲဒီဟာတော့ နည်းနည်းလေးကွာ သွားတာပေါ့။ ဘာကြောင့်လဲဆို ပိုင်ရှင်လုပ်တဲ့သူက သူ့ Self-Interest (ကိုယ်ကျိုးစီးပွား) ရှိတော့ သူကတော့ပိုပြီးတော့ ဂရုစိုက်တယ်။ ဒီဘက်ကျတော့ Non-Profit က ပိုပြီးတောင် သူ့မှာ တာဝန်ပိသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူစောင့်ရှောက်ရတဲ့ငွေတွေက သူလည်းမပိုင်ဘူး။ အများပိုင်ဆိုပါတော့ အရင်တုန်းက နှစ်ပြားတန်ဆောင်း (ရွှေတိဂုံကုန်းတော်ရှိ)။ နှစ်ပြားစီစုပြီးလုပ်တဲ့အခါကျတော့ သူ့မှာပိုပြီး ဆရာ့စိတ်ထင် ဝန်ပိုပိတယ်လို့ အောက်မေ့တာပေါ့။ Motivation အနေနဲ့ကလည်း အရင်တုန်းကတော့ ဆရာတို့နားလည်တာ Non-Profit သမားရဲ့ Motivation က တကယ့်ကို Value System (သူတန်ဖိုးထားတဲ့အရာ) ကိုအခြေခံတဲ့ Motivation ။ ပြီးတော့မှ ဒီဘက်က Profit သမားက အမြတ်ရရင်ပြီးရော၊ Bonus ရရင်ပြီးရော၊ လခရရင်ပြီးရောဆိုတဲ့ အယူအဆရှိချင်တယ်။ အခုတော့ အဲဒီအယူအဆကို နည်းနည်းလေးပြင်လာတယ်လို့ ဆရာတို့နားလည်လာတယ်။
The Voice Journal – အစိုးရကျတော့ကော ဘယ်အပိုင်းထဲမှာပါလဲဆရာ။ Non-Profit ထဲလား၊ For-Profit ထဲလား။
DATT – အစိုးရမှာလည်း အရင်တုန်းကတော့ Pure State- Owned Organizations (နိုင်ငံပိုင်သက်သက် အဖွဲ့အစည်း) ပေါ့နော်။ Pure State- Owned တွေမှာ အဓိကပြဿနာတွေက ဘာလဲဆိုတော့ Accountability (တာဝန်ယူမှု တာဝန်ခံမှု) ပေါ့။ Accountability ပြဿနာပေါ့။ Accountability ပြဿနာက သူတို့က Pure State-Owned ဆိုပေမယ့် State-Owned လို့ ပြောတဲ့အခါမှာလည်း နှစ်မျိုးရှိတာပေါ့။ Commercial body (စီးပွားရေးလုပ်ငန်း) တွေရယ်၊ Regulatory body (နယ်ပယ်တစ်ရပ်ရပ်ကို ဥပဒေဖြင့် ကြီးကြပ်သောအဖွဲ့အစည်း)။ အစိုးရဌာနတွေမှာ ဥပဒေကြီးကြပ်မှု ကာကွယ်စောင့်ရှောက်မှုအဖွဲ့ကြီးတွေရှိသလို အစိုးရဌာနတွေမှာ စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတွေရှိတယ်လေ။ အခုဒီဘက်ပိုင်းမှာ ဆရာတို့ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ဒီစီးပွားရေးလုပ်တဲ့ အစိုးရအဖွဲ့အစည်းတွေအားလုံး Commercialize (စီးပွားရေးဆန်ဆန်) နဲ့ လုပ်တဲ့အခါကျတော့ ဒီ Corporatization (စီးပွားရေးလုပ်ငန်းပုံစံပြင်ဆင်ဖွဲ့စည်းခြင်း) ပေါ့။ အဲဒီအခါကျတော့ Profit Motive (အကျိုးအမြတ် ရည်မှန်းချက်) ကို ဦးတည်သွားပြီလေ။ အဲဒီတော့ ဘာပဲကျန်မလဲဆိုတော့ ဆရာထင်တယ်။ အစိုးရအဖွဲ့အစည်းတွေမှာ Regulatory body ဥပဒေကို ကြီးကြပ်တဲ့လုပ်ငန်းတွေ လုပ်တဲ့အဖွဲ့အစည်းတွေပဲ တကယ့်ကို Pure အစိုးရလုပ်ငန်း စစ်စစ်ကျန်ခဲ့တော့မယ်လို့ ထင်တယ်။ အဲဒီအခါ သူတို့ရဲ့ Incentive Reward (မက်လုံး) ကတော့ ခုနလိုမဟုတ်တော့ဘူးလေ။ သူတို့က ဥပဒေလိုက်နာမှု Compliance Risk တွေ ဘာတွေပဲကြည့်တာ ဖြစ်တော့၊ သူတို့ကိုစဉ်းစားတဲ့ပုံစံ တစ်မျိုးဖြစ်တော့ ဟိုဘက်ကျတော့ သူတို့သည် အစိုးရအဖွဲ့ဖြစ်ပေမယ့် Commercial Line (စီးပွားရေးဘက်ခြမ်း) ဖြစ်တဲ့အတွက် ဆရာထင်တယ် စီးပွားရေးလုပ်ငန်းတွေအတိုင်း Incentive တွေပေးရတော့မယ်။ Reward တွေလည်းပေးရတော့မယ်လို့ ဆရာထင်တာပေါ့။
The Voice Journal – အခြေအနေကို မူတည်ပြီး လုပ်ရတော့မှာပေါ့။
DATT။ ။ ဟုတ်တယ်။ အစိုးရလုပ်ငန်းတွေမှာ Profit Motive ရှိတဲ့ လုပ်ငန်းတွေရှိလာပြီလေ။ စက်ရုံအလုပ်ရုံတွေ၊ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ အခု MPT တို့ဘာဆိုရင် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဖြစ်တယ်။ ပြီးတော့ Profit Motive တွေ ဖြစ်လာတာပေါ့။ အဲဒီလို MPT ဆိုတဲ့ ဥပမကိုယူလိုက်ရင် အစိုးရလည်း ရှယ်ယာပါတယ်။ နိုင်ငံတကာကလည်း ရှယ်ယာပါတယ်။ နောက်ပြီးတော့ Private (ပုဂ္ဂလိက) ရှယ်ယာပါတယ်ဆိုတော့ ဒီနေရာမှာ သူရဲ့ Ownership (ပိုင်ဆိုင်မှု) ပုံစံက ပြောင်းတဲ့အခါကျတော့ ရည်ရွယ်ချက်က တကယ်ကို စီးပွားရေးရည်ရွယ်ချက်ဖြစ်တယ်။ အရင်တုန်းကလို ဆက်သွယ်ရေးဝန်ကြီးဌာနကို တကယ်ကို Regulatory နဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ဟာပဲ ကြီးကြပ်ကာကွယ်တဲ့အခါကျတော့ သူတို့မှာ Profit Motive တွေ မရှိဘူး။ အဲဒီတော့ တချို့တွေကျတော့ ဘာဖြစ်လာလဲဆိုတော့ အစိုးရဝန်ထမ်းတွေမှာ Regulatory Body မှာလုပ်ရတဲ့သူနဲ့ Commercial Body မှာ လုပ်ရတဲ့ဝန်ထမ်းတွေကြားမှာ နည်းနည်းလေး စိတ်ဝမ်းကွဲတာတွေရှိနိုင်တယ်။ ဒီဘက်ကတော့ Incentive (မက်လုံး) အပြည့်နဲ့ လုပ်ရမှာလေ။ ဟိုဘက်ကျတော့ ရုံးဆင်းရုံးတက် မနက် ၉နာရီကနေ ၅နာရီပြီးရင် ပြီးသွားပြီ။ ဒီဘက်မှာကျတော့ စီးပွားရေး တွက်ခြေကိုက်အောင်လုပ်ရတဲ့အခါကျတော့ အင်အားလည်း ပိုစိုက်ရတယ်။ အင်အားပိုစိုက်တဲ့အတွက် ပြန်ရချက်ကလည်း ပိုများလိမ့်မယ်လို့ အောက်မေ့တာပေါ့။
The Voice Journal – နောက်ဆုံးမေးခွန်းပါဆရာ။ မြန်မာပြည်မှာ လက်ရှိအခြေအနေက Non-Profit management နဲ့ For-Profit management ကြားထဲမှာ ဘာတွေကွာဟနေသေးလဲ။ ပြည်ပမှာ ဖြစ်နေတဲ့ ရေစီးနဲ့ တူလား။ မတူဘူးလား။
DATT – ကွာဟနေတာက အဓိကကတော့ နှစ်ခုလုံးမှာ Management (စီမံခန့်ခွဲမှု) မရှိတာ။ သူတို့ ဖြစ်နေတာက ဘာလဲဆိုတော့ “Management သည် စနစ်တကျလုပ်ရမယ်” ဆိုတဲ့ အနေအထားမရှိဘဲနဲ့ အတွေ့အကြုံကို အခြေခံပြီး စီမံတာဖြစ်တယ်။ Non-Profit မှာကတော့ ဘာသာရေးအသင်းတွေ ဘာညာဆိုရင် အားလုံးက လူကြီးတွေလုပ်တာလေ။ လူကြီးတွေက ဘကိုအားကိုးနေလဲဆိုရင် သူတို့က သူတို့အတွေ့အကြုံ၊ သူတို့ရဲ့ သဘာပေါ့လေ။ အဲဒါ အားကိုးနေတဲ့အခါကျတော့ Scientific Management လို့ခေါ်တဲ့ “ပိုခေတ်မီတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးကို ဘယ်လိုလုပ်ရမလဲ၊ စနစ်တကျ စီမံခန့်ခွဲတယ်ဆိုတာဘာလဲ” ဆိုတာ သူတို့ ဃဂနဏ လေ့လာထားတာ၊ သင်ယူထားတာမရှိဘူး။ ဒါဒီဘက်က Non-Profit မှာ။
Profit မှာကျတော့လည်း တော်တော်များများက သူဌေးတွေလေ။ သူဌေးတွေဆိုတော့ တည်ထောင်သူတွေများတယ်လေ။ တည်ထောင်သူတွေများတော့ သူတို့ချမ်းသာထားတဲ့အပေါ်မှာ အခြေခံပြီး လုပ်တဲ့အခါကျတော့ အခုတဖြည်းဖြည်းနဲ့ နည်းနည်းသိသာလာတာကတော့ Private Sector (ပုဂ္ဂလိကကဏ္ဍ) မှာတော့ လုပ်ငန်းကြီးလာရင် အရင်လို One man show (တစ်ယောက်ထဲနဲ့) လုပ်လို့မရဘူးဆိုတာ သိသာလာတဲ့အတွက် ထူးခြားတဲ့တစ်ခုက Ownership (ပိုင်ရှင်)နဲ့ Management (စီမံခန့်ခွဲရေး) ကွဲလာတယ်။ အဓိက ပြောသမျှ အားလုံးမှာလေ အားလုံးခြုံလိုက်ရင် Ownership နဲ့ Management မကွဲနေသရွေ့ကတော့ ဆီးနဲ့ ဝမ်း မကွဲသလို ဖြစ်နေမှာ။ Owner ကလည်း မန်နေဂျာ၊ မန်နေဂျာကလည်း Owner ဖြစ်နေတာပေါ့။ Private Sector ( ပုဂ္ဂလိကကဏ္ဍ) မှာလေ။ အဲဒီမှာ တော်တော်များများ ခက်နေတယ်။ အဲဒါကြောင့်မို့လို့ ဆရာတို့တိုက်တွန်းနေတာကတော့ အများပိုင်ပဲ ဖြစ်ဖြစ်၊ Family Business (မိသားစုပိုင်လုပ်ငန်း) ပဲဖြစ်ဖြစ် တတ်နိုင်ရင်တော့ Ownership နဲ့ management ခွဲပေးပါ။ Management သည် Professional (အသက်မွေးပညာသည်) အလုပ်၊ Ownership ကတော့ သူဌေးတွေပေါ့။ ကုမ္ပဏီကြီးတွေဆိုရင် BOD (ဒါရိုက်တာအဖွဲ့) နဲ့ ထိန်းတယ်။ ကုမ္ပဏီသေးတွေဆိုတော့ မိသားစုဝိုင်းထိန်းပေးတာပေါ့။ အဲဒီလိုဆိုရင်တော့ ရလိမ့်မယ်လို့ အောက်မေ့တယ်။
The Voice Journal – ကျေးဇူးပါဆရာ။ နောက်တစ်ပတ်မှ တွေ့ပါမယ်။
No comments:
Post a Comment