Sunday, February 24, 2019

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတည်ထောင်သူ သူရဦးရွှေမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း


+++++++++++++++++++++++++++++++++++++++
""ဒီနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ လူထုခေါင်းဆောင်လည်းဖြစ်တယ်။ အာဏာရပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ နိုင်ငံရေးအတွေ့အကြုံ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးအနေနဲ့လည်းကောင်း၊ လူထုခေါင်းဆောင် တစ်ယောက်အနေနဲ့သော်လည်းကောင်း ကျွန်တော်ပါတီထူထောင်ဖို့ တင်ပြဆွေးနွေးခဲ့တာရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း ပါတီတစ်ရပ် ထူထောင်တဲ့ နေရာမှာ သတိပြုဆင်ခြင်ရမယ့် ကိစ္စတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေ ကျွန်တော့်ကို ပြောပြရှင်းပြပါတယ်""
+++++++++++++++++++++++++++++++++++++++


ယခင်တပ်မတော်အစိုးရလက်ထက်တွင် အကြီးအကဲတစ်ဦးဖြစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း လွှတ်တော် ဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ယူခဲ့ကာ ယခုအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လက်ထက်တွင်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူနေရသူ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်
ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ အလွန်ခင်မင်ရင်းနှီးသူဟူ၍ သတင်းကြီးနေသူ သူရဦးရွှေမန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က ပြည်သူ့ကောင်းကျိုးဆောင်ပါတီဟူသောအမည်ဖြင့် နိုင်ငံရေးပါတီတစ်ခုတည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အဆိုပြု တင်ပြခဲ့သည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အတွက် ပါတီတည်ထောင်သည်၊ မည်သည့်ပုံစံဖြင့် ရပ်တည်သွားမည်တို့နှင့်ပတ်သက်၍ ပါတီတည် ထောင်သူ သူရဦးရွှေမန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး- ပါတီတည်ထောင်ဖို့ ဥက္ကဋ္ဌကြီးအနေနဲ့ ဖေဖော်ဝါရီ ၅ ရက်က အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုပြုခဲ့တာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ တော်တော်များများလည်း ရှိပါတယ်ခင်ဗျ။ သူတို့စိတ်ဝင်စားတာတွေနဲ့ ပတ်သက်ပြီးတော့ တချို့သိလိုတာ လေးတွေကို ဥက္ကဋ္ဌကြီးကို မေးမြန်းသွားမှာဖြစ်ပါတယ်။ ပထမ ဦးဆုံးအနေနဲ့ နိုင်ငံရေးပါတီအသစ်တစ်ခု တည်ထောင်ဖြစ် လိုက်တာဟာ ဥက္ကဋ္ဌကြီးကို ဘယ်လိုစေ့ဆော်မှုတွေကများ စေ့ဆော်လို့ တည်ထောင်ဖြစ်လိုက်တာပါသလဲခင်ဗျ။

ဖြေ- အဓိက စေ့ဆော်မှုနှစ်ချက်ရှိပါတယ်။ နံပါတ် (၁)အချက်က ကျွန်တော် ပြည်သူများကို အခါ အားလျော်စွာ တင်ပြခဲ့တာရှိပါတယ်။ ဒါကဘာ လဲဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွား အတွက်ဆိုရင် အသက်ရှည်ကျန်းမာသရွေ့ မည် သည့်နေရာ၊ မည်သည့်တာဝန်က ထမ်းဆောင် ရပါစေ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားဆောင် ရွက်သွားပါ့မယ်ဆိုတဲ့ဟာကို ကျွန်တော် ပြည် သူများကို အခါအားလျော်စွာ တင်ပြခဲ့ပါတယ်။ အဲဒါ ကျွန်တော်ရဲ့ စစ်မှန်တဲ့ စေတနာဖြစ်ပါ တယ်။ နောက်တစ်ခုကတော့ ဒီကနေ့ ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စရပ်များ ဟာ ဒီနေ့အချိန်အခါ၊ ဒီနေ့အခြေအနေထက် ပိုမို သာလွန်ကောင်းမွန်တဲ့ ဖြစ်ရပ်များ ဖြစ်ပေါ် ဖို့အတွက် ကျွန်တော်တို့ ပါတီထူထောင်ပြီး ဆောင်ရွက်မယ်ဆိုလို့ရှိရင် နိုးနိုးကြားကြား တက် တက်ြွကြွက ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက် မယ်ဆိုလို့ရှိရင် ပိုပြီးတော့ သင့်လျော်တဲ့အချိန် ရောက်ပြီလို့ ယူဆတဲ့အတွက် ပါတီထူထောင်ရ ခြင်းဖြစ်ပါတယ်။

မေး- ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ ဥက္ကဋ္ဌကြီး အနေနဲ့ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ်လို့ တော်တော်များ များကလည်း ခန့်မှန်းထားပါတယ်။ အဲဒီတော့ ဒီပါတီတည် ထောင်တဲ့အခါမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းတည်ထောင်သွားမလဲ။ အဲဒီပါတီဖွဲ့စည်း တည်ထောင်မှုနဲ့ ပတ်သက်ပြီးတော့ ရေးဆွဲထားတာတွေရော ရှိပါသလား။

ဖြေ- ဟုတ်ကဲ့ခင်ဗျ။ ဒီပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီကို ကျွန်တော်ခေါင်းဆောင်ပြီးတော့ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျွန် တော်တို့အနေနဲ့ ဘယ်လိုပါတီမျိုး ဖွဲ့စည်းထူ ထောင်ရမလဲဆိုတာ စဉ်းစားပြီး ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ပါတီတစ်ရပ် ထူထောင်တဲ့နေရာ မှာ အဓိက အရေးကြီးတဲ့ ပါတီမူဝါဒများကိုလည်း အကြမ်းဖျင်း ရေးဆွဲပြီးဖြစ်ပါတယ်။ သို့ရာတွင် ပါတီဖွဲ့စည်းမှုနဲ့ ပါတီမူဝါဒ ရေးဆွဲမှုဟာ ပြည် သူများရဲ့ ဆန္ဒသဘောထားများရယူပြီး ဖြည့်ဆည်း ဆောင်ရွက်မယ်ဆိုရင် ပိုပြီးထိရောက် အကျိုး ရှိမယ်လို့ ယူဆတဲ့အတွက် ပြည်သူများရဲ့ အကြံ ပြုချက်၊ ဆန္ဒများကိုလည်း စောင့်ပြီးတဲ့အခါမှာ ကျွန်တော်လုပ်ရမယ့် ကိစ္စများကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး- ဥက္ကဋ္ဌကြီးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှာ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်ခင်ဗျ။ အဲဒီတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖွဲ့စည်း တည်ထောင်လိုက်တဲ့အခါမှာ အဲဒီပါတီက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ပြိုင်ဘက်ပါတီတစ်ခုအနေနဲ့ ဖြစ်လာ မှာလား။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီအပေါ်မှာ ဒီပါတီက ဘယ် လိုသဘောထားမှာလဲ။

ဖြေ- ဟုတ်ကဲ့။ ကျွန်တော် ယခင်တုန်းကလည်း မကြာခဏ ပြောဖူးပါတယ်။ နိုင်ငံရေးပါတီများ ဟာ ရန်သူမဟုတ်ကြဘူး။ ရန်ဘက် မဟုတ်ကြ ဘူး။ လုပ်ဖော်ကိုင်ဖက်များ ဖြစ်တယ်။ ဒါကြောင့် မို့လို့ အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် ညှိ နှိုင်းတိုင်ပင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အခြေခံသဘောအပေါ်မှာ မူတည် ပြီးတော့ ပါတီဟောင်းဖြစ်တဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးပါတီဟာ ကျွန်တော်တို့ရဲ့ ရန်သူမဟုတ် သလို၊ ရန်ဘက်လည်း မဟုတ်ဘူး။ အဲဒီနည်း တူပဲ ကျွန်တော်တို့နဲ့ နိုင်ငံ့အကျိုးဆောင်ရွက် မယ့် လုပ်ဖော်ကိုင်ဖက်လို သဘောထားပါတယ်။ အဲဒီနည်းတူပဲ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့ အစည်းမဆို ဒီလို သဘောထားပြီးတဲ့အခါမှာ နိုင်ငံ့ကောင်းကျိုးအတွက် ယှဉ်ပြိုင်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ခြုံငုံပြီး ကျွန်တော်ဒီလို ပဲဖြေချင်ပါတယ်။

မေး- ဥက္ကဋ္ဌကြီးအနေနဲ့ လက်ရှိအာဏာရပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးတယ် ဆိုတာ ကျွန်တော်တို့အားလုံး သိထားပါတယ်။ အခု ဒီပါတီ တည်ထောင်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစု ကြည်ကို အသိပေးခဲ့ပါသလား။ ဒေါ်အောင်ဆန်းစုကြည်ကရော ပါတီထူထောင်တာနဲ့ ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီးကို ဘာများ ပြောပါသလဲခင်ဗျ။

ဖြေ- ဟုတ်ကဲ့ခင်ဗျ။ ဒီနေ့ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဟာ လူထုခေါင်းဆောင်လည်း ဖြစ် တယ်။ အာဏာရပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်။ နိုင်ငံရေးအတွေ့အကြုံ အများကြီးရှိတယ်။ ဒါ ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးအနေနဲ့လည်းကောင်း၊ လူထုခေါင်းဆောင် တစ်ယောက်အနေနဲ့သော် လည်းကောင်း ကျွန်တော် ပါတီထူထောင်ဖို့ တင် ပြဆွေးနွေးခဲ့တာရှိပါတယ်။ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း ပါတီတစ်ရပ် ထူထောင် တဲ့နေရာမှာ သတိပြုဆင်ခြင်ရမယ့် ကိစ္စတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေ ကျွန်တော့် ကို ပြောပြ ရှင်းပြပါတယ်။ ဒါကြောင့်မို့လို့ ဦးကို ကိုမေးတဲ့ မေးခွန်းကို ကျွန်တော် ဒီလောက်ဖြေ မယ်ဆိုရင် ကျေနပ်မယ်လို့ ထင်ပါတယ်။

မေး- ဟုတ်ကဲ့ပါခင်ဗျ။ အဲဒီတော့ နောက်တစ်ခု ကျွန်တော်တို့ သိနေရတဲ့ အချက်ပေါ့လေ။ လူတွေပြောနေတဲ့ အချက်က ဒီပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မဟာမိတ်လုပ် မယ့်ပါတီလို့လည်း ပြောဆိုနေတဲ့ အသံတွေ ကျွန်တော်တို့ကြား ရပါတယ်။ အဲဒီတော့ အခုလို ဥက္ကဋ္ဌကြီးအနေနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တည်ထောင်တာနဲ့ ပတ်သက်ပြီးတော့ NLDနဲ့ ကြိုတင်သဘောတူထားတာများ ရှိပါသလား။
ဖြေ- ဒီနေရာမှာ ကျွန်တော် အများပြည်သူရှေ့ မှာရော၊ ကျွန်တော်ရဲ့ ကော်မရှင်အတွင်းမှာရော ကျွန်တော် အမြဲလိုပြောနေတဲ့ စကားရှိပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့မျက်နှာကြည့်၊ တိုင်း ပြည်မျက်နှာကြည့်၊ ပြည်သူ့အကျိုး တိုင်းပြည်အ ကျိုးကို အဓိကထား ဆောင်ရွက်မယ်။

လူတစ် ယောက်အတွက် မဟုတ်စေရဘူး။ အဖွဲ့အစည်း တစ်ခုအတွက် မဟုတ်စေရဘူး။ ဒါကြောင့်မို့လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖွဲ့စည်း ဆောင်ရွက်မှာက နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုး အတွက်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည် ထောင်စုကြီးရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဘယ် ပါတီနဲ့ပဲ မဟာမိတ်ပြုပြီးတော့ တခြားပါတီတွေ ကို မဟာမိတ်မလုပ်ဘူးဆိုတဲ့သဘော ကျွန်တော် တို့မှာ မရှိပါဘူး။ ဒါကို ကျွန်တော် ခြုံငုံပြောရ မယ်ဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုအကျိုး ကို ဖော်ဆောင်ပေးနိုင်တဲ့ ဒီမိုကရေစီပုံစံမျိုး၊ ပြည်ထောင်စုအကျိုးကို ဖော်ဆောင်ပေးနိုင်တဲ့ လူ့အခွင့်ဆိုင်ရာ ကိစ္စမျိုးများ လက်တွေ့ကျကျ ဆောင်ရွက်နေတဲ့ မည်သည့်ပါတီ၊ မည်သည့်အ ဖွဲ့အစည်းနဲ့မဆို ကျွန်တော်တို့ရဲ့ လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်လို့ သဘောထားပြီး ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

မေး- ဥက္ကဋ္ဌကြီးခင်ဗျ။ နောက်တစ်ခု စိတ်ဝင်စားတဲ့အချက် ကတော့ လက်ရှိတပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ဥက္ကဋ္ဌ ကြီးရဲ့ ဆက်ဆံရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။ နောက်တစ်ခုက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက တပ် မတော်အပေါ်မှာရော ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ- ဟုတ်ကဲ့။ ကျွန်တော်က တပ်မတော်မှာ နှစ် ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့တပ်မ တော် ခေါင်းဆောင်များကလည်း ကျွန်တော်နဲ့ တော်တော့်ကို ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ လုပ်ဖော်ကိုင် ဖက်များဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့နဲ့ဆက် ဆံရေးဟာ ပုံမှန်ဆက်ဆံရေးပဲရှိတယ်လို့ ကျွန် တော် ပြောချင်ပါတယ်။ ဒီနေရာမှာ ထူးထူးခြား ခြား တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထား လဲလို့ ဆိုတဲ့မေးခွန်းပါလာတယ်။ တပ်မတော် ကို ကျွန်တော်ချစ်ခင်တယ်။ တပ်မတော်ကို မြတ် နိုးတယ်။ ပြီးရင် ကျွန်တော်တို့ တပ်မတော်ကို ဟိုးယခင်ကတည်းက ကျွန်တော်တို့တပ်မတော် ထဲ ရှိစဉ်ကတည်းက အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတဲ့ မျိုးချစ်တပ်မ တော် ဖွဲ့စည်းတည်ထောင်နေတာကို ဆက်လက် ပြီးတော့ ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု အား ပေးရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ အသိ အမှတ်ပြု အားပေးရမှာ ဖြစ်သလို ကျွန်တော့် အနေနဲ့ ဒီနေ့တစ်ဆက်တည်း ကျွန်တော်ဆွေး နွေးပြောကြားလိုတဲ့ အချက်က တပ်မတော်တစ် ရပ်ဟာ နိုင်ငံတစ်ခုအတွက် အင်မတန်အရေး ကြီး အားထားရတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါ တယ်။ ဒါကြောင့် တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ ပြည်သူများရဲ့ သူ့ကဏ္ဍနဲ့သူ ကာ ကွယ်စောင့်ရှောက် မြှင့်တင်ရမှာဖြစ်သလို တပ်မ တော်ဟာ ဒီနေ့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် စိုးမှုနဲ့ နယ်မြေပိုင်ဆိုင်မှုကို အဓိကထား ကာ ကွယ်စောင့်ရှောက်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါ တယ်။

ဒါကြောင့်မို့လို့ တပ်မတော်အပေါ် အမြင် ကို မှန်မှန်ကန်ကန် ရှုမြင်ပြီးတော့ တပ်မတော်နဲ့ လူပုဂ္ဂိုလ် ခွဲခြားစဉ်းစား ဆောင်ရွက်ခြင်းဟာ ဒီ နေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအ ဝင် ရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စများ အများကြီး ပေါ်ထွက်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန် တော်တို့ ပြောဆိုဆက်ဆံ သုံးနှုန်းတဲ့နေရာမှာ သတိထားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီ ဟာသည်ပင်လျှင် ပြည်ထောင်စုကောင်းကျိုးအ တွက် အခုလို ကျွန်တော် ဆွေးနွေးခြင်း ဖြစ်ပါ တယ်။

(ဆက်လက်ဖော်ပြပါမည်။)

#Democracytoday

No comments:

Post a Comment