Sunday, February 24, 2019

ခိုင်တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားကြောင်းဖော်ပြသည့်အဆင့်လက်မှတ်ရေးထိုးမှု ၂၈ ခုရှိ ကန်ဒေါ်လာ လေးဘီလီယံကျော် မြှုပ်နှံမည်ဟု မျှော်မှန်း


ရခိုင် ပြည်နယ်တွင်ရင်းနှီးမြှုပ်နှံရန် စိတ် ဝင်စားကြောင်းဖော်ပြသည့် အဆင့် (EOI)လက်မှတ်ရေးထိုးမှု ၂၈ ခု ရှိပြီးကန်ဒေါ်လာ ၄ ဒသမ ၉၂၇ ဘီလီယံ မြှုပ်နှံလာမည်ဟုမျှော် မှန်းထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ငပလီကမ်းခြေ ရှိ Jasmine Ngapali Resort ဟိုတယ်တွင် ဖေဖော်ဝါရီ၂၂ ရက် ကပြုလုပ်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ ဒေသတွင်း လုပ်ငန်းရှင်များနှင့် ပြပွဲသို့တက် ရောက်ခဲ့သည့်ပြည်တွင်း၊ ပြည်ပ မှရင်းနှီးမြှုပ်နှံသူများ (B to B) ချိတ်ဆက်ကာရင်းနှီးမြှုပ်နှံမှု လုပ် ရန်စိတ်ဝင်စားကြောင်း ဖော်ပြ သည့်အဆင့် (Expression of Interest) လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရခိုင်ပြည်နယ်)မှ ညွှန်ကြားရေး မှူး ဒေါက်တာထူးမင်းသိန်းက ဖေ ဖော်ဝါရီ ၂၃ရက်တွင် ဒီမိုကရေ စီတူဒေးသို့ပြောသည်။

""ခုလောလောဆယ်မှာတော့ ရခိုင်ပြည်နယ်မှာဘယ်လုပ်ငန်း တွေကိုရင်းနှီးမြှုပ်နှံမှုလုပ်ဖို့စိတ် ဝင်စားတယ်။ သူတို့မျှော်မှန်း Invesment ကတော့ဘယ်လောက် ပမာဏရှိတယ်ဆိုတဲ့ စိတ်ဝင်စားမှု ကို ဖော်ပြတာလောက်ပဲရှိပါသေး တယ်။ အမှန်တကယ်ရင်းနှီး မြှုပ် နှံမှုဝင်ရောက်လာဖို့ အဆင့်တွေ အများကြီးဖြတ်ကျော်ရဦးမှာပေါ့။ ပြည်တွင်း ပြည်ပကရင်းနှီးမြှုပ်နှံ လိုတဲ့ ကုမ္ပဏီတွေနဲ့ ဒေသတွင်း ကုမ္ပဏီတွေအချင်းချင်းB to B) လက်မှတ်ရေးထိုးကြတာဖြစ်ပါ တယ်။ ဒီပြပွဲရဲ့အောင်မြင်မှုပါပဲ""ဟု၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိစိုက် ပျိုးရေး၊ မွေးမြူရေး၊ ဟိုတယ် ကဏ္ဍ နှင့်အိမ်ရာတည်ဆောက်ရေးကဏ္ဍ တို့တွင် ချိတ်ဆက်ဆောင်ရွက်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများနှင့် ဒေသတွင်း ကုမ္ပ ဏတို့ကြား(EOI) လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းကဲ့သို့ (EOI)လက်မှတ် ရေး ထိုးထားသည့်ကုမ္ပဏီများ အနေဖြင့် အမှန်တကယ်ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်နိုင်ရန်အတွက် ပရောဂျက်အဆိုပြုလွှာများကို အ သေးစိတ် ပြန်လည်ရေးဆွဲခြင်း၊ ရေးဆွဲထားသည့် ပရိုပိုဆယ်များ အားအစိုးရထံ ပြန်လည်တင်ပြခြင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့် ပြုမိန့်တင်ခြင်း စသည့်အသေး စိတ်အချက်အလက်များ ဆက် လက် ဆောင်ရွက်ရန်ကျန်ရှိသေး ကြောင်းသိရသည်။

EOI လက်မှတ်ရေးထိုးထား သော လုပ်ငန်းရှင်စိတ်ဝင်စား သည့် အလားအလာရှိသောလုပ် ငန်းများတွင် အမှန်တကယ်ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်ဆောင်ရွက် နိုင်ရန်ပြည်နယ်အစိုးရမှလိုအပ် သော အကူအညီများပံ့ပိုးပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု အားနည်းသည့် ဒေသစာရင်းတွင် ပါဝင်နေခြင်းကြောင့် ရခိုင်ပြည်နယ် အတွင်းရှိမြို့နယ်၁၇မြို့နယ် အတွင်း ဝင်ရောက်ရင်းနှီး မြှုပ်နှံသည့်လုပ် ငန်းကိုဝင်ငွေခွန် ကင်းလွတ်ခွင့် ခုနစ်နှစ်ပေးထားကြောင်း သိရ သည်။

အဆိုပါပြပွဲကိုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ၊ ဂျပန် ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း
( JETRO), Myanmar Survey Research ကုမ္ပဏီနှင့် ပုဂ္ဂလိက ကဏ္ဍမှကုမ္ပဏီများ ပံ့ပိုးမှုဖြင့် ဖေဖော်ဝါရီ၂၂ရက်ကပြုလုပ်ခဲ့ပြီး
ပြပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာအစိုးရအ ဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပမှလုပ်ငန်းရှင်များနှင့် အဖွဲ့ အစည်းများမှ စုစုပေါင်း၆၀ဝ ကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြပွဲတက်ရောက်သူများသည် ဖေဖော်ဝါရီ၂၃ရက်နှင့်၂၄ရက်တို့ တွင် ရခိုင်ပြည်နယ်အတွင်းကမ်း ခြေသစ်များရှိ ဟိုတယ်စီမံကိန်း၊ ရေထွက်ပစ္စည်း ထုတ်လုပ်မှုစက် ရုံများ၊ အိမ်ရာစီမံကိန်းများ၊ ပုစွန် မွေးမြူ ရေးလုပ်ငန်းနှင့် သဘာဝ အခြေပြု ခရီးသွားစီမံကိန်းများသို့ သွားရောက်လေ့လာကြမည်ဖြစ် ကြောင်းသိရသည်။

TTMT
#Democracytoday

No comments:

Post a Comment