Thursday, January 10, 2019

FB ပေါ်မှာဆဲဆိုနေတာလဲ လျစ်လျူ ရူပြီးကျနော်တို့တိုင်းရင်းသား အားလုံး လက်တွဲပီးရခိုင်ပြည်နယ်ကိုကာကွယ်ကြပါစို့ခင်ဗျာ။

အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလိုတော့ ဖြစ်လာပါပြီ။
ကျနော်တို့ရဲ့ မိသားစုတိုင်းရင်းသား ရခိုင် မျိုးနွယ်စုများခင်ဗျား....။
**********************************************
AA ဆိုတာ ဒီမိုကရေစီခေတ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ
သူကောင်းပြု ခံရချိန်ကျမှခါတော်မီ ထပေါ်တဲ့ လက်နက်ကိုင် သောင်းကျန်းသူပါ။
.
ဒါပေမဲ့ သူတို့ ကိုယ်သူတို့ ရခိုင် တပ်မတော် Arakan Army AA ဆိုပြီး
ရခိုင်လူမျိုးအားလုံးကိုဘဲ ကိုယ်စားပြုသယောင်ယောင် ဖွဲ့စည်းပြီး
ရခိုင်လူမျိး တို့ရဲ့လွတ်လပ်ရေး အတွက်တိုက်ပွဲဝင်မယ် ဆိုပါတယ် ။
.
ကျနော့် အဖိုးဟာ ရခိုင်အစစ်ပါ ။
.
ရခိုင်ပြည် ရခိုင်လူမျိုးတွေဟာ သမိုင်းအစဉ်အဆက် လွတ်မြောက်ပြီးသားပါ
ဘာကိုထပ်ပြီးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရအုန်းမှာလဲခင်ဗျာ ။
.
ညီအကိုတော် ရခိုင်အမျိုးသားများ သေချာစဉ်းစားကြည့်ကြပါ ။
.
ကျနော်တို့မြန်မာ တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ
ဒီနေ့အကြီးကျယ်ဆုံး အပူမီးဟာ ရခိုင်ပြည်နယ်ကို ဘင်္ဂလီတွေကျူးကျော်ပြီး ရခိုင်ပြည်ဆုံးရူံးမဲ့အရေးပါဘဲ။
.
တစ်ပြည်လုံးက ဝိုင်းပြီး
ရခိုင်ပြည်နယ် မကျဆုံးရေးအတွက်ကိုယ်တတ်နိုင်တဲ့ဘက်က
ကြိုးစားနေတဲ့အချိန်မှာ AA ဟာ
ကိုယ့် ရခိုင်လူမျိုးတွေ ဘက်က မကာကွယ်ဘဲနဲ့
ရခိုင်အမျိုးသားများ လုံခြုံရေးအတွက်တာဝန်ယူထားတဲ့ ရဲစခန်း လေးခုကို
ရက်ရက်စက်စက် ဝင်ပြီး အသေသတ်ဖြတ်တဲ့လုပ်ရပ်ကတော့
ကိုယ့်ရခိုင်လူမျိုးတွေအပေါ် မှာ အင်မတန်မှယုတ်မာတဲ့လုပ်ရပ်ပါဘဲခင်ဗျာ။
.
အဲဒီရဲစခန်းတွေဟာ ARSA တွေ ရခိုင် တွေကို မသတ်ဖြတ်နိုင်အောင်လို့
ကာကွယ်ပေးတဲ့တာဝန်ယူထားတဲ့ တိုင်းရင်းသားတွေပါ။
ချင်းလူမျိုးတွေ ဗမာလူမျိုးတွေ ကျဆုံးရပါတယ်။
.
ရခိုင်လူမျိုးဟာ ကိုယ့်အမျိုးကို ချစ်တဲ့စိတ် အင်မတန်ပြင်းထန်ပါတယ်။
ဒါဂုဏ်ယူစရာပါ။ ဘယ်ရခိုင်မှ ကုလားကို လက်မထပ်ပါဘူး။
.
အခု AA နေ့ချင်းညချင်း ကြီးထွားလာတာ
အဲဒီမျိုးချစ်စိတ်အခြေခံ နဲ့ ရခိုင်လူမျိုးတချို့  က
AA ရဲ့ရခိုင်ပြည်နယ်လွတ်မြောက်ရေးစကားကိုနားယောင်ပြီး
လူအားငွေအားပံ့ပိုးတာလို့ကျနော်ထင်ပါတယ်။
.
ကျနော်တို့နဲ့ မိတ်ဆွေ ရခိုင်လူမျိုးတို့ဘယ်တုန်းကများ ခိုက်ရန်ဖြစ်ဖူး ကြပါသလဲခင်ဗျာ။
နှစ်ရာထောင်ချီတဲ့မဟာမြတ်မုနိ ကိစ္စကတော့ ကျနော်တို့လဲ ဘယ်တတ်နိုင်ပါ့မလဲခင်ဗျာ။
ရခိုင်မိတ်ဆွေတို့ထက် ကျနော်တို့ တိုင်းရင်းသားတွေ ဘယ်နေရာမှာများပိုပြီးအခွင့်အရေး ယူခဲ့ဖူးပါသလဲခင်ဗျာ။
ရခိုင်လူမျိုးဟာတော်ပြီဆိုရင် အစွမ်းကုန်တော်ပါတယ်။ ပြီးတော့ ရခိုင်မှာမနေတော့ ပါဘူး။
သူတို့အရည်အချင်းနဲ့ တွက်ရင် အရမ်းနိမ့်တဲ့ ဒေသဖြစ်တော့
မြန်မာပြည်တောင်မက နိုင်ငံခြားသွားနေကြပါတယ်။
.
အဲလိုနဲ့တဖြည်းဖြည်း လူတော်ရခိုင်တွေ နည်းပါးလာပြီး
ဘင်္ဂလီတွေရဲ့ကျူးကျော်စော်ကားသတ်ဖြတ်မှူကို ခံနေကြ ရပါပြီ။
.ကျနော်တို့တိုင်းရင်းသား အားလုံးဟာ
တပ်မတော် အပါအဝင် ရခိုင်ပြည်နယ်
ရခိုင်လူမျိုးတွေအတွက် အသက်နဲ့ရင်းပြီး
ကာကွယ်ဖို့အဆင်သင့်ရှိနေတဲ့ အချိန်မှာ AA က
ကိုယ့်တိုင်းရင်းသားများအပေါ် ယုတ်မာချက်ကတော့ အင်မတန်ရင်နာစရာဖြစ်ပါတယ်။
.
အကယ်၍သာ
AA ဟာ ARSAကို၊
ဘင်္ဂလီသောင်းကျန်းသူတွေကို တိုက်ခိုက်ပေးခဲ့ရင်
ရခိုင်တစ်မျိုးသားလုံး AA ကိုထောက်ခံပါ။ ကျနော်လဲထောက်ခံပါ့မယ်။
.
ကျနော် ဒီနေရာကနေ ရခိုင် တိုင်းရင်းသားများကို အထူး တင်ပြချင်တာက
AA ရဲ့ လုပ်ရပ်ကို သေချာ ကြည့်ပြီးမှ
မိမိတို့ ရခိုင်ဘက်ကရပ်တည်သလား
ARSA ဘက်ကရပ်တည်သလားဆုံးဖြတ်ကြပါ
.
ရခိုင်နဲ့ကျနော်တို့တိုင်းရင်းသားများ
အကြားမှာ ဘာအမုန်းအာဃာတမှမရှိပါ။
.
AA ကို မထောက်ခံသော ရခိုင်လူမျိုး
များစွာရှိတယ်ဆိုတာလဲ သိပါတယ်။
လူအောက်တန်းစားတွေ FB ပေါ်မှာ
ဆဲဆိုနေတာလဲ လျစ်လျူ ရူပြီး
ကျနော်တို့တိုင်းရင်းသား အားလုံး လက်တွဲပီး
ရခိုင်ပြည်နယ်ကိုကာကွယ်ကြပါစို့ခင်ဗျာ။
.
Zay Soe

No comments:

Post a Comment