Monday, December 17, 2018

ကိုလှရွှေတို့၏အရှုပ်တော်ပုံ၊ဆေးရောင်စုံမြင်ကွင်းကျယ်ကို၊ဧဝံမေသုတံ၊ဤသို့ကြားသိရပါ၏။ ။

သို့

နိုင်ငံတော်သမ္မတ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ပည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
န့စွဲ၊ ၊

အကြောင်းအရာ။ ။ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် ရဲတပ်ဖွဲ့အတွင်းဖြစ်ပေါ်လျှက်ရှိသော၊အခြေအနေမှန်အား တင်ပြခြင်း
၁။ ကျွန်တော်တို့သည် ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး နိုင်ငံတော်နှင့်လူမျိုးအတွက် ကျရာကဏ္ဍမှ နေ၍ ကြိုးစားအားထုတ်မှုအပြည့်ဖြင့် မခိုမကပ်တာဝန်ထမ်းဆောင်နေသူများဖြစ်ကြပါသည်။တပ်ဖွဲ့ခေါင်းဆောင်အထက်အကြီးအကဲများအပေါ်၌အမြဲတစေရိုသေလေးစားပြီးသစ္စာရှိကြသူများဖြစ်ကြပါသည်။

၂။ သို့ပါသော်လည်း ခေါင်းဆောင်များမှ အဂတိတရားမကင်းခြင်း၊ လုပ်ကိုင်နိုင်စွမ်းမရှိခြင်း နှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခြင်းများကြောင့် လုပ်ငန်း/တပ်ဖွဲ့နှင့် လူပုဂ္ဂိုလ်တို့အပေါ် ယှဉ်တွဲ၍ သစ္စာတရားရှိမှုကို ချိန်ခွင်လျှာ စဉ်းစားရာ၌ အဖွဲ့အစည်းနှင့် အလုပ်အပေါ်တွင်သာ သစ္စာတရားကို အခြေခံ၍ နိမ့်ကျလာသော တပ်ဖွဲ့၏ ပုံရိပ်၊ ယိုယွင်းလာသော စီမံခန့်ခွဲမှုနှင့် ကျဆင်းလာသောလုပ်ငန်းစွမ်းရည်များကို အချိန်မှီပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် မည်သူတဦးတယောက်အပေါ်မျှ ပျက်ဆီးစေလိုသော စိတ်ဆန္ဒမပါရှိဘဲ ပြည်ထဲရေးနှင့် ရဲတပ်ဖွဲ့အတွင်း ဖြစ်ပျက်နေသော အဂတိလိုက်စားမှုများကို အောက်ပါခေါင်းစဉ်များအလိုက် ရေးသားတင်ပြအပ်ပါသည်။


၂၀၂၀ ခုနှစ်ရွေးကောက်ပွဲနှင့် ပြည်ထဲရေး၏အခင်းအကျင်း
၃။ ပြည်ထဲရေးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်၏ချုပ်ကိုင်မှု အောက်တွင်ရှိနေသော ဝန်ကြီးဋ္ဌာနတစ်ခုဖြစ်ပြီး အဆင့်ဆင့်သော စီမံခန့်ခွဲမှုများ၌ ဦးဆောင်အာဏာရယူထားသော ဝန်ကြီးဋ္ဌာနတစ်ခုဖြစ်ပါသည်။ ထိုအချက်သည် ဒီမိုကရေစီနိုင်ငံရေး၌ အရေးပါသော အကြောင်းအရာတစ်ခုဖြစ်ပြီး နိုင်ငံရေးကို လွတ်လပ်စွာ ပုံဖော်နိုင်သည့် အခွင့်အရေးကို ဟန့်တားနှောက်ယှက်စေပါသည်။

၎။ ယနေ့ပြည်ထဲရေးအခင်းအကျင်းသည် စစ်တပ်၏ ချုပ်ကိုင်မှုအောက်တွင်ရှိပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနကို အဓိကအသုံးချပြီး ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့မှ လိုအပ်သလိုစေခိုင်းနိုင်သူများအား တိုင်းနှင့်ပြည်နယ်များတွင် ခရိုင်အဆင့်လောက်ထိ နေရာပေးခန့်ထားလာကြပါသည်။ လက်ရှိဝန်ကြီးချုပ်များနှင့် အဆင်ပြေသူ၊ ၎င်းတို့၏မတရားသဖြင့်ပေးသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ငြင်းဆန်နိုင်သူတို့အား ပြောင်းရွှေ့နေရာချထားလာကြကြောင်း စတင်တွေ့ရှိလာရပါသည်။

ဥပမာအားဖြင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ စစ်တွေမြို့ မှ ရဲမှူးကြီးကြည်လင်း၊ မန္တလေးရဲအရာရှိ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးရဲမြင့်တို့ဖြစ်ပါသည်။
ရွးကောက်ပွဲကြိုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ၎င်းတို့၏ အမာခံများကို အသုံးချ၍ နည်းမျိုးစုံဖြင့် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်လာစေရန် ရည်ရွယ်ထားရှိကြောင်း တွေ့ရှိရပါသည်။

ပည်ထဲရေးဝန်ကြီးဋ္ဌာနအတွင်း အုပ်စုဖွဲ့လွှမ်းမိုးလာမှု
၅။ ထိုသို့နေရာချထားရာတွင် စစ်တပ်မှ ရဲတပ်ဖွဲ့သို့ပြောင်းရွှေ့လာသော စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိများကို အရေးကြီးသော အမိန့်ပေးနေရာများတွင် ခန့်ထားပြီး ရဲရာထူးခန့်ချုပ်မှာ DSA အမှတ်စဉ် (၂၇) ကျောင်းဆင်းအရာရှိ တစ်ဦးဖြစ်ပါသည်။

အဂတိလိုက်စား၍ရာထူးနေရာများပေးခြင်း
၆။ ရာထူးနေရာများပေးရာတွင်လည်း ကြီးစဉ်အတိုင်းမပေးဘဲ ၎င်းတို့၏ကျောင်းဆင်းများကိုသာ နေရာပေးလျှက်ရှိရာ.. ဥပမာအားဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းမင်းသိန်းမှာ DSA ကျောင်းဆင်းဖြစ်ပြီး ရဲလုပ်ငန်း တခုမှနားမလည်ပဲ ရဲတပ်ဖွဲ့သို့ စတင်ပြောင်းရွှေ့ စဉ်ကပင် သတင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့ တို့တွင်သာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါသည်။ ထို့အပြင် ဦးကိုနီလုပ်ကြံခံရမှုတွင် တရာခံပြေး (အောင်ဝင်းခိုင်)မှာ ထိုသူနှင့် တပတ်စဉ်ထဲဖြစ်ပြီး အခင်းမဖြစ်ခင် မိနစ်ပိုင်းအတွင်း ၎င်းတို့ ၂ ဦး တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

၇။ အလားတူ မန္တလေးတိုင်းဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်မှာလည်း DSA ကျောင်းဆင်းဖြစ်ပြီး သတင်းတပ်ဖွဲ့တွင်သာ တာဝန်ထမ်းဆောင်ခဲ့ဖူးကာ နယ်မြေရဲအတွေ့အကြုံမရှိသူတဦးဖြစ်သော်လည်း ရာထူးတာဝန်များ ပေးအပ်ထားလျှက်ရှိပါသည်။

၈။ စစ်တပ်မှ ပြောင်းရွှေ့လာသော အခြားကျောင်းဆင်းအရာရှိများ၊ ရဲအစစ်များအား ပဋိပက္ခအဖြစ်များနိုင်ပြီး အန္တရာယ်များသော (သို့) လုပ်ပိုင်ခွင့်မရှိသောနေရာများတွင် တာဝန်ပေးအပ်လျှက်ရှိပါသည်။ ဥပမာအားဖြင့် ရဲအခြေခံလေ့ကျင့်ရေးကျောင်း၊ ဝက်ထီးကန်မှ ရဲမှူးကြီးနေမျိုး၊ လှော်ကားရဲအကြပ်သင်တန်းကျောင်းမှ ရဲမှူးကြီးကိုကိုအောင်၊ မောင်းတောနယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးကြီးစိုးမြင့်ဦး၊ ရဲအကူတပ်ခွဲမှူး၊ ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးရွှေသန်းတို့ဖြစ်ပါသည်။

၎င်းနေရာများ၌ တာဝန်ထမ်းဆောင်နေသူများစာရင်းအား တောင်းယူကြည့်ရှုပါက သိရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဘာသာရပ်ကျွမ်းကျင်သူ၊ လုပ်ငန်းကျွမ်းကျင်သူများကို ပစ်ပယ်ထားပြီး ဘာမှမသိသည့် ၎င်းတို့အုပ်စု၏လက်အောက်တွင် နှိပ်ကွပ်ထားကြပါသည်။ ဥပမာအားဖြင့် မူးယစ်တပ်ဖွဲ့မှ ရဲမှူးကြီးဇော်လင်းထွန်းမှာ ၂၀၀၆ ခုနှစ်မှ ယနေ့ထိမူးယစ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။
၎င်းအရာရှိအား ရဲတပ်ရင်းကွပ်ကဲမှုအဖွဲ့ (စစ်တွေ) သို့ ပြောင်းရွှေ့စေခဲ့ပါသည်။ မလျော်မကန်အဂတိတရားလက်ကိုင်ထားပြီး ရာထူး/နေရာပေးမှုများကို ရဲတပ်ဖွဲ့၏ ကြီးစဉ်ဇယားအား တောင်းယူကြည့်ရှုပါက သိရှိနိုင်ပါသည်။ ထိုသို့နေရာ ရာထူးချထားမှုများကို ရဲရာထူးခန့်ချုပ်မှ ချုပ်ကိုင်ထားပြီး ၎င်းတို့နှင့်နီးစပ်သူများနှင့် ကျောင်းဆင်းများကိုသာ နေရာပေးခြင်းခံရသည့်အတွက် ကျန်တပ်ဖွဲ့ဝင်များမှ မည်မျှပင်လုပ်ငန်းတာဝန်ထူးချွန်ပြီးမြောက်စေကာမူ နှိမ့်ချခွဲခြားဆက်ဆံခံနေရသည့် အခြေအနေသို့ ရောက်ရှိနေကြပါသည်။
ထို့အပြင် စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ်က ပြစ်မှုရှိသူများကို ရာထူးပေးရာတွင် ရဲတပ်ဖွဲ့၌ ထည့်သွင်းစဉ်းစားခြင်းမပြုတော့ဟုဆိုသော်လည်း ၎င်းတို့၏အုပ်စုများကို မသိကျိုးကျွန်ပြုကာ ရာထူးနေရာများပေးထားကြပါသည်။

၎င်းတို့အထဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးရှိ ရဲမှူးချုပ်ဇော်ခင်အောင်မှာ စစ်တပ်၌ လုပ်သက် (၄) နှစ်လျှော့ချပြစ်ဒဏ်ခံထားရသူဖြစ်ပြီး၊ ကွပ်ကဲရေးမှူး၊ အမှတ်(၁)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ မန္တလေးရှိ ရဲမှူးချုပ်ဝင်းဘိုမှာစစ်တပ်၌ ဒုတပ်ရင်းမှူးဘဝတွင် ပြဿနာဖြစ်၍ လုပ်သက် (၃) နှစ် အပါအဝင် ရာထူးမှလျှော့ချခံထားရသူဖြစ်ပါသည်။

အလားတူနေရာပေးခြင်းခံထားရသူများစွာရှိပါသည်။ ဝန်ထမ်းများ ရာထူးတိုးမြှင့်ရာတွင် ဘုတ်အဖွဲ့ဖြင့် ရာထူး ရရက်၊ ရဲလုပ်သက်ကျွမ်းကျင်မှုတို့ဖြင့် ကြီးစဉ်စီ၍ ပေးရမည်ဖြစ်သော်လည်း ကြီးစဉ်သည်စာရွက်ပေါ်တွင်သာရှိ၍ ရဲချုပ်နှင့် ရဲရာထူးခန့်ချုပ်တို့မှ ၄င်းတို့၏ သဘောဖြင့် လက်သင့်ရာ ရာထူးပေးလျှက်ရှိပါသည်။
၉။ ထိုသို့ဆောင်ရွက်ခြင်းသည် တပ်ဖွဲ့တွင်းစည်းရုံးရေးကို ပျက်စီးရုံမက တပ်ဖွဲ့၏အရည်အသွေးကို များစွာကျဆင်းလျှက်ရှိကြောင်း ရဲတပ်ဖွဲ့၏ပုံရိပ်ကျဆင်းနေမှုက သိသာထင်ရှားစေပါသည်။


လုပ်ပိုင်ခွင့်အသုံးချ၍ ကိုယ်ကျိုးဆောင်ရွက်နေမှုများ
၁၀။ ပြည်ထဲရေးဝန်ကြီးသည် ယခင်အစိုးရလက်ထက်တွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် အမြန်လမ်းမကြီးဘေး မိုင်တိုင် (၂၂၀)အနီး၌ မြေကွက်ပိုင်ဆိုင်ထားရှိပြီး ယင်းခြံအတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေတားတမံများတည်ဆောက်ခြင်းနှင့် အထွေထွေဆောက်လုပ်ရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းသားများအသုံးပြု၍လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုဆောင်ရွက်နေပြီး လုပ်ငန်းများဆောင်ရွက်ရာ၌ စက်သုံးဆီနှင့် ကုန်ကျငွေများကို ရဲချုပ်မှ ရထားတပ်ဖွဲ့မှူးထံပေး၍ လုပ်ကိုင်ဆောင်ရွက် စေခဲ့ရာ လုပ်ငန်းများပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရပါသည်။


၎င်းလုပ်ငန်းများအတွက်ရဲတပ်ဖွဲ့အရံစက်သုံးဆီဂါလံ (၆၀၀၀)ကျော် နှင့် ငွေသားကျပ်သိန်းပေါင်း (၁၀၀၀) နီးပါးကို ရဲတပ်ဖွဲ့ဘဏ္ဏာငွေမှခေါင်းစဉ် အမျိုးမျိုးဖြင့်ထုတ်ယူသုံးစွဲခဲ့ပါသည်။

၁၁။ ထို့ပြင်ဘဏ္ဏာငွေမှ ခေါင်းစဉ်အမျိုးမျိုးဖြင့်စာရင်းစစ်ခံနိုင်ရန် လိမ်လည်ပြေစာများ ပြပြီး တခြားကိုယ်ရေးကိုယ်တာကိစ္စရပ်များ ၎င်းတို့နိုင်ငံခြားသွားသည့် အသုံးစရိတ်များကို ကိုယ်ကျိုးအတွက်သုံးစွဲနေကြပါသည်။

၁၂။ ဂေါက်သီးရိုက်ပြိုင်ပွဲများကို ခေါင်းစဉ်အမျိုးမျိုးပြ၍ ရဲတပ်ဖွဲ့၏ ရံပုံငွေမှ ကျခံသုံးစွဲခဲ့ပါသည်။ ယင်းပြိုင်ပွဲများတွင် ဂါဝရလက်ဆောင်အဖြစ် ဝန်ကြီးအပါအဝင် လူကြီးများအား ကျပ်ငွေသိန်း (၃၀) မှ သိန်း (၁၀၀) ကျော်ထိ ပုံစံအမျိုးမျိုးဖြင့် သုံးစွဲပေးအပ်နေကြောင်းတွေ့ရှိရပါသည်။

၁၃။ ယင်းကိစ္စများအား စစ်ဆေးပေါ်ပေါက်နိုင်ရန် ရဲထောက်ဋ္ဌာနအား စနစ်တကျစစ်ဆေးမည်ဆိုပါက ပေါ်ပေါက်လာမည်ဖြစ်ပါသည်။


တင်ဒါကိစ္စများအပေါ်တွင် အဂတိလိုက်စားခြင်း
၁၄။ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ တင်ဒါများအားလုံးသည် ၎င်းတို့နှင့် ရင်းနှီးသူ၊ ၎င်းတို့၏အပတ်စဉ်တူသူများ တည်ထောင်သော ကုမ္ပဏီများသာ ရရှိပြီး ငွေကြေးအကျိုးအမြတ်များကို ပူးပေါင်း၍ ရယူနေကြပါသည်။

၁၅။ ဝန်ကြီး၏ အပတ်စဉ် (DSA ၂၂) မှတည်ထောင်ထားသော ကုမ္ပဏီမှာ ပြည်ထဲရေး၏ တင်ဒါအများစုကို အောင်နိုင်သည့်ကုမ္ပဏီဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် တပ်မှထွက်သွားသော DSA ကျောင်းဆင်းများ၏ ကုမ္ပဏီများသာ တင်ဒါအောင်ကြပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝယ်ယူသောကားများမှာလည်း ထိုနည်းတူပင်ဖြစ်ပါသည်။

၁၆။ ယခင်ဒုရဲချုပ် ရဲမှူးချုပ်သိန်းဦး (ယခု အကျဉ်းညွှန်ချုပ်မှအငြိမ်းစားယူသူ) သည် ဒုရဲချုပ်လက်ထက်တွင် အဆောက်အဦးတင်ဒါများ၌ လာဘ်ငွေယူထားခဲ့ပြီး ယင်းငွေများနှင့် ပက်သက်၍ အမှုဖြစ်သည့်အခါ ငွေပေးသူထံသို့ပြန်လည်ပေးအပ်စေခဲ့ပြီး အရေးယူမှုမရှိဘဲ ပြီးသွားခဲ့သည့် သာဓကများလည်းရှိပါသည်။


၁၇။ ယခုရဲတပ်ဖွဲ့မှ ဝယ်ယူထားသော မော်တော်ယာဉ် စစ်ဆေးသည့် X ray စက်ဝယ်ယူမှုတွင်လည်း မသမာမှုများရှိနေပြီး ဝန်ကြီးနှင့် ရဲချုပ်တို့ပါဝင်ပတ်သက်မှုရှိကြောင်း သိရှိရပါသည်။

X ray စက် အမျိုးအစားနှင့် ဈေးနှုံးကို Internet တွင် ရှာဖွေကြည့်ပြီး တင်ဒါအောင်ဈေးနှုံးဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါက ပိုမိုသိသာထင်ရှားစေမည် ဖြစ်ပါသည်။



ရဲတပ်ဖွဲ့အတွင်း အရာရှိကြီးများ၏ ကိုယ်ကျင့်တရားဆိုင်ရာကိစ္စရပ်များ
၁၈။ ရဲချုပ်အောင်ဝင်းဦးသည် အရက်အလွန်အကျွံသောက်တတ်ပြီး အရက်မူးလာလျှင် လက်အောက်အဖွဲ့များအား အမျိုးမျိုးပြဿနာရှာတတ်ပါသည်။ ၎င်းအား အရက်တိုက်သူ၊ မိန်းမရှာပေးသူ၊ ပိုက်ဆံရှာပေးသူများသာ သက်သာရာရကြပါသည်။


CID တပ်ဖွဲ့မှူးဘဝတွင် အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းခဲ့ပြီး ယခုယင်းအမျိုးသမီးအား နှုတ်ပိတ်ထားကြောင်းနှင့် ကလေးတစ်ဦးရရှိခဲ့ကြောင်းသိရှိရပါသည်။


၁၉။ ရဲရာထူးခန့်ချုပ် ဦးဇော်မိုးသန်းသည် ဒုရဲအုပ်မှ ဒုရဲမှူးအဆင့်ထိ ရာထူးပြောင်းရွှေ့ ခြင်းများကို ရဲချုပ်နှင့် ပေါင်း၍ စိတ်ကြိုက်ချယ်လှယ်နေကြပြီး လက်အောက်ခံတပ်ဖွဲ့မှုးများနှင့် ပြည်နယ်နှင့် တိုင်းတပ်ဖွဲ့မှုးများ၏ လုပ်ပိုင်ခွင့်ကို အပေါ်မှချုပ်ကိုင်၍ လာဘ်ပေးလာဘ်ယူမှုများစတင်ဖြစ်ပေါ်လာပြီဖြစ်ကြောင်းတွေ့ရှိရပါ
သည်။


ထို့အပြင် ဦးဇော်မိုးသန်းမှာ ရဲလေ့ကျင့်ရေးအရာရှိချုပ်တာဝန်ထမ်းဆောင်စဉ် Hotel Mandalay တွင် ရေနံမြေရဲတပ်ဖွဲ့မှ ရဲမေနှင့်အတူ ၂၀၁၆ ခုနှစ်၌ တစ်ခုသောရဲအရာရှိ ကျောင်းဆင်းပွဲခရီးစဉ်အတွင်း တည်းခိုနေထိုင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀။ သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြဝင်းသည် ယခင်ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးနှင့် ခမည်းခမက်တော်စပ်ပြီး ရခိုင်လူမျိုး၊ ရေတပ်မှ ပြောင်းရွှေ့လာသူဖြစ်ပါသည်။ သို့သော်လည်း ဒုဝန်ကြီးမှ ၎င်းအားသတင်းတပ်ဖွဲ့မှူးရာထူးကိုပေးအပ်ခဲ့ပါသည်။ ထိုသို့ပေးအပ်ခဲ့ပြီး သတင်းတပ်ဖွဲ့မှ ရရှိသော သတင်းအချက်အလက်အားလုံးကို တပ်ချုပ်သို့ တင်ပြလျှက်ရှိပါသည်။ မကြာသေးမှီ ကာလက သတင်းတပ်ဖွဲ့မှ ရဲမှူးကြီးဝင်းဘိုအား အလုပ်ထုတ်ပစ်ခဲ့ပါသည်။ ထိုသို့ထုတ်ပစ်ရသည့် အကြောင်းရင်းမှာ တပ်ချုပ်မှ အမိန့်ပေးခြင်းဖြစ်ပြီး KBZ ဘဏ်ကိစ္စနှင့် ပက်သက်၍ ယင်းဘဏ်၏ အချက်အလက်များအား တာဝန်အရ (အထက်မှအမိန့်ပေးချက်အရ) တောင်းကြည့်ခဲ့ရာမှ စတင်ခဲ့ပြီး ယင်းကိစ္စ၏ နောက်ကွယ်တွင် တခြားကိစ္စရပ်များရှိနိုင်ကြောင်း သတင်းရရှိပါသည်။

၂၁။ ရဲမှူးချုပ်သူရစန်းလွင်သည် ပြည်ထဲရေးဝန်ကြီးနှင့် တပတ်စဉ်ထဲဖြစ်ပြီး မောင်းတောတွင် တာဝန်ထမ်းဆောင်စဉ် မူးယစ်ဆေးဝါးနှင့် ငွေကြေးလာဘ်စားမှုများကြောင့် နှုတ်ထွက်ခွင့်ပြုခဲ့ပါသည်။ ၎င်းအရာရှိသည် မောင်းတောဖြစ်စဉ်၌ ဖမ်းဆီးခဲ့သော သံသယတရားခံများထဲမှ ကုလားသူဋ္ဌေးများနှင့် ပတ်သက်သူများအား လာဘ်ငွေယူ၍ တရားခံစာရင်းမှ ဖျောက်ဖျက်၍ ပြန်လည်လွှတ်ပေးခဲ့သူဖြစ်ပါသည်။

၎င်း၏ကိုယ်ရေးအရာရှိမှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေပြီး လက်ရှိတွင် တရာခံပြေးဖြစ်နေသူဖြစ်ပါသည်။ ထိုအချက်ကိုထောက်ရှုခြင်းဖြင့် ဤအရာရှိကြီးသည် မူးယစ်ဆေးဝါးကိစ္စရပ်များ၏ နောက်ကွယ်မှ ပတ်သက်မှု ရှိနေနိုင်ကြောင်း သုံးသပ်ရပါသည်။ သို့ပါသော်လည်း ၎င်းတို့၏ DSA ကျောင်းဆင်းများဖြစ်၍ သာမန်ထွက်ခွင့်သာပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုအချက်များသည် အဂတိလိုက်စားမှုများပင် ဖြစ်ပါသည်။

၂၂။ အထက်ပါတင်ပြချက်များကို တိုင်ကြားရာ၌ မိမိတို့အမည်များ ဖော်ပြတိုင်ကြားမည် ဆိုပါက အန္တရယ်ရှိနိုင်သည့်အတွက် ယခုကဲ့သို့ အမည်မဖော်ပြဘဲ တိုင်ကြားရခြင်း ဖြစ်ပါသည်။

၂၃။ နိုင်ငံတော်နှင့် ဝန်ကြီးဋ္ဌာန၊ တပ်ဖွဲ့အတွက် မကြည့်ဘဲ ကိုယ်ကျိုးစီးပွား နှင့် လူတစုအကျိုးအတွက်ကိုသာ ကြည့်သော ခေါင်းဆောင်များသည် ယင်းရာထူးများနှင့် မထိုက်တန်ပါသဖြင့် ဆက်လက်တာဝန်ပေးအပ်ရန် မသင့်တော်ဘဲ နောက်အနာဂါတ်တွင် ယခုကဲ့သို့ ဖြစ်စဉ်ဆိုးများ ထပ်မံမပေါ်ပေါက်စေရေးအတွက် ဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

မိတ္တူကို

- အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

Credit*မင်း ဒင်

No comments:

Post a Comment