Monday, March 25, 2019

ရန်ကုန်ညဈေး စီမံချက်တွင် ကျပ်သိန်းပေါင်း ၁၈၀ဝ၀ သုံးစွဲခြင်းကို လွှတ်တော်သို့ အမြန်ဆုံး ရှင်းလင်းရန်နှင့် တိုင်းအစိုးရ အနေဖြင့် ငွေကြေးသုံးစွဲရာတွင် မိမိချွေးနှဲစာကဲ့သို့ သုံးစွဲရန် လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ရန်ကုန်ညဈေး စီမံချက်တွင် ကျပ်သိန်းပေါင်း ၁၈၀ဝ၀ သုံးစွဲထားခြင်းကို လွှတ်တော်သို့ အမြန်ဆုံး ရှင်းလင်းရန်နှင့် တိုင်းအစိုးရအနေဖြင့် ငွေကြေးများ သုံးစွဲရာတွင် မိမိချွေးနှဲစာကဲ့သို့ သုံးစွဲရန် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ၏၂၀၁၆-၂၀၁၇ ခုဘဏ္ဍဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ထည့်သွင်းပြောကြားသည်။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ငွေကြေးများသုံးစွဲရာတွင် မိမိ၏ချွေးနှဲစာဟု သဘောထား၍ စိစိစစ်စစ် သုံးစွဲသင့်ပါတယ်။ ရန်ကုန်ညဈေး စီမံချက်မှာ ကျပ်သိန်းပေါင်း ၁၈၀ဝ၀ သုံးစွဲထားတာ တွေ့ ရသော်လည်း မြေပြင်ကွင်းဆင်းကြည့်တဲ့ အခါမှာ ဘာကြောင့် ဒီလောက်ငွေကြေးတွေ ကုန်သွားရကြောင်း ဆက်စပ်လို့ မရအောင် ဖြစ်ရပါတယ်။ ယင်းအတွက် ကုန်ကျစရိတ် ကျပ်သိန်း ၁၈၀ဝ၀ ကျော်ရဲ့ အသေးစိတ်စာရင်းကို မြို့တော်စည်ပင် တာဝန်ရှိသူများက လွှတ်တော်ကို အမြန်ဆုံး ရှင်းလင်းတင်ပြပေးရန် လွှတ်တော်မှ တောင်းဆိုပါတယ်” ဟုလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆိုသည်။
ထို့ပြင် ရွှေပြည်သာမြို့နယ်ရှိ အမှိုက်မီးရှို့စက်ရုံ စီမံကိန်းတွင် အမေရိကန်ဒေါ်လာရှစ်သန်း ပါဝင်ရင်းနှီးခဲ့ရာ၌ ငွေပေးချေသည့်အခါ စာချုပ်ပါ စည်းကမ်းများနှင့် မညီညွတ်ဘဲ လွယ်လင့်တကူ ပေးချေခဲ့သည်ကို တွေ့ရှိရကြောင်း၊ လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးကွင်းရှိ မြို့တော်စည်ပင်ပိုင် (၄၀ ပေx၆၀ပေ) မြေကွက်များကို ဒေသနှင့် စီးပွားရေး အသိုက်အဝန်း ဖွံ့ဖြိုးရေးအတွက်အရင်းပေါ်မှာ ထိုက်သင့်သည့် အမြတ်စွန်းများဖြင့် ရောင်းချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆွေးနွေးတင်ပြခဲ့သည်။
အလားတူ လသာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်မြို့နယ်၊ ကမ်းနားလမ်းညဈေးတွင် ဈေးဌာနမှ ငွေလုံးငွေရင်း ကျပ်သန်း ၆၀ဝကျော် နှင့် ရေသန့်ဌာနမှ ငွေလုံးရင်းကျပ်သန်း ၉၀ဝကျော် စုစုပေါင်း ကျပ်သန်း ၁၅၀ဝ ကျော်သုံးစွဲထားမှုအား လုပ်ငန်းတစ်ခုချင်းစီ အလိုက် အသေးစိတ်တင်ပြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ တိုင်းအစိုးရအနေဖြင့် မူဝါဒများကို အလျင်စလို မချမှတ်ဘဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် ဈေးသည်များကို စစ်တမ်းယူပြီး ဘက်စုံသုံးသပ် အကောင်အထည် ဖော်မှသာလျှင် လေလွင့်ဆုံးရှုံးမှု ပြဿနာများ ကြုံတွေ့မည် မဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

Credit - Eleven


အွန်လိုင်းငွေကြေးစီးဆင်းမှု ဘယ်လောက်စိတ်ချရသလဲ

လက်ရှိမှာ အွန်လိုင်းငွေကြေး (E money) စီးပွားရေးလုပ်ငန်းတွေ အများအပြား ဝင်ရောက်လာတာတွေ့ရပေမဲ့ အဲသည်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အာမခံမှုရှိမရှိဆိုတာကိုတော့ ဘယ်သူမှ အတိအကျမပြောနိုင် သေးပါဘူး။
အဲသည်အွန်လိုင်းငွေကြေး (E money) လုပ်ငန်းတွေနဲ့ ချိတ် ဆက်လုပ်ကိုင်နေကြတဲ့သူတွေအ နေနဲ့ လုပ်ကိုင်နေကြပေမဲ့ စိတ်ချ လက်ချ လုပ်ကိုင်ကြတာမျိုး မဟုတ်ဘဲ စိုးရိမ်မှုတွေနဲ့ လုပ်ကိုင် နေကြတာဖြစ်ပါတယ်။
အဲသည်လိုဖြစ်ရတဲ့အ ကြောင်းရင်းရဲ့အခြေခံကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာဖြစ် ခဲ့တဲ့ Red dot ဖုန်းငွေဖြည့်ကုမπဏီ ရဲ့လိမ်လည်သွားမှုကြောင့်ဖြစ်ပါ တယ်။
အဲသည်လိမ်လည်မှုကြောင့် မြန်မာနိုင်ငံအတွင်းက ဖုန်းငွေ ဖြည့်ကတ်ရောင်းချတဲ့သူတွေ နစ်နာမှုအများအပြားရှိခဲ့ပါတယ်။
အဲသည်လို နစ်နာမှုတွေ ရှိခဲ့ပေမဲ့ တာဝန်ယူဖြေရှင်းပေးမယ့် သူကတော့ သည်နေ့ထက်ထိ မရှိသေးပါဘူး။ နစ်နာမှုရှိပေမဲ့ တာ ဝန်ယူဖြေရှင်းပေးမှုမရှိတာကြောင့် အွန်လိုင်းငွေကြေးနဲ့ပတ်သက်ပြီး E money လုပ်ငန်းတွေကို နောက်ထပ် လုပ်ကိုင်ရမှာ ထိတ် လန့်နေကြတာဖြစ်ပါတယ်။
'လိမ်သွားတဲ့သူက လိမ်ပြီးပြီ၊ ဒီအတွက်လဲ ဘာဆက်လုပ်ရမယ် ဆိုတာမသိဘူး၊ တိုင်လို့ရတယ် ပြောတယ်၊ ဘယ်သူ့ကို တိုင်ရ မလဲ၊ ဘယ်မှာတိုင်ရမလဲဆိုတာ တွေ မသိဘူး၊ ပြီးတော့ ဒီကိစ္စက လူတစ်ယောက်နှစ်ယောက်တည်း လိမ်ခံရတာ မဟုတ်ဘူး၊ တစ်နိုင် ငံလုံးအတိုင်းအတာအရ ကို ခံရ တာ၊ အဲဒါကို သက်ဆိုင်ရာအဖွဲ့ အစည်းက ငြိမ်နေတာကိုလဲ အံ့ ဩမိပါတယ်”လို့ နစ်နာခဲ့သူ စစ်ကိုင်းမြို့က မအေးအေးအောင်က ပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာ အရ Red dot ဝန်ဆောင်မှုလုပ် ငန်းလုပ်ကိုင်တဲ့ ဆိုင်ပေါင်း ၃၀,ဝဝဝ နီးပါးရှိတာကြောင့် ဆုံး ရှုံးမှုတန်ဖိုးကလည်း များတယ်လို့ ဆိုပါတယ်။
အဲသည်လိမ်လည်မှုကြောင့်ပဲ အွန်လိုင်းငွေကြေးလုပ်ငန်း (E money) ဝန်ဆောင်မှုနဲ့ချိတ် ဆက်လုပ်ကိုင်ကြတဲ့သူအများ စုက နောက်ထပ်ဝင်ရောက်လာ တဲ့ E money လုပ်ငန်းတွေကို ယုံကြည်မှုအားနည်းနေတာဖြစ် ပါတယ်။
“အာမခံချက်မရှိတာမျိုးဆိုရင် မလုပ်တော့ဘူး၊ ခံပြီးတော့ သိပြီး သွားပြီ၊ ပိုက်ဆံ သုံးသိန်းကျော် ပါသွားတယ်၊ အစပိုင်းတုန်းက မှန်မှန်ကန်ကန်ဆိုတော့ ကိုယ်လဲ မထင်မိဘူး၊ သူတို့ပြောတဲ့ error ဆိုတာနဲ့ယုံပြီးပါသွားတာ၊ အခု မလုပ်တော့ဘူး၊ နောက်ထပ်လာ ချိတ်တာတွေရှိတယ်၊မယုံကြည် လို့လက်မခံသေးဘူး”လို့ ဒဂုံဆိပ် ကမ်းမြို့နယ်မှာနေတဲ့ ကိုကျော် မြတ်သူက ပြောပါတယ်။
Red dot network Myan-mar ကုမ္ဗဏီကို လိုင်စင်ထုတ်ပေး သူကိုစိစစ်ပေးဖို့လိုပြီး ငွေကြေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ ကို စိစစ်ဖို့လိုအပ်တယ်လို့ ကျွမ်း ကျင်သူတွေက အကြံပြုပါတယ်။
“အခုက Red dot ဖြစ်သွား တဲ့အချိန်မှာ အကုန်လုံးက ဘယ် သူ့တိုင်ရမှန်းမသိဘူးဖြစ်နေကြ တယ်၊ ဘယ်သူက လိုင်စင်ထုတ် ပေးထားမှန်းမသိဘူး၊ ဘယ်သူနဲ့ ဆိုင်မှန်းလဲမသိဘူး ဒါမျိုးဖြစ်နေ တာ၊ အဲဒီတုန်းက Red dot လုပ် ငန်းကို ဘယ်သူက ခွင့်ပြုပေးခဲ့ လဲ၊ ခွင့်ပြုပေးခဲ့တဲ့ကုမ္ဗဏီတွေကို ပြန် လိုက်စစ်ဖို့လိုတယ်”လို့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းကျွမ်းကျင်သူ ဦးရဲမင်းဦးက ပြောပါတယ်။
Red dot ကုမ္ဗဏီနဲ့ပတ်သက် ပြီး လက်ရှိအချိန်အထိ တာဝန်ယူ ဖြေရှင်းပေးမှု တစ်စုံတစ်ရာမရှိ သေးတာကြောင့် နစ်နာသူတွေ အနေနဲ့လည်း ဘာဆက်လုပ်ရ မယ်ဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။
အဲသည်ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်၊ စားသုံးသူရေးရာကာကွယ် ရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနစတဲ့ ဌာနတွေကလည်း တာဝန်မရှိ ကြောင်း အသီးသီးငြင်းဆိုထား ကြတာဖြစ်ပါတယ်။
နစ်နာသူတွေအနေနဲ့လည်း E money လုပ်ငန်းကို လုပ်ကိုင် ရမှာစိုးရိမ်ပေမဲ့ အရင်လိုစက်ထဲ မှာ ငွေပမာဏအများကြီး ထည့် တာမျိုးမဟုတ်တော့ဘဲ သောင်း ဂဏန်းလောက်သာ ထည့်သွင်းပြီး လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။
“ထပ်ပါသွားမှာလဲကြောက် တယ်၊ ကိုယ့်စီးပွားရေးအတွက်က လဲ မလုပ်လို့ အဆင်မပြေတော့ လုပ်တယ်၊ ဒါပေမဲ့ အရင်လို ငွေကို သိန်းချီပြီး မထည့်တော့ဘူး”လို့ ရွှေပြည်သာမြို့နယ်က မလှလှဝင်း က ပြောပါတယ်။
Red dot အရေးကိစ္စနဲ့ပတ် သက်ပြီး OK$ က ဈေးကွက်အ တွင်း မိုဘိုင်းလ်ငွေကြေးကဏ္ဍဍရဲ့ တည်ငြိမ်မှုနဲ့ ငွေကြေးဝန်ဆောင် မှုလုပ်ငန်းများအပေါ်သုံးစွဲသူများ ဘက်မှ စိုးရိမ်မှုတချို့ဖြစ်ပေါ်ခဲ့တာ ကြောင့် OK$ က Red dot နဲ့ မတူညီဘဲ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ကနေ မိုဘိုင်းလ်ငွေကြေးဝန် ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားပြီး စည်းမျဉ်းစည်းကမ်း တွေနဲ့ညီညွတ်တဲ့အခိုင်အမာလုပ် ငန်းအဖွဲ့အစည်းတစ်ခုဖြစ် ကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။
Red dot ကုမ္မဏီက ဘယ် သူ့ရဲ့ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့ တယ်ဆိုတာ မသိရတာကြောင့် နစ်နာသူတွေကတော့ လက်ရှိမှာ အွန်လိုင်းငွေကြေးလုပ်ငန်းတွေ ကို မယုံမကြည်နဲ့လုပ်ကိုင်နေရ တဲ့အနေအထားက Red dot က ပေးတဲ့သင်ခန်းစာအဖြစ် မှတ်ယူ ထားကြပါတယ်။
Credit - Kumudra


ရုရှားအရေးတိမ်မည်းညို လွင့်ပြယ်သွားသည့် သမ္မတထရမ့်နှင့် အိမ်ဖြူတော်

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် လွှမ်းမိုးလိုသည့် ရုရှားနှင့် ထရမ့်မဲဆွယ်အဖွဲ့ ပတ်သက်ဆက်နွှယ်ခဲ့မှု အထောက်အထားမတွေ့ရှိရဟုအထူးစုံစမ်းရေးမှူး ရောဘတ်မြူလာ၏အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ရှေ့နေချုပ် ဝီလျံဘားက လူသိရှင်ကြား ထုတ်ပြန်လိုက်ပြီဖြစ်သည်။
၂၀၁၆ ရွေးကောက်ပွဲတွင် ထရမ့်အသာစီးရရန် ၄င်း၏မဲဆွယ်အဖွဲ့က ရုရှားနှင့်ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်ကို တရားရေးဌာနမှ ခန့်အပ်သည့် အထူးစုံစမ်းရေးမှူး ရောဘတ်မြူလာ(အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူးဟောင်း)က ၂၂ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အစီရင်ခံစာကို မတ် ၂၃ ရက်က ရှေ့နေချုပ်ထံ တင်ပြခဲ့သည်။
တရားရေးဌာနအတွင်းရေး ဖြစ်သည့် ယင်းအစီရင်ခံစာ၏ အကျဉ်းချုပ်ကို ရှေ့နေချုပ်ဝီလျံဘားက ကွန်ဂရက်လွှတ်တော်သို့ မတ် ၂၄ ရက်က တင်ပြလိုက်ခြင်းဖြစ်သည်။
ရုရှားနှင့်ပေါင်းကြံခဲ့မှုမရှိ၊ ဥပဒေချိုးဖောက်ခဲ့မှုမရှိဟု ထရမ့်ကတွစ်တာ၌ ချက်ချင်းဖော်ပြလိုက်ပြီး (ဒီစုံစမ်းမှုကို နိုင်ငံကဖြတ်သန်းခဲ့ရတာ၊ ခင်ဗျားတို့သမ္မတဖြတ်သန်းခဲ့ရတာ ရှက်စရာကောင်းပါတယ်) ဟုလည်း ပြောဆိုခဲ့သည်။
မြူလာ၏စုံစမ်းမှုကို တရားမဝင်ဟုပြောခဲ့ပြီး သူ့အပေါ်ရုရှားနှင့်ပတ်သက်ခဲ့ကြောင်းစွပ်စွဲမှုသည် အပြစ်ရှာခြင်းသက်သက် ဖြစ်ကြောင်းပြောဆိုခဲ့ပြီးသား ထရမ့်အတွက် အလှပဆုံးနေ့ရက်များ တစ်ကျော့ပြန် ရောက်ရှိလာခြင်းဟု ဆိုနိုင်သည်။
ထရမ့်အား ရာထူးသက်တမ်းမကုန်မီပင် အိမ်ဖြူတော်မှဖယ်ရှားလိုသည့် ဒီမိုကရက်များအတွက်မူ အနည်းဆုံး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအထိ စောင့်ဆိုင်းရပေဦးမည်။
အစီရင်ခံစာတွင် သမ္မတထရမ့်ပြစ်မှုကျူးလွန်ခဲ့သည်ဟု မပါဝင်ကြောင်း၊ သို့သော် ၄င်းအပြစ်လုံးဝမရှိဟု ထုတ်ဖော် ကြေညာခြင်းမဟုတ်ကြောင်း မြူလာက ဖော်ပြထားသည်။
၎င်း၏စုံစမ်းစစ်ဆေးမှုကိုလမ်းလွဲအောင် တရားရေးကို ထရမ့်က စွက်ဖက်ခဲ့ကြောင်း စွပ်စွဲမှုများအတွက်မူ မြူလာက ဖော်ပြထားခြင်းမရှိပေ။
ထရမ့်ကတော့ ၄င်းသည်ရာနှုန်းပြည့် အပြစ်ကင်းစင်ကြောင်း၊ ကြီးမြတ်သည့်အမေရိကန်ဖြစ်မြောက်ရေးမူဝါဒ ထိန်းသိမ်းနိုင်တော့မည်ဖြစ်ကြောင်း ကျူးရင့်ခဲ့သည်။
ရှေ့နေချုပ်ဘား၏ထုတ်ပြန်ချက်ပထမပိုင်းက ထရမ့်မဲဆွယ်အဖွဲ့ဝင်များ သို့မဟုတ် မည်သည့်အမေရိကန်မျှ ရုရှားတို့နှင့် ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ကြောင်း မတွေ့ရှိဟူ၍ဖြစ်သည်။
ဒုတိယပိုင်းကတော့ ထရမ့်သည် တရားရေးအပေါ် ဟန့်တားချိုးဖောက်ခဲ့မှုရှိမရှိဖြစ်ပြီး ယင်းကိုကောက်ချက်ဆွဲရန် ခိုင်မာသည့်အထောက်အထားမရှိကြောင်း ဖော်ပြခဲ့သည်။
အစီရင်ခံစာမှ အချက်အလက်များ လွှတ်တော်သို့ ပိုမိုထုတ်ပြန်ဦးမည်ဖြစ်သော်လည်း အချို့အထောက်အထားများမှာ ကန့်သတ်ထားရမည့်အရာများဖြစ်ကြောင်းလည်း ရှေ့နေချုပ်က စာဖြင့်ဖော်ပြခဲ့သည်။
မည်သို့ဖြစ်စေ တရားရေးဌာန၏ အထူးစုံစမ်းမှုအစီရင်ခံစာ အနှောင့်အယှက်မဲ့ ထွက်ပေါ်လာနိုင်ခြင်းအပေါ်ပင် အကောင်းမြင်ကြသူ များစွာရှိသည်။ (ဥပဒေစိုးမိုးမှုအတွက် ကောင်းမွန်တဲ့နေ့တစ်နေ့၊ သမ္မတထရမ့်နဲ့ သူ့လူတွေအတွက် ကြီးကျယ်တဲ့နေ့တစ်နေ့ပါပဲ)ဟူ၍ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်ကပြောသည်။ (မြူလာစုံစမ်းစစ်ဆေးမှုကနေ သမ္မတကိုဖြုတ်ချချင်သူတွေအတွက်တော့ အိပ်မက်ဆိုးပေါ့) ဟုလည်း ဒီမိုကရက်တို့ကို စောင်းချိတ်ထေ့ငေါ့သည်။
ဒီမိုကရက်တို့က မြူလာဖြေဆိုရန် ကျန်ရှိနေသည့်မေးခွန်းများဘက် အာရုံရွှေ့ပြောင်းသွားသည်။ အက်ဖ်ဘီအိုင် ညွန်ကြားရေးမှူး ဂျိမ်းစ်ကိုမေကို ရာထူးမှဖယ်ရှားခဲ့ခြင်းဖြင့် ရုရှားအရေးစုံစမ်းမှုကို ဟန့်တားခဲ့ခြင်း၊ ထရမ့်၏သားနှင့် ရုရှားရှေ့နေတို့ တွေ့ဆုံစည်းဝေးမှုအတွက် ထရမ့်က အာရုံပြောင်းကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းတို့ဘက်သို့ ဖြစ်သည်။
ထို့ပြင် မြူလာ၏အစီရင်ခံစာအပြည့်အစုံမှ လျှို့ဝှက်သောအစိတ်အပိုင်းများကိုလည်း ဒီမိုကရက်တို့ တူးဆွလိုသည်။
အစီရင်ခံစာက သမ္မတလုံးဝအပြစ်ကင်းသည်ဟု မပြောကြောင်း၊ အစီရင်ခံစာအပြည့်အစုံကိုသာ လူသိရှင်ကြား ထုတ်ပြန်ပေးစေလိုကြောင်း အောက်လွှတ်တော်ဥက္ကဌ၊ ဒီမိုကရက်အများစုခေါင်းဆောင် နန်စီပလိုစီနှင့် အထက်လွှတ်တော် အနည်းစုခေါင်းဆောင် ချပ်ရှူးမားတို့က ပူးတွဲတောင်းဆိုခဲ့သည်။
၎င်းတို့က မြူလာအစီရင်ခံစာအပြည့်အစုံ ထုတ်ပြန်ပေးရန် ထပ်မံတောင်းဆိုခြင်းဖြစ်သည်။
မြူလာ၏စုံစမ်းစစ်ဆေးမှုအတွင်း လာရောက်ထွက်ဆိုရန် သမ္မန်စာ ၂၈၀ဝ၊ ရှာဖွေခွင့်ဝါးရမ်း ၅၀ဝ ထုတ်ပြန်ခဲ့သည်။ ထရမ့်၏အနီးကပ်ဆုံးလက်ထောက်များအပါအဝင် လူ ၅၀ဝ ခန့်ကိုလည်း တွေ့ဆုံမေးမြန်းခဲ့ရသည်အထိ စုံစမ်းမှု အတိုင်းအတာက ကျယ်ပြန့်လှသည်။
ထို့ကြောင့် ယခုအခါ ထရမ့်အတွက် အခြေအနေပြန်ကောင်းသွားပြီ ဆိုနိုင်သည့်တိုင် မြူလာ၏စုံစမ်းမှုကြောင့် ပေးဆပ်ခဲ့ရသည်လည်း မနည်းလှချေ။ ထရမ့်၏မဲဆွယ်အဖွဲ့အကြီးအကဲဟောင်း မနာဖို့တ်၊ အမျိုးသားလုံခြုံရေးအကြံပေး ဒုဗိုလ်ချုပ်ကြီးဟောင်းမိုက်ကယ်ဖလင်းနှင့် ကာလကြာရှည် ထရမ့်၏ပုဂ္ဂိုလ်ရေးရှေ့နေဖြစ်ခဲ့သူ မိုက်ကယ်ကိုဟင်တို့မှာ ရာထူးနေရာများမှ အရှက်တကွဲပြုတ်ကျခဲ့ပြီး ဥပဒေချိုးဖောက်မှု လိမ်ညာမှုများဖြင့် အသီးသီး စွဲချက်တင်ခံနေရသည်။
ယခုဆိုလျှင် မနာဖို့တ်နှင့် ကိုဟင်တို့က ထရမ့်ကို အပြင်းအထန် ပြန်လည်တိုက်ခိုက်နေကြသည်။ထရမ့်အတွက် အခြားသောဥပဒေဆိုင်ရာပြဿနာအချို့လည်း ပြီးဆုံးရန်ဝေးနေသေးသည်။
မိုက်ကယ်ကိုဟင်၏ ငွေကြေးအရှုပ်ထုပ်နှင့်ပတ်သက်၍ မန်ဟက်တန်အစိုးရရှေ့နေရုံးက ထရမ့် သို့မဟုတ် ၄င်း၏အနီးကပ်လူ တစ်ဦးဦး ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးနေခြင်းမျိုးဖြစ်သည်။
နယူးယောက်တွင်လည်း ထရမ့်၏အိမ်ရာစီမံကိန်းနှင့် အားကစား အသင်းတစ်သင်းဝယ်ယူရေးကိစ္စတို့အပေါ် ပြည်နယ်ရှေ့နေချုပ်က စိစစ်စူးစမ်းသွားရန် ရှိနေသည်။
မည်သို့ဖြစ်စေသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီးကတည်းက ဒေါ်နယ်ထရမ့်နှင့်အိမ်ဖြူတော်အပေါ် အဓိက ဖိစီး ကျရောက်နေသည့် ရုရှားအရေးတိမ်မည်းညိုများ လွင့်ပြယ်သွားသည်ကတော့ သေချာသည်။မတ် ၂၄ ရက်ညက အိမ်ဖြူတော်တွင်း ပြန်လည်ဝင်ရောက်ခြင်းမပြုမီ ထရမ့်က သူ့ကိုထောက်ခံသူများကို လက်သီးဆုပ်မြှောက်ပြပြီး ကြုံးဝါးလိုက်သည်။ အမေရိကန်သည် ဤကမ္ဘာမြေတွင် အကြီးမြတ်ဆုံးနေရာဖြစ်သည် ဟူ၍..။

Credit - Myanmar Times


တစ္ဆေသေနတ်များရောင်းချမှုဖြင့် အမေရိကန်ကုမ္ပဏီတရားစွဲခံရ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် သေနတ်ကုမ္ပဏီတစ်ခုသည် တစ္ဆေသေနတ်များ ရောင်းချမှုဖြင့် တရားစွဲဆိုခံလိုက်ရသည်။
စာတိုက်အမှာစာဖြင့် သေနတ်အစိတ်အပိုင်းများကို ရောင်းချခြင်းဖြစ်ပြီး ယင်းတို့အားတပ်ဆင်လိုက်ပါက ထုတ်လုပ်မှုအမှတ်စဉ် မရှိသည့် သေနတ်တစ်လက်ဖြစ်လာ၍ တစ္ဆေသေနတ်များဟု ခေါ်ဆိုသည်။
တားမြစ်ထားသည့် ယင်းသေနတ် အစိတ်အပိုင်းများရောင်းချသည့် ယူအက်စ် ပက်ထရီယော့လက်နက်ကုမ္ပဏီကို ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲဆိုကြောင်း နယူးဂျာစီအစိုးရရှေ့နေချုပ်က မတ်လ ၂၃ ရက်၌ ကြေညာခဲ့သည်။
နယူးဂျာစီပြည်နယ်တွင် တစ္ဆေသေနတ်ရောင်းချခြင်းကို လွန်ခဲ့သည့်နှစ်ကစတင်တားမြစ်ခဲ့ပြီး လွန်ခဲ့သည့်လက စတင်စုံစမ်းစစ်ဆေးခဲ့သည်။
ပက်ထရီယော့နှင့် အခြားကုမ္ပဏီ ၁၅ ခုထံသို့ လွန်ခဲ့သည့်ဒီဇင်ဘာကပင် တစ္ဆေသေနတ်များ၊ အစိတ်အပိုင်းများ ကြော်ငြာခြင်း၊ ရောင်းချခြင်းတို့ကို ရပ်ဆိုင်းရန် ပြည်နယ်အာဏာပိုင်များက စာရေးသား ပေးပို့ခဲ့ပြီးဖြစ်သည်။
သို့သော် ဖေဖော်ဝါရီလ၌ စုံစမ်းရေးမှူးတစ်ဦးက အေအာရ် ၁၅ တစ်ဝက်မောင်းပြန်ရိုင်ဖယ်အစိတ်အပိုင်းများ မှာယူခဲ့ရာတွင် ပက်ထရီယော့ကုမ္ပဏီက တစ်လအတွင်း ပေးပို့ခဲ့ခြင်းကြောင့် ဥပဒေချိုးဖောက်မှုဖြင့် ယခုတရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
သေနတ်ကုမ္ပဏီများသည် တစ္ဆေသေနတ်များကို တပ်ဆင်မှုပြီးစီးလုနီးဖြင့် ရောင်းချကာ အစိတ်အပိုင်းအချို့ ထပ်မံတပ်ဆင်လိုက်ရုံနှင့် သေနတ်အဖြစ် ပြည့်စုံသွားလေ့ရှိသည်။
ယင်းသေနတ်များကြောင့် ရာဇဝတ်မှုမြင့်မားလာ၍ နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူး ဒီမိုကရက်တစ်ပါတီဝင် ဖီလ်မာဖီသည် တစ္ဆေသေနတ်ပိတ်ပင်ရေးဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ခြင်းဖြစ်သည်။

Credit - Myanmar Times


ဝေဖန်သံတညံညံနှင့် ၂၀၁၈ အကယ်ဒမီဂယက်

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားကို မတ် ၂၃ ရက် က ရန်ကုန်မြို့ရှိ The One Entertainment Park ၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု၊ ရုပ်ရှင်အသံဆု၊ ရုပ်ရှင်တည်းဖြတ်ဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ရုပ်ရှင်နောက် ခံတေးဂီတဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတို့ကို ပေးအပ်ခဲ့သည်။
အဆိုပါဆုများကိုပေးအပ်ရာတွင် ရုပ်ရှင်အသံဆုအဖြစ် မုန်းစွဲဇာတ်ကားမှ ဦးအေး၊ ရုပ်ရှင်တည်းဖြတ်ဆုကို ရွှေကြာဇာတ်ကားဖြင့် ကျော်ခိုင်စိုး၊ ရုပ်ရှင်ဓာတ်ပုံဆုကို မုန်းစွဲဇာတ်ကားဖြင့် ဝင်းလွင်ထက်၊ ရုပ်ရှင်နောက်ခံတေးဂီတဆုကို မျက်နှာပြင်များဇာတ်ကားဖြင့် ရှလုံးအမ်ရောနမ်၊ ရုပ်ရှင်ဇာတ်ညွှန်းဆုကို ရွှေကြာဇာတ်ကားဖြင့် အကယ်ဒမီဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာဆုကို မုန်းစွဲဇာတ်ကားဖြင့် ဒါရိုက်တာသြရသ၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုကို ရွှေကြာဇာတ်ကား၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို မုန်းစွဲရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင် ကျော်ကျော် ဗိုလ်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို နောင်တွင်ဥဒါန်းတွင်စေသတည်း ဇာတ်ကားဖြင့် သရုပ်ဆောင်အေးမြတ်သူ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရွှေကြာဇာတ်ကားဖြင့် အကယ်ဒမီ ဖွေးဖွေး၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို မှော်ဝင်သမန်းကျားဇာတ်ကားဖြင့် သရုပ်ဆောင် သူထူးစံတို့ အသီးသီးရရှိခဲ့ကြသည်။
ထိုသို့ဆုများချီးမြှင့်ရာတွင် အချို့သောဆုများ ကြေညာမှုအပြီးမှာပင် ပရိသတ်များ၏ ဝေဖန်မှုများက လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားအရေအတွက်စုစုပေါင်း ၈၃ ကားထဲတွင် အရည်အသွေးရှိသည့် ဇာတ်ကားများအပါအဝင် ပရိသတ်ကြိုက်နှစ်သက်ခဲ့ကြရသည့် ဇာတ်ကား အများအပြားပါဝင်ခဲ့သည်။
၂၀၁၈ တစ်နှစ်တာလုံးပြသခဲ့သည့် ဇာတ်ကား ၈၃ ကားတွင် အကယ်ဒမီဆုပေးပွဲအတွက် ပရိသတ်များ မျှော်လင့်ခဲ့သည့် ဇာတ်ကားများ၊ ရေပန်းစားခဲ့သည့်ဇာတ်ကားများအနက် ‘မုန်းစွဲ’ ၊ ‘ဒမုဒြာခေါ်သံ’၊ ‘မီ’၊ ‘ငဒူ’၊ ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’၊ ‘ဥပါယ်တံမျဉ်’၊ ‘ကြတ်ဂူ’၊ ‘ရန်သူ’၊ ‘ငယ်ကျွန်’ စသည့် ဇာတ်ကားများ ပါဝင်ခဲ့သည်။
အဆိုပါဇာတ်ကားများအနက် ‘မုဒြာခေါ်သံ’ ဇာတ်ကားဖြင့် ဇဏ်ခီနှင့် ခရစ်(စ)တီးနားခီတို့ကိုလည်းကောင်း၊ ‘မုန်းစွဲ’ ဇာတ်ကားဖြင့် နေတိုးနှင့် အေးဝတ်ရည်သောင်းကိုလည်းကောင်း၊ ‘မီ’ ဇာတ်ကားဖြင့် ဒါရိုက်တာဏကြီး နှင့် ပိုင်ဖြိုးသုတို့ကိုလည်း ပရိသတ်များက အကယ်ဒမီရရှိရန်အတွက် မျှော်လင့်ခဲ့ကြသည်။
သို့သော် အမှန်တကယ်ဆုများကြေညာပေးအပ်ချိန်တွင်မူ ပရိသတ်များထင်ကြေးပေးထားသည့် ဇာတ်ကား၊ ဇာတ်ညွှန်းနှင့် သရုပ်ဆောင်ဆုများ ပါဝင်ခြင်းမရှိခဲ့သည့်အတွက် အကယ်ဒမီပေးပွဲမပြီးစီးခင်မှာပင် လူမှုကွန်ရက်တွင် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။
ထိုသို့ ဝေဖန်သူများတွင် ပရိသတ်များအပြင် ရုပ်ရှင်အနုပညာရှင်များ၊ လူမှုရေးနယ်ပယ်မှ ထင်ရှားသူများနှင့် နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လာသည်ကို တွေ့ရသည်။
“ဒီနှစ်အကယ်ဒမီမှာ အဓိက ကတော့ လူငယ်တွေကို နေရာမပေးတာမို့ မကျေနပ်ဘူး။ အဓိက ကတော့ ဇာတ်ညွှန်းဆုနဲ့ ဇာတ်ကားဆုမှာ ဆန်ခါတင်ကားတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ဆိုးဆိုးကိုဖြစ်တယ်။ Old School စတိုင်လ် ပေးသွားတယ်လို့ ခံစားရတယ်” ဟု ကိုစိုးသီဟနောင်က ဆိုသည်။
ထို့ကြောင့် ပရိသတ်မျှော်မှန်းထားပြီး အကယ်ဒမီဆုမရရှိခဲ့သည့် ဇဏ်ခီနှင့် ခရစ်(စ)တီးနားခီတို့အပါအဝင် ‘မီ’ ဇာတ်ကားမှ ဇာတ်ညွှန်းနှင့် ဒါရိုက်တာဏကြီးတို့ကို ပရိသတ်များမှ ပေးသောဆုအဖြစ် ဂုဏ်ပြုပွဲဖြင့် ဆုပေးရန် စီစဉ်နေကြောင်း ゞင်းကဆိုသည်။
“လူငယ်တွေကို အားပေးဖို့ အစကတော့ ကျွန်တော်တစ်ယောက်တည်း စီစဉ်ပေမဲ့ အခုတော့ အခြားပူးပေါင်း ပါဝင်သူတွေပါလာပြီးတော့ ဂုဏ်ပြုဆုပေးဖို့ စီစဉ်နေပါတယ်။ ရုပ်ရှင်အကဲဖြတ်ဆိုတာကို ဘေးဖယ်ပြီး ပရိသတ်တွေက ပေးတဲ့ဆုအဖြစ် ဇဏ်ခီတို့စုံတွဲနဲ့ ‘မီ’ ဇာတ်ကားက ဏကြီးတို့ကို ဆုပေးဖို့စီစဉ်နေပါတယ်” ဟု ကိုစိုးသီဟနောင်က ဆိုသည်။
ထို့ပြင် အနုပညာရှင်များကိုယ်တိုင်ကလည်း ၂၀၁၈ အကယ်ဒမီဆုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများပြုလာသည်ကို တွေ့ရသည်။ အကယ်ဒမီလွင်မိုးက ゞင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အကယ်ဒမီဆုနှင့်ပတ်သက်၍ ‘၂၀၁၈ . . အကယ်ဒမီ ရှက်စရာအလွန်ကောင်းသည်’ ဟု မတ် ၂၄ ရက်တွင် ရေးသားထားသည်။
အကယ်ဒမီ ဒါရိုက်တာ ဇင်ရော်မောင်မောင်ကလည်း “၂၀၁၇ ကစပြီး အကယ်ဒမီလွဲခဲ့သော ဇာတ်ကားများနှင့် ဆုများရရှိခဲ့သော ဇာတ်ကား TV Channel များတွင် ယှဉ်၍ပြပါ” ဟု ゞင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
ထို့ပြင် စာရေးဆရာဟိန်းလတ်က “တချို့က ညံ့မှကြိုက်တယ်။ ဆရာမောင်သာရရဲ့ ဝတ္ထုနာမည် ဒီနှစ်အကယ်ဒမီကို ကြိုနိမိတ်ဖတ်ထားတာများလား” ဟု ゞင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
အနုပညာနယ်ပယ်မဟုတ်သည့် နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း အကယ်ဒမီဆုရွေးချယ်ရေး အကဲဖြတ်မှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက “အားနာလိုက်တာ ပြည်သူတွေက အဆင့်မမီတာ မဟုတ်ပါဘူးနော်၊ Professional ဆိုတာ နားမလည်သူတွေကြောင့်ပါ” ဟု မတ် ၂၃ ရက်က ゞင်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကမူ ゞင်း၏ လူမှုကွန်ရက်စာမျက်နှာ Profile Picture တွင် ဇဏ်ခီနှင့် ခရစ်(စ)တီးနားခီတို့ စုံတွဲပုံနှင့် ဒါရိုက်တာဏကြီးနှင့် ပိုင်ဖြိုးသုတို့၏စုံတွဲပုံများကို ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် အကယ်ဒမီဆုတွင် ဆုတစ်ဆုမှ မရရှိခဲ့သည့် ‘မုဒြာခေါ်သံ’ ဇာတ်ကား၏ နိုင်ငံတကာတွင် ပြသခဲ့ပြီးရရှိခဲ့သည့် ဆုများကိုလည်း ပရိသတ်များက လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားတင်ပြကာ နှိုင်းယှဉ်မှုများ ပြုလုပ်ခဲ့ကြသည်။
အကယ်ဒမီဆုများစွာကို သိမ်းပိုက်ရရှိနိုင်မည်ဟု ပရိသတ်များနှင့် အနုပညာရှင်များက ခန့်မှန်းထင်ကြေးပေးခဲ့ကြသည့် ‘မုန်းစွဲ’ ဇာတ်ကားတွင် အဓိကဇာတ်ဆောင်နေတိုး နှင့် အမျိုးသမီးဇာတ်ပို့ဆု အေးဝတ်ရည်သောင်းတို့ မရရှိခဲ့ခြင်းအတွက် ပရိသတ်များက ဝေဖန်မှုများစွာ ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့တွေအားလုံး မုန်းစွဲဇာတ်ကားအတွက် အကောင်းဆုံးကြိုးစားခဲ့ကြတယ်။ ပရိသတ်တွေရဲ့ အားပေးမှုရခဲ့တယ်။ အကယ်ဒမီနဲ့ပတ်သက်ရင်တော့ ကိုယ့်ဇာတ်ကားက ရည်ရွယ်ချက်မကောင်းသေးလို့၊ ဇာတ်ကားမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေလည်း အကယ်ဒမီစံချိန်၊ စံနှုန်းတွေနဲ့ အံဝင်ခွင်ကျမဖြစ်ခဲ့လို့ လို့ပဲသတ်မှတ်ပါတယ်” ဟု ‘မုန်းစွဲ’ ဇာတ်ကားထုတ်လုပ်သည့် 7th Sense Film Production မှ ကိုဝေမင်းမောင်က ဆိုသည်။
အကယ်ဒမီဆုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ပရိသတ်ဝေဖန်မှုကို အများဆုံးခံရသူမှာ ရွှေကြာဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့သည့် ဒါရိုက်တာဝိုင်းဖြစ်သည်ကို တွေ့ရသည်။
ဒါရိုက်တာဝိုင်းအနေဖြင့် အကောင်းဆုံးဇာတ်ညွှန်းဆု အကယ်ဒမီရရှိပြီးချိန်တွင် စင်ပေါ်၌ ကျေးဇူးတင်စကား ပြောကြားမှုနှင့်ပတ်သက်၍လည်း ပရိသတ်များက ဝေဖန်ခဲ့ကြသည်။ ထို့ပြင် ゞင်း၏ လူမှုကွန်ရက်စာမျက်နှာထက်၌ အကယ်ဒမီဆုနှင့် တွဲရိုက်ထားသည့် ပထမပို့စ်တင်ချိန်တွင် မှတ်ချက်ပေးသူဦးရေ ၂၃၀ဝ ကျော်ရှိခဲ့ပြီး ဒုတိယပို့စ်တွင်မှတ်ချက် ပေးသူဦးရေမှာ ၃၆၀ဝ ကျော်အထိရှိခဲ့သည်။
အဆိုပါမှတ်ချက်ပေးမှုများထဲတွင် ပရိသတ်အများစုက ဆုရရှိခြင်းအပေါ် မနှစ်သက်သည့် ဝေဖန်မှုများရေးသားခဲ့ကြသည်ကို တွေ့ရသည်။ ゞင်း၏ပို့စ်ကို ပြန်လည်မျှဝေသူများပြားခဲ့ပြီး ၅၀ဝ၀ ကျော်အထိ ရှိခဲ့သည်ကို တွေ့ရသည်။
လက်ရှိအချိန်တွင် ၂၀၁၈ ခုနှစ်မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ပြီးဆုံးသွားပြီဖြစ်သော်လည်း ပရိသတ်များ၊ အနုပညာရှင်များနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များ၏ လူမှုကွန်ရက်စာမျက်နှာများတွင် အကယ်ဒမီပေးပွဲနှင့်ပတ်သက်၍ ဝေဖန်မှုများက အသံထွက်နေဆဲဖြစ်သည်။
၂၀၁၈ ခုနှစ်သည် နိမ့်ကျနေသော မြန်မာ့ရုပ်ရှင်လောကအတွက် လူငယ်များ၏ ကြိုးစားအားထုတ်မှုဖြင့် အရည်အသွေးရှိသည့် ဇာတ်ကားကောင်းများထွက်ရှိလာသောကြောင့် အရွေ့တစ်ခုအထိ သက်ရောက်မှုကြီးမားခဲ့သည်။
“၁၀ စုနှစ်တစ်ခုကျော်ကြာအောင် မြန်မာရုပ်ရှင်ကားတွေကို မကြည့်ခဲ့ဘူး။ အခု ၂၀၁၈ ကျမှ ဇာဏ်ခီတို့ရဲ့ ဥပါယ်တံမျဉ်ကို ပြန်ကြည့်ဖြစ်ရင်း မြန်မာရုပ်ရှင်လောက အပြောင်းအလဲကို စိတ်ဝင်စားတာနဲ့ ပြန်ကြည့်ဖြစ်တာ။ ဒါပေမဲ့ အတော်လေးကို နည်းပါတယ်။ ဆယ်စုနှစ်တစ်ခု မတိုင်ခင်ကတော့ မြန်မာရုပ်ရှင်ကားတွေကို လစဉ်နီးပါးလောက် ကြည့်ဖြစ်တယ်။ တကယ်လည်း သဘောကျကြိုက်ခဲ့တယ်။ ဒွေးတို့ ခေတ်ကာလလောက်ကပေါ့။ နောက်ပိုင်း အနှစ်သာရမဲ့ကားတွေများလာတော့ မကြည့်ချင်တော့ဘူး။ အဲဒါကြောင့် အခုအကယ်ဒမီပွဲမှာ ရုပ်ရှင်လောက အရွေ့ဘယ်လောက်ထိ ရွေ့မလဲဆိုတာကို စိတ်ဝင်စားလို့ စောင့်ကြည့်မိတယ်။ ဒါပေမဲ့ ထင်သလောက်ဖြစ်မလာတဲ့အပြင် စိတ်ပျက်မိတယ်။ အခုရသွားတဲ့ ကားတွေထက် ပိုထိုက်တန်တဲ့ကားတွေ မရတာကို နှမြောမိတယ်။ အသိအမှတ်ပြု မခံရဘူးပေါ့။ အဲသလို ခံစားရတယ်။ ပရိသတ်ကို စော်ကားသလို ခံစားလိုက်ရတယ်” ဟု ကိုဇေယျာဦးက ဆိုသည်။
မြန်မာ့ရုပ်ရှင်တိုးတက်မှုတွင် အဓိကအခန်းကဏ္ဍဍမှ ပါဝင်ခဲ့သည့် လူငယ်များ၏ ဇာတ်ကားများမှာ ယခုနှစ်အကယ်ဒမီဆုပေးပွဲတွင် ဆုမရရှိခြင်းသည် ရုပ်ရှင်မျိုးဆက်သစ်များ၏ အနုပညာဖန်တီးနိုင်စွမ်းနှင့် မြန်မာ့ရုပ်ရှင် အနာဂတ်အလားအလာအပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာမည်လား ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
“ဒီနှစ်အကယ်ဒမီက ပွဲကျပ်ပါတယ်။ ဇာတ်ကားကောင်းတွေများတယ်။ အရင်နှစ်တွေကတော့ ဇာတ်ကားကိုမကြည့်ရတဲ့ ပရိသတ်များတာရှိပေမဲ့ ဒီနှစ်ကတော့ ဇာတ်ကားကောင်းတွေများသလို အဲဒီဇာတ်ကားတွေကလည်း ပရိသတ်တွေ အရမ်းအားပေးခဲ့ကြတဲ့ ဇာတ်ကားတွေဆိုတော့ ဝေဖန်မှုတွေကလည်း ပိုပြီးများလာတာပါ။ ရုပ်ရှင်အပေါ် ပရိသတ်တွေ အားပေးမှုများနေချိန်မှာ ပရိသတ်တွေ စိတ်ပျက်သွားကြတာလို့ မြင်ပါတယ်” ဟု ရုပ်ရှင်ဖြန့်ချိရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
Credit - Eleven


တပ်မတော်က AA အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌဌ ပြောကြား

တပ်မတော်က AA အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

မတ် ၂၅ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ပြုလုပ်သည့် အပစ်အခတ်ရပ်စဲထားသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက AA အဖွဲ့အနေဖြင့် အစိုးရနှင့် တပ်မတော်ဘက်က ရေးထိုးစေချင်သည့် Deep of Commitment ကိုလက်မခံဘဲ Bilateral ရေးထိုးလိုပြီး ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထား မည်သို့ရှိကြောင်း မေးမြန်းမှုကို တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အတိုဆုံး တစ်လုံးတည်းပြောရမယ်ဆိုရင် တပ်မတော်က AA ကို အကြမ်းဖက်သောင်းကျန်းသူလို့ သတ်မှတ်ထားပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူဟု သုံးနှုန်းသတ်မှတ်ရခြင်းမှာ တရားဥပဒေစိုးမိုး ရေးဆောင်ရွက်နေသည့် ရဲစခန်းများ၊ အုပ် ချုပ်ရေးယန္တရားအဆင့်ဆင့်တွင် ပါဝင်သူများ ကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် လုပ်ရပ်များကြောင့်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

“ခုနကပြောတဲ့ အကြမ်းဖက်သောင်း ကျန်းသူလို့ ကျွန်တော်တို့က သုံးနှုန်းတယ်။ အကြမ်းဖက်သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းကလည်း ရှင်းရှင်းလေးပဲ။ ခုနကပြောတဲ့ ရဲစခန်းတစ်ခုကို ဟုတ်လား၊ ရဲစခန်းဆိုတာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ကြတာ။ ပြည်သူလူထုအတွက်ကို အကူအညီပေးတဲ့ ရဲတပ်ဖွဲ့၊ ပြီးရင် အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားအဆင့်ဆင့် ခုနကပြောတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေကစပြီးတော့မှ ခုနက ဒီအုပ်ချုပ်မှုယန္တရားအဆင့်ဆင့်မှာ ပါဝင်ကြတဲ့လူတွေကို ဥပဒေမဲ့လုပ်ရပ်တွေနဲ့ သတ်တာဖြတ်တာ၊ ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာ၊ ဆက်ကြေးတွေတောင်းတာ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ စတဲ့လုပ်ရပ်တွေ၊ ပြီးရင်ဖျက်ဆီးတယ်။ မီးရှို့တယ်။ ဒီလုပ်ရပ်တွေက အကြမ်းဖက်လုပ်ရပ်မဟုတ်လို့ ကျွန်တော်တို့က ဘာလုပ်ရပ်လို့ ပြောရမှာလဲ။ အဲတော့ အကြမ်းဖက်သောင်းကျန်းသူလို့ သတ်မှတ်တာ ရိုးရိုးလေးပဲ ရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ခွဲခြားပြီးမြင်ဖို့တော့ လိုတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး ညီညီညွတ်ညွတ်ရှိနေကြရန်လိုအပ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားကြောင်း ゞင်းက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “လက်ရှိ ရှိနေတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းမှာရှိနေသူအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေကြဖို့ လိုအပ်တာဖြစ်ပါတယ်။ အဲဒီလို စည်းစည်းလုံးလုံး နေကြဖို့လိုအပ်တဲ့ အချိန်မှာ ကျွန်တော်တို့မှာ ခုနကပြောတဲ့ အန္တရာယ်မျိုးစုံရှိတာပေါ့။ အဲ့ဒီအန္တရာယ် မျိုးစုံတွေအတွက် ကျွန်တော်တို့က စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်မနေကြဘဲ တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားပွားနေရင်တော့ ကျွန်တော်တို့ တိုင်းပြည်ကို သူများရန်ရှာခံရမှာပဲ ဖြစ်ပါတယ်။ ဒါက ဘယ်လို လွယ်လွယ်လေးပါပဲ။ ဘယ်လိုပဲတွေးတွေး ကျွန်တော်တို့ အခုဒီမှာလည်း အားလုံးအများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း နိုင်ငံသားပါပဲ။ တပ်မတော်သားတွေလည်း နိုင်ငံသားတွေပဲ တိုင်းရင်းသားပြည်သူလူထုတွေအားလုံးလည်း နိုင်ငံသားတွေပဲ။ ဒီနိုင်ငံသားတွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အမုန်းမပွားဘဲ ခုနကပြောတဲ့ EAO တွေဆိုတာလည်း ကျွန်တော်တို့ သူတို့အယူအဆနဲ့သူတို့ ဒီဆောင်ရွက်နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ ဒီလိုမျိုး စည်းစည်းလုံးလုံးဖြစ်စေချင်လို့ ငြိမ်းချမ်းရေးလမ်းဖွင့် ပေးထားတဲ့ အဲ့ဒီငြိမ်းချမ်းရေးလမ်း ဖွင့်ပေးထားတဲ့အပေါ်မှာ အကြောင်းအမျိုးမျိုးတွေ ဖြစ်အောင်လို့ ခုနကပြောတဲ့ သတင်းအမျိုးမျိုးတွေ ထုတ်လွှင့်နေတာရှိတာပေါ့။ ဒါကြောင့် မလို့ကျွန်တော်တို့က ရပ်တည်ချက်ပြောင်းလည်း မပြောင်းဘူး။ ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်လည်း မဖြစ်ဘူး” ဟု ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နိုင်ငံအတွင်းစည်းလုံးရေး၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေနှင့် နိုင်ငံရေး အခြေအနေများသည် တည်ငြိမ်အေးချမ်းမှု မရှိပါက မည်သို့မျှ လုပ်ဆောင်၍ရမည် မဟုတ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးစနစ်တွေ အဆင့်ဆင့်ပြောင်းခဲ့တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ နိုင်ငံရေးစနစ် ပြောင်းလဲမှု မရှိသလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လွတ်လပ်ရေးရကတည်းက စလိုက်တဲ့ နိုင်ငံရေးစနစ်က အခုချိန်အထိ အပြောင်းအလဲတွေ၊ ခုနကပြောတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကစပြီးတော့မှ ခုနကပြောတဲ့ ဒီကြားထဲမှာ အိမ်စောင့်အစိုးရ၊ တော်လှန်ရေး ကောင်စီ၊ ပြီးရင် ခုနက ဆိုရှယ်လစ်၊ ဆိုရှယ်လစ်တစ်ပါတီခေတ်၊ ဒီကနေပြီးကျတော့မှ တပ်မတော်အစိုးရ၊ ပြီးရင်ကျွန်တော်တို့ ပါတီစုံ၊ အခု ကျွန်တော်တို့အားလုံး သွားချင်နေတယ်ဆိုတဲ့ ဒီမိုကရေစီ၊ အားလုံး ပြည်သူလူထုက သွားချင်နေတယ်။၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကလည်း သွားချင်တယ်။ အားလုံးသွားချင်ကြတာပဲ။ သွားချင်ကြတဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက်ကို ကျွန်တော်တို့ တည်ထားပေးတယ်။ တည်ထားပေးထားတယ်။ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လို့။ ခုနက Transition ကာလကို ကမ္ဘာပေါ်မှာ မြန်မာ Model လို့တောင် ပြောရလောက်အောင် ဟုတ်လား၊ ကျွန်တော်တို့ ခုနကပြောတဲ့ ဒီတပ်မတော်အစိုးရကနေပြီးတော့ အရပ်သားအစိုးရကို ငြင်ငြင်သာသာနဲ့ သွေးထွက်သံယိုမရှိဘဲနဲ့ လွှဲပေးလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်တာဟာ အင်မတန်မှ ရှင်းပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိပါက တရားဥပဒေစိုးမိုးမှုရှိမည်မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှုမရှိပါက စီးပွားရေးလည်း အဆင်ပြေမည်မဟုတ်ကြောင်း၊ ပြည်သူများလိုလားသည့် အေးအေးချမ်းချမ်းနှင့် စားဝတ်နေရေး မဆင်ပြေစေရန်အတွက် တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “အခု တည်ငြိမ်အေးချမ်းနေတဲ့ ကျွန်တော်တို့ ဒီနေရာတွေနဲ့ တည်ငြိမ်အေးချမ်းမှု မရှိတဲ့နေရာ၊ ဒုက္ခရောက်နေတဲ့ လူတွေပြည်သူလူထုပဲ။ ကျွန်တော်တို့ ဒီမှာ အေးအေးချမ်းချမ်းနေရတဲ့သူ ပြည်သူလူထုပဲ။ နေရာဒေသနဲ့ ခုနကပြောတဲ့ တည်ငြိမ်အေးချမ်းမှုရှိတာနဲ့ မရှိတာနဲ့ ကွာခြားချက်ကို ကျွန်တော်တို့က သိကြပြီးသားပဲ။ ဒါကြောင့်မလို့ ကျွန်တော်တို့က တပ်မတော်ကိုယ်၌ကိုယ်က လိုလိုလားလားနဲ့ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေး လမ်းကြောင်းကိုလည်း ကျွန်တော်တို့ ဖွင့်ထားပြီ။ ၂၀၂၀ မှာလည်း ဒီငြိမ်းချမ်းရေးကို မြန်မြန်ဖြစ်မြောက်အောင် သန္နိဋ္ဌဌာန်ချထားတာ။ ဒီမှာ ကျွန်တော်တို့ အားလုံးကို ဖိတ်ခေါ်ထားတာ။ မလာနဲ့လို့ တစ်ယောက်မှ မပြောဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဖိတ်ခေါ်ထားတာကို အကြောင်းအမျိုးမျိုးပြပြီးတော့လာတယ်၊ မလာဘူး။ ဆွေးနွေးတယ်၊ မဆွေးနွေးဘူး။ ခုနကပြောတဲ့ ကျွန်တော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ ကျွန်တော်တို့ ဒီလိုပဲ သွားရမှာပေါ့။ တပ်မတော်က တစ်မျိုးဖြစ်လို့ မရဘူး။ အစိုးရကလည်း တစ်မျိုးဖြစ်လို့ မရဘူး။ ပြည်သူလူထုလည်း တစ်မျိုးဖြစ်လို့ မရဘူး။အားလုံးက ဒီနိုင်ငံထဲမှာ ရှိနေကြတဲ့ ဒီနိုင်ငံသူ နိုင်ငံသားအားလုံး ဘုံအကျိုးစီးပွားအတွက်ကို အမျိုးသားအကျိုးစီးပွားအတွက်ကို ကျွန်တော်တို့ အတူတူသွားကြဖို့၊ ညီညီညွတ်ညွတ်ရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေမပွားဖို့ ဒါရှင်းရှင်းလေးပါ။ ခုနကပြောတဲ့ ဒီအပေါ်မှာ စကားလုံးတွေ အကျအနလိုက်ကောက်ပြီးတော့မှ ပြောနေမယ်ဆိုလို့ရှိရင်တော့ တစ်သက်လုံးတစ်ယောက်နဲ့တစ်ယောက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်တော်တို့ အထူးမေတ္တာရပ်ခံလိုပါတယ်” ဟု ပြောကြားသည်။

Credit - Eleven




Sunday, March 24, 2019

Women Stand Together !!!! အမျိး သမီး တွေ အတူတကွ ရပ် ကြစို့ !!!


မောင်ဖြစ်သူနဲ့ပတ်သက်လို့ မျက်နှာကို အက်စစ်နဲ့ ပက်သူ အမျိုးသမီး ထောင်ဒဏ် ၇ နှစ် ကျ
---------------------------------------------

ရေချိုးနေချိန်ခြေသံတစ်ခု ကိုသူကြားလိုက်မိတော့ အိမ်ရှင်က အင်္ကျီ အဝတ်တွေလျှော်ဖို့ သူ့ကိုလာပို့ပေးတဲ့ အထင်နဲ့ နားစွင့်မိလိုက်ပါတယ်။ ခေါင်း လျှော်နေချိန်ဖြစ်လို့

ဆပ်ပြာအမြှုပ်တွေ ဖုံး အုပ်နေလို့ သဲသဲကွဲကွဲမမြင်ရဘဲ စိမ်း ပြာ ရောင်အငွေ့တွေနဲ့အတူ တံခါးဝမှာ အိမ်ရှင် မ ကို သူတွေ့ လိုက် ရပါတယ်။

ဘာဖြစ်တာလဲလို့မစဉ်းစားမိသေးချိန် မှာ ပက်လိုက်တဲ့အရည်တွေကြောင့် သူ ရေဝတ်ချိုးနေတဲ့ထဘီဟာ တစ်စစီဖြစ် သွားပြီး အောက်ကိုကွာကျသွားသလို ဆံပင် တွေပါ ကွာကျလာပါတယ်။

သူ့ရဲ့ ကြောက် လန့်တကြားအော်ဟစ်သံ ကြောင့် အိမ်ရှင်တွေဆင်းလာတဲ့ အချိန် သူ့ ကိုပက် လိုက် တဲ့အိမ်ရှင်မကတော့ ဆိုင် ကယ် နဲ့ အ ပြင် ထွက် သွားသံကို သူမ ကြား လိုက် ရပါ တယ်။

“ရေလောင်းလိုက်လို့ပြောလိုက်တော့ လောင်းလိုက်တာ တအားပူပြီး အငွေ့တွေ ထွက်လာတယ်၊ လဲလိုက်တဲ့ထဘီ နှစ်ထည် လုံးစုတ်ပြတ်သွားတာ”လို့

အသက် ၂၀ ကျော်အရွယ် ဓနုတိုင်းရင်းသူမိန်းကလေး ငယ်က လွန်ခဲ့တဲ့ ၁၀ နှစ် ခန့်က သူကြုံတွေ့ ခဲ့ရ တာကို ပြန်ပြောပြနေပါတယ်။

အဲသည်မိန်းကလေးမှာ နားရွက်တစ် ဖက် မရှိသလို မျက်လုံးတစ်လုံးပါဆုံးရှုံးခဲ့ ရ တယ်။ ကျန်တဲ့မျက်လုံးတစ်ဖက်က လည်း အက်စစ်အငွေ့ရိုက်မှုကြောင့် အနည်းငယ် သာ

မြင်ရပါတော့တယ်။ ဘယ်ဖက်လက် မောင်း မှာတော့ အမာရွတ်တွေအပြင် အဖြူ ကွက်တွေနဲ့ကွေးလို့မရသေးတဲ့ လက် မောင်း တွေက သူရှေ့ဆက်ရမယ့်အနာ ဂတ် အတွက် ကျိန်စာသင့်သလို ခံစားနေ ရ ပါတယ်။

ရင်သားနေရာမှာလည်း အနာရွတ် တွေ ပြည့်နေသလို အက်စစ်နဲ့အပက်ခံရ တဲ့ ပေါင်နှစ်ဖက်က သေရာပါဒဏ်ရာတွေ တွေ့တိုင်း သူခံစားခဲ့ရတဲ့ ငရဲကျနေ့ရက် တွေကို မြင်ယောင်နေစေပါတယ်။

ရှစ်နှစ်ကြာနေအိမ်အတွင်း အခန်း ငယ်တစ်ခုမှာ လှောင်ပိတ်ခံထားရကာ ဆေးဝါးကုသမှုမခံခဲ့ရတဲ့သူမဟာ ပြင်ပ က လူတွေနဲ့အဆက်အသွယ်ဖြတ်ပြီး နေထိုင်ခဲ့ ရတာပါ။

ရေချိုးနေစဉ်အက်စစ်နဲ့ အပက်ခံရ တာကြောင့် မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့အ ပြားပျက်စီးဆုံးရှုံးခဲ့ရတဲ့ အသက် ၂၀ ကျော် အရွယ် နန်းမေဇင်ဦးဟာ သူ့ကို နာကျင် အောင်ပြုလုပ်ခဲ့သူတွေကို မျှတတဲ့ပြစ်ဒဏ် ပေးဖို့ မျှော်လင့်နေပါတယ်။

နေအိမ်ကနေထွက်ပြေးလွှတ် မြောက် ခဲ့ပြီး နောက်ပိုင်း အက်စစ်နဲ့ ပက်တဲ့ အိမ် ရှင်အမျိုး သမီးအပါအဝင် အိမ် ရှင်တွေကို မန္တလေးတိုင်း အမျိုးသမီးရေး ရာအသင်း အ ကူ အညီနဲ့အမှုဖွင့် အရေးယူ ခဲ့ပါ တယ်။

အက်စစ်နဲ့ပက်ခဲ့တဲ့အိမ်ရှင်အမျိုး သမီး မနီနီနုနွယ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ဖို့ မန္တလေးတိုင်းချမ်းမြသာစည်

မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး လူ ကုန်ကူးမှုနဲ့ပတ်သက်တဲ့အမှုတွေကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။

ပုံပန်းသဏ္ဍဍန် ဆိုးရွားစွာ ပျက်စီးသွား အောင်လုပ်သူကို ထောင်ဒဏ် ခုနစ်နှစ်ပဲ ချတာကို သူ့အနေနဲ့ မကျေနပ်ဘဲမျှတတဲ့ ပြစ်ဒဏ်ချပေးဖို့ တောင်းဆိုနေပါတယ်။

“အက်စစ်နဲ့လောင်းပြီး လှောင်ပိတ် ခဲ့တာက ရှစ်နှစ် ထောင်ကျတာက ခုနစ်နှစ် ဆိုတော့ မတန်ဘူး၊ အရမ်းကို နာကျင် ရတယ်၊ မုဒိမ်းမှုဖြစ်ရင်တောင် ဘဝကို ပြောင်းလဲလို့ရတယ်၊

ခန္ဓာကိုယ်ပျက်စီး တာကို ဒီလောက်ချတာက အခြားသူ တွေလို ပျော်ပျော်ရွှင်ရွှင် ဘယ်လိုနေလို့ ရတော့မှာလဲ”လို့ ကွေးလို့မရသေးတဲ့ ဒဏ်ရာတွေပြည့်နေတဲ့ ရှုံ့တွတွန့်ကြေ နေတဲ့လက်တစ်ဖက်ကို ကြည့်ရင်း မနန်း မေဇင်ဦးက ပြော ပါတယ်။

အကြောင်းရင်းက

သူဟာ အသက် ၁၄ နှစ်အရွယ်က စပြီး သူ့ဇာတိရွာငံမြို့နယ် နားဘန်း ကြီးကျေးရွာကနေ မန္တလေးမြို့မှာ တစ်လ ကို ကျပ် ၁ဝဝဝဝ နဲ့ အလုပ်လုပ်ဖို့ နီနီ နုနွယ်ရဲ့ ယောက္ခမ ဒေါ်

မိုးမိုးက သူပိုင်တဲ့ ကုန်စုံဆိုင်မှာ အလုပ်လုပ်ဖို့ခေါ်လာခဲ့ တာ ပါ။ ဒေါ်မိုးမိုးရဲ့ကုန်စုံဆိုင်ပိတ်လိုက်တာ ကြောင့် နေအိမ်မှာ ခေတ္တနေချိန်အတွင်း ချွေးမဖြစ်သူရဲ့ အက်စစ်နဲ့ပက်တာကို ခံခဲ့ရတာပါ။

အက်စစ်နဲ့အပက်ခံရပြီး မကြာခဏ သတိလစ်နေတဲ့သူဟာ သတိရလာချိန် သူ့ကို ဘာကြောင့် ပက်တာလဲဆိုတာကို

သိချင်လို့မေးမြန်းချိန်မှာတော့ နင့်ကို ဖျက်ဆီးရတဲ့အကြောင်းက သူ့ဝမ်းကွဲ မောင်လေးနဲ့ပတ်သက်ခဲ့လို့ပက်တာလို့ အိမ်ရှင်က သူ့ကို ပြန်ပြောတယ်လို့ ဆိုပါ တယ်။

အက်စစ်နဲ့အပက်ခံရတဲ့ ညပိုင်းမှာ သူ့ကို ပြင်ဦးလွင်က ဆေးရုံမှာ ကုပေးဖို့ ခေါ်သွားခဲ့ပေမဲ့ မကုပေးဘဲ နေအိမ်အ တွင်းမှာသာနေခိုင်းပြီး

တစ်ခါတစ်ရံ ဒေါ်မိုး မိုးက ဆေးလိမ်းပေးတာတွေလုပ်ပေမဲ့ ဆေးခန်းပြတာမျိုး မလုပ်ပေးခဲ့ပါဘူး။

နီနီနုနွယ်ရဲ့မောင်ဆိုသူနဲ့နန်းမေဇင် ဦးဟာ ဒေါ်မိုးမိုးရဲ့ခွင့်ပြုချက်နဲ့ အခြား သော အဖော်တွေနဲ့အတူ ၂ဝဝ၉ ခုနှစ် သင်္က࿿န်ြမှာ တစ်ရက်လည်ခဲ့ဖူးပြီး ၁၀ ရက် အကြာမှာ အက်စစ်နဲ့ပက်ခံခဲ့ရတာပါ။

နေအိမ်ထဲမှာနေနေခဲ့ရတဲ့အချိန် နှစ် နှစ်ကျော်ကြာအောင် မှန်မကြည့်ခဲ့ပါဘူး။ သူ့ မျက်နှာ သည်လောက်ဆိုးဆိုးရွားရွား ဖြစ်မှန်း သူမသိခဲ့ဘဲ သူ့အမေနဲ့တွေ့ပြီးမှ သေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက် ဆက်ခဲ့ရပါတယ်။

“ပက်တဲ့နေ့ကစပြီး သူတို့တံခါးတွေ လှောင်ပိတ်ပြီးထားတာ ဒဏ်ရာကြောင့် မမှတ်မိတဲ့အချိန်တွေလဲရှိတယ်၊ ကျွေး တဲ့ ဟင်းကလဲ စားလို့မရတဲ့ဟာတွေ

ထမင်းသိုးဟင်းသိုးတွေပဲ စားခဲ့ရတာများ တယ်”လို့ နန်းမေဇင်ဦးက အတိတ်ကဖြစ် ရပ်ကို ပြန်ပြောပါတယ်။

အက်စစ်နဲ့အပက်ခံရပြီး လေးနှစ်ခွဲ ကျော်ကြာချိန်မှာတော့ ထမင်းချက်ပေး တာ၊ အဝတ်လျှော်ပေးရတာမျိုးတွေ လုပ် ပေးရပေမဲ့ ခန္ဓာကိုယ်တစ်ခြမ်းသာ

လှုပ် ရှားနိုင်တာကြောင့် အလုပ်မတွင်လို့ နီနီနု နွယ်က နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့သေး တယ် လို့ ဆိုပါတယ်။

“သေသေရှင်ရှင် သူတို့က စိတ်မဝင် စားတော့ဘူး၊ ဒဏ်ရာသက်သာလာချိန် ထ မင်းချက်တာ၊ အဝတ်လျှော်တာတွေ ကို လက်တစ်ဖက်တည်းနဲ့လုပ်ခဲ့ရတယ်၊

ဘယ်လောက်ပဲလုပ်ပေးပေး သူတို့က ကျေ နပ်မှုမရှိဘူး”လို့ နန်းမေဇင်ဦးက ပြော ပါတယ်။

ထွက်ပြေးပြီ

အဲသည်နေ့က သူတို့အိမ်မှာ စကိုင်း နက်ရုပ်သံစက်ကို ပြင်နေသူတွေ ရောက် လာလို့ သူ့ကိုအခန်းတံခါးပိတ်ပြီး နေစေ ခဲ့ပါတယ်။

ပြင်နေတဲ့သူတွေပြန်သွားချိန် အိမ်ရှင်က သော့ခတ်ဖို့မေ့သွားတာ ကြောင့် အရဲစွန့်ပြီး အပြင်ကို ပြေးထွက်ခဲ့ မိပါတယ်။

နင့်မျက်နှာမြင်ရင်လူတွေလန့်မယ်ဆို တဲ့ ခြိမ်းခြောက်ချက်တွေ၊ ထွက်ပြေးရင် လည်း ပိုက်ဆံခိုးပြီး ထွက်ပြေးတယ်ဆိုပြီး ရဲစခန်းတိုင်မယ်။

မိဘတွေကိုပါ ထောင် ထဲထည့်လို့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငါးတန်းအထိသာ ကျောင်းနေဖူးတဲ့သူ က ယုံခဲ့မိတာပါ။

နေအိမ်ကနေထွက်ပြေးပြီး အရင်အ လုပ်လုပ်ခဲ့တဲ့နေရာက လူကြီးတစ် ယောက် အိမ်ကိုသွားခဲ့ရာကနေ အမျိုး သမီးရေးရာအသင်းကော်မတီနဲ့လူကုန်

ကူးမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့အကူအညီနဲ့ သူ့ကို နှိပ်စက်ခဲ့သူတွေကို အမှုဖွင့်နိုင်ခဲ့ပါ တယ်။

မန္တလေးဆေးရုံကြီးမှာ ၁၀ ရက် ကျော်ကြာ ဆေးကုသမှုခံယူပြီး ဇာတိ ကျေးရွာကိုပြန်ကာ မိဘတွေနဲ့အတူ နေ ထိုင်နေတာ နှစ်လကျော်သာ ကြာပါသေး တယ်။

နေအိမ်ကို ရောက်နေချိန်မှာ အက် စစ်နဲ့ပက်တဲ့အမျိုးသမီးကို အပြင်းအထန် နာကျင်စေမှုနဲ့ ထောင် ခုနစ်နှစ်ကျခံဖို့ အမိန့်ချလိုက်တာကို

လူမှုကွန်ရက်စာမျက် နှာပေါ်မှာ သိလိုက်ရချိန် သူဝမ်းနည်းစွာ ငိုကျွေးမိပါတယ်။

အမှုရင်ဆိုင်နေရချိန် နုတ်ပါက ထောင်ထဲမှာ ခြောက်နှစ်ကြာပဲ နေရမှာ ဖြစ်တဲ့အတွက် သူ့ကို အပြင်းအထန်ဒဏ် ရာ ရ အောင်လုပ်ပြီး

ဘဝတစ်လျှောက်လုံး လူတောမတိုးတော့တဲ့ ဖြစ်ရပ်နဲ့စာရင် နည်း လွန်းတယ်လို့ သူခံစားနေရပါတယ်။

သူက “ မျှော်လင့်ထားတာက နှစ် ပေါင်း ၂၀ အနည်းဆုံးကျမယ်လို့ မျှော်လင့် ထားတာပိုက်ဆံကြောင့် နည်းနည်းပဲချ တာ ဆိုရင် လူတကာ ဒီလိုလုပ်နိုင်တယ်၊

လူတစ်ယောက်ကိုပျက်စီးအောင်လုပ်ပြီး ထောင်ထဲမှာ ခြောက်နှစ်ဆိုတာက ခဏ လေးနဲ့ပြည့်သွားမှာ၊ လွန်ခဲ့တဲ့ ရှစ်နှစ်လုံး လုံး ခံနေရတဲ့ ဒုက္ခက ရှေ့ ဆက်ဘယ်လိုမှ မလုပ်နိုင်ဘူး၊ ညီမလို အခြားသူတွေကို လဲမဖြစ်စေချင်ဘူး၊

လက်ရှိ ပြင်ပ က လူ တွေ နဲ့မတွေ့ရဲဘဲ နေ အိမ်မှာ နေနေ ရတဲ့ သူ့ဘဝကို သိမ်ငယ်နေ တယ်” လို့ သူ က ပြောပါတယ်။

လက်ရှိနေအိမ်မှာ ဘာအလုပ်မှ မလုပ်ဘဲနေနေရပေမဲ့ သူမ လုပ်ချင်တဲ့ အ လုပ်တစ်ခုက စက်ချုပ်တဲ့အလုပ်ပါ။ ခန္ဓာကိုယ်တစ်ခြမ်းသာ

ကောင်းတော့တဲ့သူ့ အတွက်တော့ မလုပ်နိုင်မှာကို စိုးရိမ်အား ငယ်နေဆဲပဲလို့ သူခံစားနေရပါတယ်။

၁၀ နှစ်လုံးအလုပ်လုပ်ထားပြီး မိဘ တွေအနေနဲ့လည်း လမ်းစရိတ်အဖြစ် လေးသိန်းလောက်သာရခဲ့တာကြောင့် မျှတ တဲ့စီရင် ချက်ချဖို့ ကူညီပေးကြဖို့ သူ ဆန္ဒရှိနေပါတယ်။

သူက “ခြောက်နှစ်ပဲချတဲ့ တရားသူ ကြီးတွေကိုလဲ ခွင့်မလွှတ်နိုင်ဘူး၊ သူတို့ကို အမှုလိုက်ပေးတဲ့ရှေ့နေတွေကိုလဲ ခွင့် မလွှတ်နိုင်ဘူး၊

မတရားဘူးဆိုတာကို တစ် နိုင်ငံလုံးကသူတွေ သိစေချင်တယ်၊ သား သမီးချင်း ကိုယ်ချင်းစာပေးကြပါ”လို့ ပြော ရင် ဝမ်းနည်းစွာရှိုက်ပြီး ငိုနေပါတယ်။

သူက “ဒီလောက်ပဲချတာကို သိလိုက် ရတဲ့အတွက် ပူလောင်ပြီးမျက်ရည်တွေ အလိုလိုကျလာတယ်၊ သမီးနေခဲ့ရတဲ့ဘဝ ကို ပြန်တွေးရင်

အသက်ရှင်နေတာနဲ့ စာရင် သေသွားတာမှကောင်းသေးတယ် လို့ တွေးမိပြီး အသက်မရှင်ချင်ဘူး” လို့ ပြောပါတယ်။

နီနီနုနွယ်ကိုတော့ အပြင်းအထန်နာ ကျင်စေမှု၊ ပိတ်လှောင်မှုတွေနဲ့ တရား စွဲဆိုခဲ့ပေမဲ့ ပိတ်လှောင်မှုအတွက်တော့ အပြစ်မရှိတဲ့အတွက်

လွှတ်ပေးခဲ့ပါ တယ်။ ဒေါ်မိုးမိုးနဲ့ နီနီနုနွယ်ဟာ လူကုန်ကူး မှုနဲ့ ပါအမှုဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါ တယ်။

သူတို့နှစ်ဦးကို လူကုန်ကူးတိုက်ဖျက် ရေးက ရဲမှူးမျိုးဇင်က တရားလိုပြုလုပ် ကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မနဲ့ ၂၀၁၈ ခုနှစ် မတ်လက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်က အက်စစ်နဲ့ အ ပက်ခံရပြီး သုံးလအကြာမှာ ဖခင်ဖြစ်သူ လိုက်လာချိန်မှာ သည်ဒဏ်ရာတွေက သင်္က࿿န်ြမှာလည်ရင်းဖြစ်ခဲ့တာလို့ပြောပြီး

လူကောင်းဖြစ်အောင် ဆေးကုပေးမယ်၊ အမှုမဖွင့်အောင် ပြောဆိုစည်းရုံးခဲ့တယ်လို့ နန်းမေဇင်ဦးက ပြောပါတယ်။

အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆ မှာပါတဲ့ အပြင်းအထန်နာကျင်စေမှုဟာ ထောင်ဒဏ် ၂၀ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ပြောပါ တယ်။

“ပြစ်ဒဏ်တိုးဖို့အတွက် ခရိုင်ဥပဒေ အရာရှိက တိုင်းကိုတက်ရမယ်၊ ဒီပြစ်ဒဏ် ကနည်းတာပေါ့”လို့ လည်း ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

ပြစ်မှုပစ်ဒဏ်(၃၅၅)မှာ မီး သို့မဟုတ် အပူချိန်ရှိသော အရာဝထ္ထုတစ်ခုဖြစ်စေ အဆိပ်ဖြစ်စေ၊ စားလောင်စေတတ်သော အရာတစ်ခုနဲ့ဖြစ်စေ၊

ပေါက်ကွဲတတ်သော အရာဝထ္ထုနဲ့ဖြစ်စေ၊ ရှူရှိုက်ရင်သွေးထဲ သို့ရောက်သွားရင် လူ့ကိုယ်ခန္ဓာကို အန္တ ရာယ်ဖြစ်စေတတ်သော အရာဝထ္ထုနဲ့ဖြစ် စေ တိရိစ္ဆာန်တစ်ကောင်ကောင်နဲ့ဖြစ်စေ မည်သူမဆို

တစ်ဦးတစ်ယောက်အား အ ပြင်းအထန်နာကျင်စေရင် ထိုသူကို ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်ပါချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

လက်ရှိအချိန်မှာ သူအဖြစ်ချင်ဆုံး ဆန္ဒတွေကတော့ သူခံစားခဲ့ရတဲ့အမှု အ တွက် တရားမျှတမှု ရှိစေဖို့၊ သူမျက်နှာ လူ တောထဲ ဝင်လို့ရတဲ့အခြေအနေမျိုးဖြစ်ဖို့နဲ့ စက်ချုပ်သင်ဖို့ ဆန္ဒရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ သူဟာ ရွာငံမြို့နယ်နဘန်းကြီးကျေးရွာက မိဘ တွေအိမ်မှာ နေထိုင်နေပြီး ပတ်ဝန်းကျင် ကလူတွေနဲ့ ထိတွေ့သွားလာမှုတွေလုပ်ဖို့ အားမွေးနေပါတယ်။

“ဒဏ်ရာကိုလူမြင်မှာ တအား ကြောက်ခဲ့ရတယ်၊ ရှက်လို့လဲ အမြဲတမ်း ဖုံးကွယ်နေခဲ့ရတာ၊

ခုတော့ အားပေးသူ တွေရှိလို့ ငါလုပ်နိုင်သေးတယ်ဆိုပြီး အားတင်းနေတာ”လို့ သူ့ခံစားချက်ကို ပြောပြရင်း ငိုကြွေးနေပါတော့တယ်။

Kumudra