Sunday, March 31, 2019

နာဂ NSCN-K ခေါင်းဆောင် ၅ ဦး အဖမ်းခံရမှု ပြန်စိစစ်နေဟု အစိုးရ ပြော

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ္ပလန် (NSCN-K) မှ ခေါင်းဆောင် ၅ ဦးကို တပ်မတော်မှ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ထားသည့်အပေါ် နာဂတိုင်းရင်းသားများ၏ မေတ္တာရပ်ခံချက်အရ အစိုးရက ပြန်လည် စိစစ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
နာဂ တိုင်းရင်းသား အဖွဲ့များက NSCN-K ခေါင်းဆောင်များ အဖမ်းခံရခြင်းကို သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ စာများ ပေးပို့လာ သဖြင့် သမ္မတရုံးက ပြန်လည် စိစစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) – ကက(ကြည်း)ထံ သို့ စာတစောင်ထွက် ထားကြောင်း သမ္မတရုံး၏ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က ပြောသည်။
“ထွက်ထားတဲ့အပေါ်မှာ ကက(ကြည်း)က သမ္မတရုံးဘက်ကို ပြန်တင်ပြတယ်။ ခုနတုန်းက ၁၇(၁)နဲ့ ဆွဲတဲ့ကိစ္စပေါ့။ ၁၇ (၁)ကနေ မတရားအသင်း အက်ဥပဒေပေါ့။ မတရားအသင်း အက် ဥပဒေမှာ ဘယ်လို ရှိလဲဆိုတာကို ဥပဒေ ကြောင်းအရ ရှေ့နေ ချုပ်ရုံးကို မေး ထားတယ်။ ဒီဟာသည် ၁၇(၁)နဲ့ ငြိလား၊ မငြိဘူးလား ဆိုတာကတော့ တရားရုံး ရောက်သွားရင် တရားရုံးက ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းက ဆက်၍ “သို့သော် ကျနော်တို့က နာဂ တိုင်းရင်းသားတွေရဲ့ မေတ္တာရပ်ခံချက်အရ ပြန်ပြီးတော့ စိစစ်နေတယ် လို့ပဲ ဖြေပါရ စေ”ဟု ပြောသည်။
လက်ရှိ အချိန်အထိ နာဂခေါင်းဆောင်များကို စစ်ကိုင်းတိုင်း၊ ခန္ဓီးမြို့ အချုပ်ခန်းတွင် ဖမ်းဆီး ထိန်း သိမ်းထားပြီး လာ မည့် ဧပြီလ ၉ ရက်နေ့တွင် တရားရုံးထုတ် စစ်ဆေးမည်ဟု သိရကြောင်း၊ အစိုးရ သို့ ကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြထားသော်လည်း မျှော်လင့်ချက် သိပ်မရှိကြောင်း NSCN-K နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ အလေးထား စဉ်းစားပေးနိုင်ရင်တော့ ကောင်း တယ်။ မဟုတ်ဘဲ ဥပဒေကြောင်း အရဘဲ ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့မှာ မျှော်လင့်ချက် သိပ်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
NSCN-K ခေါင်းဆောင် ၅ ဦးကို မတရားသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေး ယူ ခိုင်းလိုက် ရခြင်းသည် တိုင်းဒေသကြီးအဆင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖောက်ဖျက်ခြင်းနှင့် အိန္ဒိယကို ဆန့်ကျင်နေသည့် အာသံနှင့် ကသည်း သူပုန်များ အား ခိုလှုံခွင့် ပေးခြင်းကြောင့် ဖြစ် သည်ဟု အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင်က ဧရာဝတီ သို့ ပြောဆိုထားသည်။
လက်ရှိတွင် ခန္တီးခရိုင် ရဲတပ်ဖွဲ့ရုံးတွင် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ဒု ခေါင်းဆောင်)သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန် ၊ သစ်တောရေးရာ ဝန်ကြီး ဦးအန်ကန့် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ခေါင်း ဆောင်)၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် အောင်မိုင်း၊ NSCN-K ဗဟို ကော်မတီဝင်များ ဖြစ်သည့် ဦးစောထိန်၊ ဒုဗိုလ်မှူးကြီး အောင်စိုင်း တို့ကို ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
၎င်းတို့သည် မတ်လ ၈ ရက်နေ့က ခန္တီးမြို့ရှိ နာဂရိုးရာ ယဉ်ကျေးမှုကွင်းတွင် အစည်းအဝေးလုပ်စဉ် တပ်မတော်က တားဆီးခဲ့ပြီး နောက် မတ် ၉ ရက်နေ့တွင် NSCN-K ခေါင်းဆောင် ၅ ဦး ကို လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့် ခံရခြင်း ဖြစ်သည်။
မြန်မာ အစိုးရ၊ တပ်မတော်တို့သည် အိန္ဒိယ အစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေချိန်တွင် နာဂများသည် အစိုးရနှင့် ယာယီ အပစ်ရပ်ထားသည့် အရိပ်ကိုယူ၍ အိန္ဒိယဘက်မှ မတရားအသင်း ကြေညာခံထားရသည့် အဖွဲ့ များကို ကူညီပေးနေသဖြင့် ယခုလို အရေးယူခံရခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“နာဂက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း မပါပါဘူး။ သူ့ဒေသအတွက်သူ သပ်သပ်ကလေး နေပြီး တော့ NCA လည်း မထိုးဘူး။ သူက အိန္ဒိယ နာဂ၊ ဗမာပြည် နာဂ ပေါင်းပြီး တော့ လွတ်လပ် သော Naga Land ထူထောင်ဖို့ နိုင်ငံရေး ရည်မှန်းချက်ရှိတော့ ကျနော်တို့ ဖက်ဒရယ်နိုင်ငံ တည်ဆောက် ရေး ရည်မှန်းချက်အောက်မှာလည်း မပါနိုင်ဘူး”ဟု ၎င်းက သုံးသပ်သည်။
NSCN-K သည် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က တိုင်းဒေသကြီး အဆင့် အပစ် အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးထားသည့် နာဂ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရန် အစိုးရနှင့် တပ်မတော်က ကမ်းလှမ်းထားသည်။
Credit - The Irrawaddy - Burmese Edition


👥လူ ၂ ယောက်​ရှိသည်​။
အသက်​အရွယ်​တူသည်​။
ဘွဲ့ယူချိန်​တူသည်​။
လုပ်​ငန်းခွင်​ထဲ စ၀င်​သည့်​ချိန်​လဲ တူသည်​။
သို့သော်
၅ နှစ်​ကြာပြီးနောက်
ဒီလူ ၂ ယောက်​ဟာ
ကွာခြားမှုတွေ ရှိသွားသည်​။
ကွာခြားသွားသည့်​အရာဟာ
ငွေကြေးရေးကိစ္စဖြစ်​သည်​။
ပထမ တစ်​ယောက်​က
ငွေကြေးရေးအမြဲ အခက်​အခဲရှိပြီး။
ဒုတိယတစ်​ယောက်​က
ငွေကြေးရေးအဆင်​ပြေနေခြင်းဖြစ်​သည်​။
ဘယ်​အရာတွေက သူတို့ကို
ကွာခြားသွားစေပါသလဲ။
👤
(ပထမတစ်​ယောက်​)
အလုပ်​လုပ်​သည်​။
ငွေရလာသည်​။
ငွေရပြီးရင်​ ဘာဆက်​လုပ်​မှာလဲ??
ငွေရပြီးရင်​ ငွေသုံးရမယ်​လေ။
ဘာအတွက်​သုံးတာလဲ
(၁)လလုံး အလုပ်​ကြောင့်
စိတ်​ပင်​ပန်း၊ လူပင်​ပန်းခဲ့သမျှအတွက်
ကိုယ့်​ကို လက်​ဆောင်​ပြန်​ပေးရမယ်​။
ကိုယ့်​ဘ၀ကို အကျိုးရှိအောင်​လုပ်​ရမယ်​။
လူကြားထဲ တန်​ဖိုးရှိအောင်​လုပ်​ရမယ်​။
✊️၀ယ်​မယ်​လေ။
ကြော်​ညာထဲက တွေ့ထားတဲ့ဖုန်း။
ခေတ်​စားနေတဲ့ အသုံးအဆောင်​။
ခေတ်​စားနေတဲ့ အစားအစာ။
✊️သွားမယ်​လေ။
facebook ထဲက လူအများ
သွားလည်​ပြီး တင်​ထားတဲ့
နေရာတွေက လှနေတာပဲ။
ကိုယ်​ဒေလဲ
အဲ့လိုအမိုက်​စား
အလန်းစားဝတ်​ဖူးရမှ။
အဲ့ဒီနေရာကို သွားဖူးရမှ။
ဓာတ်​ပုံသွားရိုက်​လိုက်​ရမှ။
ပျော်​ရွင်​မှု
စိတ်​ချမ်းသာမှုတွေဟာ
တန်​ဖိုးကြီးပစ္စည်းတွေရှိမှ
သူများရှိသလို ရှိနိုင်​မှ
သူများလုပ်​သလို လိုက်​လုပ်​နိုင်​မှ
ပျော်​ရွင်​မှုရှိမယ်​လို့ သူထင်​ခဲ့သည်​။
ဒီအရာတွေက
စိတ်​ချမ်းသာမှုတွေ ပေးနေတယ်​လို့
သူထင်​ခဲ့မိသည်​။
လစာထုတ်​တိုင်း သူလိုချင်​တဲ့
ပစ္စည်းတွေကိုသူ ၀ယ်​သည်​။
သူဝယ်​လိုက်​သည့်​အရာက။
သူ့အတွက်
တကယ်​ရော အသုံးဝင်​ရဲ့လား။
တကယ်​ရော အသုံးလိုရဲ့လားဆိုတာ သူမတွေးတော။
ဥပမာ
(သူ့မှာလဲ အတန်​အသင့်
ဖုန်း ၁ လုံးရှိပြီးသား။
အသစ်​ထွက်​တဲ့ အလန်းစား
ဖုန်းကိုတွေ့တော့
ငွေစုပြီး ၀ယ်​လိုက်​တယ်​။
အလန်းစားဖုန်း တန်​ဖိုးကြီးဖုန်းက
သူ့အတွက်
ဘာအကြိုးပြုစေသလဲ
ဘာကို ပြောင်းလဲစေသလဲဆိုတာ
သူမစဉ်း နားမလည်​။
လူကြားသူကြားထဲ
အထင်​ကြီးခံမယ်​လို့တာ
သိတယ်​။
အလန်းစားဖုန်းကို ကိုင်​ပြီး
ကိုယ့်​ကို ဂုဏ်​ယူမဆုံး။
ဒီလိုသာ ဘ၀ကိုအူလည်​လည်​နဲ့တာ
ဖြတ်​သန်း။)
သုံးတာနှင့်​ ဖြုန်းတာကို
သူမခွဲခြားတတ်​။
🔜🔜🔜
၅ နှစ်​ကြာပြီးနောက်​ပိုင်း
အရင်​လို လခစားအလုပ်​သမားဖြစ်​နေဆဲ။
လစာက တိုးလာပေမဲ့လည်း
လတိုင်းမှာ ငွေသုံးလို့မလောက်​။
👤
(ဒုတိယတစ်​ယောက်​)
အလုပ်​လုပ်​သည်​။
ငွေရလာသည်​။
ငွေရပြီးရင်​ ဘာဆက်​လုပ်​မှာလဲ??
ငွေရပြီးရင်​ ငွေသုံးရမယ်​လေ။
ဘာအတွက်​သုံးတာလဲ
သူကတော့
သုံးတာနှင့်​ဖြုန်းတာကို
ခွဲခြားတတ်​သည်​။
မရှိမဖြစ်​သည့်​အရာ
တကယ်​လိုအပ်​သည့်​အရာတွေကို
ဝယ်​သည်​။
ငွေအနည်းစုသာ သုံးစွဲပြီး
ငွေအများစုကို စုဆောင်းသည်​။
မီးခ၊ ရေခ
တစ်​လစာ စားစရိတ်​တွေ
တကယ်​လိုအပ်​သည့်
အသုံးအဆောင်​တွေ ၀ယ်​ပြီး
ကျန်​သည့်​ငွေတွေ စုထားသည်​။
📲
သူလိုချင်​တဲ့
တန်​ဖိုးကြီး ၆ သိန်းတန်
ဖုန်းအတွက်​လဲ
ငွေတွေစုနေသည်​။
(၁)လကို (၆)သောင်းစုသည်​။
(၁၀)လပြည့်​ရင်​ ၀ယ်​လို့ရမည်​။
(၁၀)လကြာတော့
ဖုန်းဝယ်​ဖို့ ငွေပြည့်​သွားသော်
ဖုန်းကိုမ၀ယ်​ရပ်​သေး၊
ငွေစုရတာကို သူပျော်​လာသည်​။
ငွေဆက်​စုဖို့ သူဆုံးဖြတ်​လိုက်​သည်​။
လစာတိုးလာသည်​နှင့်​အမျှ
(၁)လကို (၆)သောင်းစုရာကနေ
(၁)သိန်းရအောင်​ စုလာလေသည်​။
စုထားသည့်​ငွေ
အနည်းငယ်​များလာသော်
သူဌေးအတွေးလဲ ပေါ်လာသည်​။
ငွေစုရုံတင်​မကပဲ
ရှိပြီးသား ငွေကို
ထက်​တိုးအောင်​ ဘယ်​လိုလုပ်​ရမလဲဆိုတာ
သူစဉ်းစားသည်​။
မနက်​ ၈ နာရီအလုပ်​သွားသည်​။
ညနေ ၄ နာရီ အိမ်​ပြန်​သည်​။
ညနေပိုင်းကနေ ညအချိန်​အထိ
အချိန်​အနည်းငယ်​ သူအားနေသည်​။
အနည်းငယ်​အားနေသည့်​ အချိန်​ကို
ငွေထက်​ရှာဖို့ ဆုံးဖြတ်​လိုက်​သည်​။
သူအသားကင်​နည်းကို
သေသေချာချာလေ့လာပြီးမှ။
ဆိုင်​ဖွင့်​လိုက်​သည်​။
ရပ်​ကွက်​ထဲက လူငယ်​ ၂ ယောက်
အကူခေါ်လိုက်​သည်​။
ညနေပို​င်းကနေ ၅ နာရီကနေ
ညပိုင်း ၉ ၃၀ အထိ။
ဆိုင်​ဖွင့်​သည်​။
အစပိုင်းမှ ထင်​သလောက်
်​ရောင်းမကောင်း။
အခြားဆိုင်​ကို သူလိုက်​လေ့လာသည်​။
သူ့ဆိုင်​ရဲ့ လိုအပ်​ချက်​တွေကို
့တစ်​ခုပြီးတစ်​ခု ပြင်​သွားသည်​။
သူပန်​ပင်းသည်​။
သို့သော်​ သူကြိုးစားသည်​။
🔜🔜🔜
၃ နှစ်​ကြာသော်
သူငွေ သိန်း ၅၀ စုနိုင်​နေပြီ။
သူ့လုပ်​ငန်းတွေ
အောင်​မြင်​လာသည်​နှင့်​အမျှ
လမ်းဘေးဆိုင်​ကနေ
ဆိုင်​ခန်းဖြစ်​လာသည်​။
အလုပ်​သမား ၂ ယောက်​ကနေ
၎ ယောက်​အထိဖြစ်​လာသည်​။
🔜🔜🔜
၂ နှစ်​ထက်​ကြာသော်
စုထားသည့်​ငွေ သိန်း ၁၀၀ ပြည့်​သွားသည်​။
🏡
သိန်း ၁၀၀ ကို
အိမ်​ခြံကလေးဝယ်​ထားပြီး
ပြန်​ဌားရမ်းလိုက်​သည်​။
ဌားရမ်းခ
(၁) လကို (၁)သိန်းခွဲရသည်​။
ယခု သူရဲ့ဝင်​ငွေက
၃ လိုင်းလောက်​ရှိနေပြီ။
လခစားအလုပ်​ ဆက်​မလုပ်​ချင်​လဲ
သူ ဘာမှမဖြစ်​။
ငွေကြေးရေးအဆင်​ပြေသော်
အပူအပြင်​ကင်းသည်​။
စိတ်​ချမ်းသာသည်​။
ဘ၀မှာ ရွေးချယ်​စရာလမ်းပိုများလာသည်​။
ဒီလူ ၂ ယောက်​ဇာလမ်းကို ဒီလောက်​နဲ့ပဲ အဆုံးသတ်​လိုက်​ပါတော့မယ်​။
🚫
သုံးနှင့်​ဖြုန်းကို
ခွဲခြားတတ်​ပါစေ။
ငွေစုခြင်းဟာ ကပ်​စေးနဲခြင်းမဟုတ်​။
ငွေစုထားခြင်း။
ငွေရှိထားခြင်းသည်​။
အနာဂတ်​ ကိုယ့်​ဘ၀လမ်းကြောင်းမှာ
ပြသာနာကြုံတွေ့ရသော်
ရွေးချယ်​စရာလမ်း ပိုများမည်​ဖြစ်​သည်​။
ကိုယ်​၀ယ်​လိုက်​တဲ့အရာက
ကိုယ့်​အတွက်
ဘာအကြိုး ပြန်​ပြုစေတာလဲ ဆိုတာကို
သေသေချာချာ တွေးစေချင်​တယ်​။
သူများရှိလို့
ကိုယ်​လဲ ရှိသင့်​တယ်​ဆိုတာမျိုးတော့
မဖြစ်​စေချင်​။
🎉🎉
ကိုယ့်​ကို လက်​ဆောင်​ပြန်​ပေးနည်း။
ဥပမာ
၅ လမှာ ၅ သိန်းစုနိုင်​ရင်
၂ သိန်းလောက်​ ကိုယ့်​ကို ဆုပြန်​ချပေးပါ။
ဆုပြန်​ချပေးခြင်းဖြင့်
ကိုယ့်​ကို ပျော်​ရွင်​မှု
ယုံကြည့်​မှု
ဘ၀မှာ အဓိပ္ပါယ်​ရှိခြင်းကို
ယူဆောင်​လာပေးတာနှင့်​ တူသည်​။
😂😂
ခဏခဏတော့ ဆု မချရ။
သူများပျော်​သလို
သူများရှိသလို
သူများလုပ်​သလိုကို
လုပ်​သင့်​ မလုပ်​သင့်
တွေးတောဆင်​ခြင်​ပါ။
အားခဲထားပါ။
လက်​တလော
စိတ်​ချမ်းသာမှု၊
ပျော်​ရွင်​မှုကို မကြည့်​ပဲ။
အနာဂတ်​အတွက်
တစ်​ဘ၀လုံးအတွက်
စိတ်​ချမ်းသာဖို့အတွက်
ပျော်​ရွင်​ဖို့အတွက်
အားခဲထားပါ။
ဒီစာက သင့်​အတွက်​ အကျိုးရှိစေတယ်​ဆိုရင်
Like & Sheard လုပ်​ပေးသွားကြပါ။
သင်​ချစ်​ရတဲ့လူတွေကို ပြန်​လည်​မျှဝေပါ။
အားလုံး ငွေကြေးရေးအဆင်​ပြေကြပါစေ။

credit - Golden_way


Thursday, March 28, 2019

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အင်န်စီအေ လက်မှတ်ရေးထိုးရန် တပ်မတော်တိုက်တွန်း




တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသော နယ်မြေများတွင် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာစေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး NCA လက်မှတ်ရေးထိုးရန် တပ်မတော်က တိုက်တွန်းလိုက်သည်။
နေပြည်တော် စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည့် (၇၄) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွေ့အကြုံတွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိတဲ့ နယ်မြေနဲ့ ဆက်စပ်နယ်မြေတချို့မှာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့တာတွေ့ရတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့၊မတရားတာတွေ မဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ဃြဗလက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်သင့်တာတွေဆောင်ရွက်ကြဖို့ ထပ်မံပြောလိုပါတယ်" ဟု ၎င်းက ပြောဆိုသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စများနှင့်ပတ်သက်၍ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဆွေးနွေးဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်နယ်မြေနှင့်တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးထားကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထိုသို့ တပ်လှုပ်ရှားမှုရပ်ဆိုင်းထားသည့်ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန် လမ်းဖွင့်ပေးခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။
"ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းထားတဲ့ကာလအတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေဆောင်ရွက်ခြင်းမပြုဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ဖြစ်စေ၊ တပ်မတော်ရဲ့ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နဲ့ ဖြစ်စေ ငြိမ်းချမ်းရေးအတွက် အမြန်ဆုံးညှိနှိုင်းဆွေးနွေးခြင်းတွေ အမြန်ဆုံးပြုလုပ်သွားကြဖို့ ထပ်မံပြောကြားလိုတယ်"ဟု ၎င်းက ပြောဆိုသည်။
လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးလမ်းကြောင်းသည် တဒင်္ဂငြိမ်းချမ်းရေးရ ရှိရုံ မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိရန်စနစ်တကျ ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စစ်မှန်သည့် စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ် ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။
"အတိတ်ကို လက်ညို§;ထိုးပြောဆိုနေမယ့်အစား သင်ခန်းစာရယူပြီး ပြည်ထောင်စုသားအားလုံး သွေးစည်းညီညွတ်စွာနဲ့ ကိုယ့်တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်မှုက အကျိုးရှိလိမ့်မယ်" ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်းသားပြည်သူလူထုက လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုသည်။
သတင်း - မင်းမင်းထွန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် PACE အဖွဲ့တိုက်တွန်း


ရန်ကုန်၊ မတ် ၂၈ ။    ။ ရွေးကာက်ပွဲဖြစ်စဉ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အများပြည်သူ ယုံကြည်မှု မြင့်တင်လာ စေရန်အတွက် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က အကြံပေးတိုက်တွန်းပြောဆိုလိုက်သည်။

အမှီအခုကင်းသည့် ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ဖြစ်လာစေရန် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့် အပ်ပုံ၊ အရည်အချင်း သတ်မှတ် ချက်နှင့် လုပ်ပိုင်ခွင့်တာဝန်များကို ပြန်လည်သုံးသပ်ပြီး ဥပဒေကိုပြင်ဆင်ရန် PACE အဖွဲ့အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောဆိုက်ခြင်းလည်းဖြစ်သည်။

“ အခြေခံဥပဒေမပြင်စေဦးတော့ ဒီကော်မရှင်ဟာ လက်ရှိအစိုးရနဲ့တိုက်ရိုက်ပက်သက်နေတဲ့ ကော်မရှင် မဟုတ်ဘူးဆိုတာ။ အခုလည်း ကော်မရှင်ဝင်တွေအားလုံးက ပါတီဝင်တွေမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပုံသဏ္ဍဍာန်အရ အဲ့လိုဖြစ်နေတာကို။ ဒါမှလည်း ကော်မရှင်ကို ပိုပြီး ယုံကြည်မှုပိုများလာမယ်။ ဒါကြောင့်မို့လို့ အခြေခံဥပဒေပြောင်းလဲမှုလုပ်နေတဲ့အခါမှ ဒီဟာကိုလည်းထည့်သွင်းပြီးတော့ လုပ်သင့် တယ်လို့တိုက်တွန်း တာပါ" ဟုゞင်းကဆိုသည်။

လက်ရှိ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ကော်မရှင် ဥက္ကဋ္ဌဌအပါအဝင် အဖွဲ့ဝင်များအားလုံးကို သမ္မတမှတိုက်ရိုက် တင်မြှောက်ရွေးချယ်ရပြီး ကော်မရှင်၏ သက်တမ်းမှာလည်း နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းနှင့် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် ကော်မရှင်သည် ရွေးကောက်ပွဲတွင်မဲပေးသည့် ပြည်သူများထက် အာဏာရပါတီဘက်ကို အလေး ပေးခြင်းမျိုးဖြစ်လာနိုင်သည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လာရကြောင်းလည်း ကိုစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

“ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမလုပ်ချင်ဘူးဆိုရင်တောင်မှ သမ္မတက သူ့ ရဲ့လုပ်ပိုင်ခွင့်ထဲမှာ သူခန့်လို့ ရတာကိုး။ သူက ဘယ်သူဟာ ကော်မရှင်ဝင်ဖြစ်မလဲဆိုတဲ့ နာမည်စရင်းကို သူတစ်ယောက်ထဲကနေ ပြုစု တာနဲ့စာလို့ရှိရင် သူပါတီတွေဆီကတောင်းလို့ရတယ်။ သဘောကဗျာ ပါတီ ၉၆ ပါတီက ဘယ်သူ့ကို လေးစား ကြည်ညိုတဲ့သူလဲ ခင်ဗျားတို့ပေးကြ။ ခင်ဗျားတို့ပေးတာကြည့်ပေးမှရွေးမယ်။ ဒါမှမဟုတ် ရင် လွှတ်တော်က တောင်းတာမျိုး။ ဒါမှမဟုတ်လည်း အများပြည်သူဖွင့်ချလိုက် ခင်ဗျားတို့ CSO တွေကလုပ်ကြ။ မဟုတ် လည်း အများပြည်သူလျှောက်လွှာတင်ကြဗျာ” ဟု ゞင်းကအကြံပြုပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ကော်မရှင်၏ လွတ်လပ်ပြီးအမှီအခိုကင်းရန်ကိစ္စအပြင် မဲဆွယ်စည်းရုံးမှု ရုံပုံငွေ နှင့်ပက်သက်သည့်ကိစ္စ၊ မဲစာရင်းကိစ္စ၊ ကြိုတင်မဲကိစ္စ၊ နိုင်ငံသားများ၏ပါဝင်ခွင့်ကိစ္စအပြင် ရွေးကောက်ပွဲ နှင့်ပက်သက်သည့် အချိန်စာရင်းနှင့် သတင်းအချက်အလက် တို့ကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ပြုပြင် ပြောင်းလဲမှုများလုပ်နိုင်ရန်လိုကြောင်းလည်း PACE အဖွဲ့မှထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့( PACE) သည် မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲဖြစ်စဉ်များကို တက်ကြွစွာ စောင့်ကြည့်၊ ဝေဖန်၊ အကြံပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

တနင်္သာရီအစိုးရအဖွဲ့ လက်ကျန်သက်တမ်းအဂတိကင်းရန် လွှတ်တော်ဥက္ကဋ္ဌသတိပေး


တနင်္သာရီတိုင်းအစိုးရအဖွဲ့ လက်ကျန်သက် တမ်းအတွင်း မည်သူ့ကိုမဆို အဂတိကင်းကင်းရှင်းရှင်းဖြင့် တည်ဆဲဥပဒေနှင့်အညီသာ လုပ်ပိုင်ခွင့်များချထားပေးရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက သတိပေး သည်။


ပြည်သူ့ဘဏ္ဍာငွေသုံးစွဲ၍ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံး၊ လုပ်နည်း၊ ညွှန်ကြား ချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းသည်။


‘‘ဘက်လိုက်မှုကင်းစွာနဲ့ ဆင်းရဲ၊ ချမ်းသာမရွေး တူညီမျှစွာဖြင့် အခွင့်အရေးပေးမှုဆိုတာတွေကို အခု မကျန်တော့သော ၂ နှစ်ဆိုတဲ့ ကာလအတွင်းမှာ အစဉ် သတိထားပြီး စီမံခန့်ခွဲကြပါလို့ တိုက်တွန်းလိုပါတယ်’’ဟု ဦးခင်မောင်အေးက ပြောသည်။

မတ်လ ၂၈ ရက်က ကျင်းပ သည့် တနင်္သာရီတိုင်း လွှတ်တော် အရေးပေါ်အစည်းအဝေး နောက် ဆုံးနေ့တွင် လစ်လပ်နေသော တိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးသုံးနေရာ အတွက် ၀န်ကြီးအသစ်သုံးဦး ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်း အနားအပြီးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

ထို့အပြင် တနင်္သာရီတိုင်းရှိ ပြည်သူများ အကျိုးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်လွှတ်တော်နှင့် အစိုးရပူးပေါင်း၍ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ အကောင် အထည်ဖော်ရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်းသည်။

တိုင်းလွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ရီရီချိုက တိုင်းအစိုးရအဖွဲ့ စီမံ ဘဏ္ဍာဝန်ကြီးအဖြစ်လည်း ကောင်း၊ တနင်္သာရီမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်အမတ် ဦးအောင်သူရက တိုင်းလျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးအဖြစ်လည်း ကောင်း၊ ရေဖြူမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်အမတ် ဦးလှ ထွေးက တိုင်းသယံဇာတနှင့် ပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး အဖြစ်လည်းကောင်း ယမန်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အ ရေးပေါ် အစည်းအဝေးနောက်ဆုံး နေ့၌ ကျမ်းသစ္စာကျိန်ဆိုသည်။


ယခင်တနင်္သာရီတိုင်း ၀န် ကြီးချုပ်ဟောင်း ဒေါက်တာလဲ့ လဲ့မော်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးအရေးယူပြီးနောက် တိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးနှင့် လျှပ်စစ်ဝန်ကြီးတို့ နုတ်ထွက်ခဲ့ သည်။ ထို့နောက် တိုင်းသယံဇာ တနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဦးမြင့်မောင်ကို နိုင်ငံတော် သမ္မတက ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် တိုင်းအစိုးရအဖွဲ့အတွင်းဝန်ကြီး နေရာသုံးနေရာလစ်လပ်ခဲ့ခြင်း ဖြစ်သည်။

အမြန်လမ်းတွင် ယာဉ်ကြံ့ခိုင်မှု စိစစ်ရေး စီမံချက် ဧပြီ ၈ ရက်စတင်မည်


ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ကြံ့ခိုင်မှုနည်းသည့် ယာဉ်များကို ဧပြီ ၈ ရက်က စ၍ စောင့်ကြပ်စိစစ်ကာ ဖြတ်သန်း မောင်းနှင်ခွင့် တားမြစ်မည်ဖြစ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူး(ဦးစီး) မျိုးလင်းသန့်က ပြောသည်။


အမြန်လမ်းတွင် ယာဉ်မ တော်တဆမှု လျော့နည်းစေရေး ဖြတ်သန်းမောင်းနှင်မည့် မော်တော်ယာဉ်များ စိစစ်ရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တ ရာယ်ကင်းရှင်းရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ကြောင်း ၎င်းက ဆိုသည်။


‘‘သက်ဆိုင်ရာ ဌာနတွေက နေ ကြိုတင်အသိပေးမှုတွေ လုပ် သွားဖို့ စီစဉ်နေတယ်’’ဟု ဒုရဲမှူး (ဦးစီး) မျိုးလင်းသန့်က ပြောကြား သည်။

အမြန်လမ်းသို့ ဖြတ်သန်း မောင်းနှင်မည့်ယာဉ်များကို တိုး ဂိတ်များတွင် ဌာနစုံပါဝင်သည့် အဖွဲ့များက စောင့်ကြည့်စစ်ဆေး မည်ဖြစ်သည်။

ယာဉ်မောင်းများ အရက် သေစာသောက်စားမှုရှိ၊ မရှိ၊ သတ် မှတ်အလေးချိန်ထက်ပို၍ ကုန်တင်ဆောင်ထားခြင်းရှိ၊ မရှိနှင့် မော်တော်ယာဉ်များ အန္တရာယ် ကင်းစွာ မောင်းနှင်နိုင်လောက် သည့် ကြံ့ခိုင်မှုအရည်အသွေးရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။

ထို့အပြင် မောင်းနှင်ချိန် ရှစ် နာရီထက်ပိုသော ခရီးအတွက် ယာဉ်မောင်းနှစ်ဦးထားရှိရန်၊ ထိုင်ခုံခါးပတ်များ ကောင်းမွန်စွာ အသုံးပြုနိုင်ရန်၊ အကြောင်းတစ်စုံ တစ်ရာကြောင့် လမ်းဘေးတွင် ယာဉ်ရပ်နားမည်ဆိုပါက တြိဂံပုံစံ ရောင်ပြန်ပြားများ ဆောင်ထား ရန် စသည်တို့ သတ်မှတ်စိစစ်မည် ဟု ဒုရဲမှူး(ဦးစီး)မျိုးလင်းသန့်က ဆိုသည်။

‘‘မျက်မြင်အခြေအနေအရ မော်တော်ယာဉ်ဘီးက ပန်းတွေ မကောင်းတော့တာမျိုးတွေ၊ ကြံ့ ခိုင်မှုမကောင်းဘူးလို့ ယူဆရတာ မျိုးတွေဆိုရင် အသေးစိတ်စိစစ် ပြီး အမြန်လမ်းကနေ ဖြတ်သန်း ခွင့်တော့ မပေးဘူး။ သူတို့ကို ပြန် ပြုပြင်ခိုင်းတာမျိုး၊ မြန်နှုန်းမြှင့် မောင်းဖို့ မလွယ်တဲ့ လမ်းဟောင်း ကနေပဲ မောင်းခွင့်ပေးတာမျိုး တွေ လုပ်ဖို့ များပါတယ်’’ဟု ၎င်း က ပြောသည်။


ထိုသို့ စောင့်ကြည့်စိစစ်ရာ တွင် ယာဉ်အမျိုးအစား ခွဲခြားမည် မဟုတ်သော်လည်း မတော်တဆ မှုအများဆုံးဖြစ်လေ့ရှိသည့် လိုက် ထရပ်နှင့် ဟိုက်ဂျက်များကို ဦးစားပေးစစ်ဆေးမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမုန်းစကားကို တိုက်ဖျက်ရန် ကြိုးပမ်းသည့်အနေဖြင့် လူဖြူအမျိုးသားရေးဝါဒကို Facebook က တားမြစ်မည်



အမုန်းစကားပျံ့နှံ့မှုကို တိုက်ဖျက်ရန် ကြိုးပမ်းသည့်အနေနှင့် လူဖြူအမျိုးသားရေးဝါဒကို ထောက်ခံမှုအား တားမြစ်သွားမည်ဖြစ်ကြောင်း Facebook က မတ် ၂၇ ရက် တွင် ကြေညာခဲ့သည်။ လာမည့် သီတင်းပတ်မှစပြီး ယင်းတားမြစ်မှုကို စတင်အာဏာ သက်ဝင်စေမည်ဖြစ်ကြောင်း၊ Facebook က ပိုင်ဆိုင်သည့် Instagram တွင်လည်း တားမြစ်မှု အကျုံးဝင်မည်ဖြစ်ကြောင်း Facebook က ဆိုသည်။
လူမျိုးရေး၊ ဘာသာရေးကို အခြေခံသော အမုန်းစကားများ ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် Facebook သည် လူဖြူအထက်တန်းစားဟု ယူဆထောက်ခံမှုများအား တားမြစ်ထားပြီး ဖြစ်သည်။ နိုင်ငံရေးအရ သီးခြားလွတ်လပ်မှု နှင့် ကျယ်ပြန့်သော အမျိုးသားရေးသဘော တရားများ ဖော်ထုတ်မှုတို့ကို လွတ်လပ်ခွင့်ပေးသည့်အနေနှင့် အချို့ပို့စ်များကို Facebook က မပိတ်ပင်ထားခဲ့ပေ။
မကြာသေးခင် လများအတွင်း ပညာရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လူဖြူအမျိုးသားရေးဝါဒနှင့် ခွဲထွက်ရေးထောက်ခံသည့် ဝါဒတို့သည် စနစ်တကျ ဖွဲ့စည်းထားသည့် အမုန်းတရားပြန့်ပွားရေးအဖွဲ့များနှင့် ဆက်နွှယ်နေကြောင်း သိမြင်လာခဲ့သည်ဟု Facebook က ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ အစိုးရများ၏ ဖိအားများကို ရင်ဆိုင်နေရသော Facebook သည် လွတ်လပ်စွာ ဖော်ထုတ်မှုကို ဆက်လက်ထောက်ခံပြီး အမုန်းစကားအကြောင်းအရာများအား ရှာဖွေဖယ်ရှားရန်အတွက် machine learning နှင့် artificial intelligence နည်းပညာတို့ကို Facebook က အရှိန်မြှင့်တင်ခဲ့သည်။ ထပ်မံချမှတ်သော မူဝါဒများအရ ပိတ်ပင်မှုများတွင် American pride နှင့် Basque separatism ကဲ့သို့ အကြောင်းအရာများ ပါဝင်မည်မဟုတ်ကြောင်း၊ ယင်းအကြောင်းအရာများသည် အများပြည်သူ၏ အမှတ်လက္ခဏာဆိုင်ရာ အရေးကြီး အမှတ်အသားများဖြစ်ကြောင်း Facebook က ပြောကြားခဲ့သည်။
Facebook တွင် လူဖြူအမျိုးသားရေးဝါဒနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို နေ့စဉ်မြင်တွေ့နေရကြောင်း၊ နယူးဇီလန်တွင် ဖြစ်ပွားခဲ့သော ခရစ်ချာ့ခ်ျ တိုက်ခိုက်မှု ဗီဒီယိုကို Facebook က ဟန့်တားနိုင်ခဲ့ခြင်း မရှိကြောင်း Centre for Analysis of the Radical Right အဖွဲ့မှ အကြီးတန်းပညာရှင် မက်ပိုတော့က ပြောကြားခဲ့သည်။
နယူးဇီလန်တွင် ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သော ဗလီများတိုက်ခိုက်မှု၌ တိုက်ခိုက်သူသည် Facebook ၌ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆောင်ရွက်ခဲ့သည်။ စံပြဥရောပ စိတ်ကူးကို ယုံကြည်စေခဲ့သော လူဖြူအမျိုးသားရေးလှုပ်ရှားမှုသည် ကမ္ဘာနှင့်ချီ၍ ပျံ့နှံ့မှုအား နယူးဇီလန်ဗလီတိုက်ခိုက်မှုက ထင်ရှားစေခဲ့သည်။ အစ္စလာမ္မစ် အစွန်းရောက်မှုကဲ့သို့ပင် လူဖြူအမျိုးသားရေးအစွန်းရောက်ဝါဒသည်လည်း ခြိမ်းခြောက်မှုဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
Facebook သည် အသုံးပြုသူများ တင်သည့်အကြောင်းအရာနှင့်ပတ်သက်ပြီး တာဝန်ခံမှုရှိရမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က တောင်းဆိုခဲ့သည်။
အမေရိကန်တွင် လူဖြူအမျိုးသားရေးဆိုင်ရာ တိုက်ခိုက်မှုများက ဂျီဟတ်တိုက်ခိုက်မှုများထက် များပြားနေခဲ့သည်မှာ နှစ်ချီကြာခဲ့ပြီဖြစ်သည်။