Wednesday, May 22, 2019

သီရိလင်္ကာနိုင်ငံမှာ သတင်းတု သတင်းမှားတွေ ပိုမိုများပြားလာနေ

■ သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး တစ်လအကြာ၊ နိုင်ငံရဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာ သတင်းတု သတင်းမှားတွေ ပိုမိုများပြားလာနေပြီး၊ အစိုးရအနေနဲ့လည်း မကိုင်တွယ်၊ မထိန်းသိမ်းနိုင်ဘဲဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဧပြီလ ၂၁ ရက်နေ့က သီရိလင်္ကာက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို IS အကြမ်းဖက် အဖွဲ့က တိုက်ခိုက်ခဲ့လို့ လူ ၂၅၈ ဦး သေဆုံးပြီး ငါးရာနီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီနောက် ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်၊ ယူကျု၊ WhatsApp စတဲ့ လူမှုကွန်ရက်တွေကို အစိုးရက ကိုးရက်ကြာ ပိတ်ထားလိုက်ပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်သုံးစွဲသူတွေကလည်း VPN / TOR စတဲ့ ပုဂ္ဂလိက ကွန်ရက်တွေကို ပြောင်းလဲသုံးစွဲနေကြတာကြောင့် အစိုးရရဲ့ အားထုတ်မှုမအောင်မြင်ဘဲ၊ သတင်းမှားတွေ တိုးတက်များပြားလာနေတယ်လို့ ကိုလံဘို အထူးမူဝါဒရေးရာဌာနက လူမှုမီဒီယာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
အဲဒီသတင်းမှားတွေထဲမှာ သိရိလင်္ကာပြည်တွင်းစစ်အတွင်း သေဆုံးခဲ့သူတွေရဲ့ အသုဘပုံတွေကို အီစတာပွဲနေ့ အသေခံဗုံးခွဲမှုမှာ သေဆုံးသူတွေရဲ့ပုံတွေအဖြစ် ဖော်ပြနေတာတွေ၊ တခြား ဘာသာရေးလူမျိုးရေး အထင်မှားစရာ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။
Credit - RFA


No comments:

Post a Comment