ပစ်မထားကြပါနဲ့ဗျို့း့ 
ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကိုလိုနီခေတ်ကနေစပြီးရခဲ့တဲ့ စရိုက်ဆိုးတစ်ခု ကျန်ခဲ့တယ်။ အဲဒါကဘာလဲဆိုတော့ သူ့ နယ်မြေအပိုင်းအလိုက်ကြီးစိုးနေကြတဲ့ လူ မိုက်အဖွဲ့တွေနဲ့ ခေါင်းဆောင်တွေပါပဲ။ ကို လိုနီခေတ်က ရှိခဲ့ဖူးတဲ့ အများသိဖြစ်သော လမ်းမတော် ဦးဖိုးတုတ်တို့လိုမျိုးပေါ့။ သာ ကေတမှာ ဘယ်သူတွေရှိတယ်။ ဆင်မလိုက် လူမိုက်၊ ဆိတ်ကြီးကနောင်တို၊ သင်္ဃ္န်း ကျွန်း၊ ရန်ကုန်မြို့လယ်ပိုင်း၊ လှိုင်သာယာ၊ အရှေ့ဒဂုံ (၁၃၃) မှာ စသည်ဖြင့် အများကြီး ရှိကြတယ်။
သည်လူမိုက်တွေ မျိုးပွားရှင်သန် မပျောက်ဆုံးရခြင်းအကြောင်းက ဘယ်က စလဲ။ အသက်ဆယ့်သုံးနှစ်အရွယ် ကျောင်း သားလူငယ်တွေက စတယ်။ သူတို့ထဲက အတန်းထဲမှာ လက်ရဲဇက်ရဲရှိသူကို အား ကျကြတယ်။ အများစုသော လက်ရဲဇက်ရဲ ရှိသူတွေကလည်း မျိုးရိုးအလိုက် အတုယူ ဖြစ်လာကြတာ။ ရပ်ကွက်ထဲက ထောင်ကျ ဖူးသော၊ စရိုက်ကြမ်းသော သူတို့ရဲ့သား တွေ အဖြစ်များကြတယ်။ ထိုသူတို့ရဲ့ အ ထက်အထက်တွေမှာမှ သူ့နယ်မြေ သူ့အ ပိုင်လိုက် ကျက်စားကြတဲ့ လူမိုက်ခေါင်း ဆောင်တွေရှိတာကိုး။ ဒါကို စာသင်ခန်းထဲ မှာလည်း စိတ်မပါလှသော၊ အလကားနေ ရင်း အတန်းမှန်မှန်အောင်နေသော၊ ရပ် ကွက် လူမိုက်၊ လူဆိုး၊ စရိုက်ကြမ်းသူတို့၏ သားအချို့သည် ကျောင်းတွင် လက်ရဲဇက် ရဲပြုကြ၏၊ အနိုင်ကျင့်၏၊ သူတို့ မြင်ပင် မမြင် ဖူးသော မြို့နယ်အလိုက် အပိုင်စားလူမိုက် များအကြောင်း မစားရဝခမန်းပြောပြီး သူ တို့ကိုပင် မြေတောင်မြှောက် ကျောထောက် နောက်ခံပြုနေသကဲ့သို့ ဆိုကြ၏။
ကျန်သော ကျောင်းသားငယ်များထဲမှ အများစုသည် ထိုစကားများကို အားကျ၏။ ထိုကျောင်းသားကဲ့သို့ပင် အခြားကျောင်း သားများမှ မိမိကို ကြောက်ရွံ့နေစေလိုစိတ် ရှိကြ၏။ ထိုလက်ရဲဇက်ရဲနိုင်သော ကျောင်း သားကို ဆရာတင်ပြီး ပေါင်း၏။ ရန်ပွဲတွေ ကို ခေတ်စားနေသော ဘောလုံးကွင်းများ ၌ ဘောလုံးကန်ရင်း ကျင်းပကြ၏။ ဤသို့ ဖြင့် ပျက်စီးရာလမ်းစပေါ် ရောက်စပြု၏။ မိဘများကလည်း မိမိငယ်စဉ်က မိဘမပါ ဘဲ ဘယ်မှ မသွားလာရသည်ကို ဒီမိုကရေစီ နှင့်မညီ၊ ချုပ်ချယ်သည်ဟု ဒီမိုကရေစီ အဓိပ္ဗာယ်လွဲမှားကောက်ယူကြပြီး ၄င်းတို့ ၏ သားသမီးများလက်ထက်တွင် ဟိုဟို သည်သည် လွတ်လပ်စွာ သွားခွင့်ပြုကြ၏။ ထို့ကြောင့်လည်း စစ်တမ်းများအရ အပျို အစစ်အဖြစ် အိမ်ထောင်ဘက်ကို ဂုဏ်မပြု နိုင်ကြသော သမီးပျိုငယ်ရွယ်သူတို့လည်း ပေါလာ၏။
တကယ်တော့ သားယောကျာ်းလေး ရယ်၊ သမီးမိန်းကလေးရယ်မို့ ပိုပြီး အုပ် ထိန်းရမည် မရှိ၊ လွတ်လပ်စွာပေးရန် သင့် တော်သော အခွင့်အရေးကိုသာ ပေးခွင့်ပြု ၏။ ကိုယ့်တိုင်းပြည်၏ အခြေအနေကိုလည်း ယှဉ်ထိုးကြည့်ရ၏။ ထိုကဲ့သို့ မဆုံးမမိ၍ ခွင့် မပြုသင့်သည်ကို ခွင့်ပြုမိသောသာဓက နှစ်ခုကို ပြလို၏။
မရှမ်းသည် မြောက်ဒဂုံမြို့နယ် (xx) ရပ်ကွက် အမှတ် (xx) ဈေးတွင် ရှမ်းခေါက် ဆွဲရောင်းပြီး အသက်မွေးဝမ်းကျောင်းပြု ၏။ သူမ၏သားသည် အထက်တွင် ဖော်ပြ သကဲ့သို့သော ကျောင်းစာသင်ခန်းထဲမှာ လက်ရဲဇက်ရဲနိုင်သူ၏ နောက်လိုက်ဘဝ ဖြင့် ၁၀ တန်းမအောင်၊ အသက်က ၁၇ နှစ် ရောက်လာ၏။
တစ်ညတွင် ထိုလူငယ်တို့ လမ်းထိပ် အုတ်ခုံတွင် ထိုင်နေကြသည်။ သူတို့အဖွဲ့ ထိုင်နေစဉ် တက္ကစီကားတစ်စီးက ဖြတ် မောင်းရာ အချိုးမပြေသောကြောင့် တစ် ဖက်နှင့် တစ်ယောက် စကားများကြ၏။ တကယ်တော့ လမ်းဟူသည်ကား သွားရန် ဖောက်ထားသောအရာဖြစ်၏။ လမ်းထိပ် ဆိုသည်မှာ အုပ်စုလိုက်ဖွဲ့ပြီး ထိုင်နေလျှင် ကွေ့သောကားအတွက် အနှောင့်အယှက် တစ်ခုဖြစ်စေ၏။ တက္ကစီသမားသည် ကား ပေါ်တွင် အတူလိုက်ပါလာသော ဇနီးသည် ကို အိမ်ပြန်ပို့၍ မရှမ်း၏သားနှင့်အဖွဲ့အား ပြန်လည်ကာ စိန်ခေါ်တိုက်ခိုက်သည်။ အ များနှင့် တစ်ယောက်ဖြစ်၍ တက္ကစီသမား လည်း အသက်ဆုံးသွား၏။ မရှမ်းမ၏ သား နှင့်အဖွဲ့လည်း ထောင်နန်းစံသွားရ၏။
လူငယ်တို့တွင် မှားယွင်းသောအစွဲများ ရှိ၏။ တစ်ယောက်က ရန်ဖြစ်၍ ကျန်သူများ က ဝင်မပါလျှင် သစ္စာမရှိဟု ကိုယ့်ကိုယ်ကို ယူဆကြ၏။ တကယ့်တော့ မဟုတ်ပါ။ အများနှင့်တစ်ယောက်ဆိုလျှင် မည်မျှ ယောကျာ်းမပီသပြီး သူရဲဘောကြောင် သည်ကို မတွေးတတ်ခြင်းပါ။ ထိုထက်ပို၍ ယခုကဲ့သို့ ခြေလွန်လက်လွန်ဖြစ်သွားပြီးမှ မိမိတက်လမ်း အညွန့်ကျိုးကာ ထောင်ထဲ တွင် အသက်ကြီးမည့်အရေး ကြိုမတွေး တတ်သော၊အသိဉာဏ်နည်းပါးသူမှ မိုက်မဲ သူ (ဝါ) လူမိုက်ဟုမခေါ်လျှင် မည်သူကို ခေါ်မည်နည်း။
လူငယ်တို့သည် အပေါင်းအသင်း အ လွန်မင်တတ်၏။ သို့သော် ဘယ်ဟာ အ ပေါင်းအသင်းကောင်း၊ ဘယ်သူက မကောင်း တဲ့ အပေါင်းအသင်းဟု မခွဲခြားတတ်သလို မိမိကိုယ်တိုင် တခြားသူငယ်ချင်းများအ တွက် အပေါင်းအသင်းကောင်းဖြစ်အောင် ဘယ်လိုနေထိုင်ရမည်ကို မသိ။ မိဘက လည်း ညွှန်ပြပေးနိုင်သူ အလွန်ရှားသော ခေတ်ဖြစ်၏။ နင် သည်ကောင်နဲ့ မပေါင်းနဲ့၊ သည်ကောင် အိမ်မလာစေနဲ့ဆိုသော တစ် ချက်လွှတ်အမိန့်များသာ ထုတ်ချင်ကြ၏။ ဘာကြောင့် မပေါင်းစေချင်လဲ ဆိုသည်ကို စိတ်ရှည်လက်ရှည် ရှင်းမပြသလို အပေါင်း အသင်းကောင်းတို့မည်သည် မည်ကဲ့သို့ ကျင့်ဝတ်မျိုးရှိသူကို ခေါ်သည်ဟု ငယ်စဉ် ကပင် နားထဲစိမ့်ဝင်အောင် ပြောလေ့မရှိ ကြ၊ ငါ မထိန်းရလျှင်ပြီးရော၊ နားအေးသက် သာလျှင်ပြီးရောဟုဆိုကာ ဖုန်းတစ်လုံး ဝယ်ပေးထားတတ်ကြသောခေတ် ဖြစ်၏။
ထို့ကြောင့် ယနေ့လူငယ်အများစုသည် နီတိမသိ၊ လောကဝတ်နားမလည်၊ ယဉ် ကျေးမှု လျော့ပါးသူများ၍ ဆုတ်ကပ်သို့ ရောက်လာရ၏။ ဆုတ်ကပ်သည် ဘုရား ဟော၍ ရောက်ရသည်ထက် အနှီမိဘများ နေသာသလိုနေကြ၍ ပိုပြီး အရောက်မြန် လာကြခြင်း ဖြစ်၏။
နောက် သာဓကတစ်ခု ပြပါဦးမည်။ ကိုဆောင်းသည် သူ၏သား တက္ကသိုလ် ကျောင်းသားကို အလွန်ချစ်၏။ သားလုပ် သူကလည်း လိမ္မာသည်။ ဖခင်ချစ်လောက် အောင်ပင်လိမ္မာ၏။ အနှီတက္ကသိုလ်ကျောင်း သားလေးသည် တစ်နေ့တွင် မူးယစ်ဆေး ဝါး အများအပြားထည့်ထားသော ကျောပိုး အိတ်တစ်လုံးဖြင့် အဖမ်းခံခဲ့ရပြီး ထောင် ဒဏ် ၂၅ နှစ်ကျသွား၏။
အကြောင်းမှာ ဤသို့တည်း၊ မောင် ဆောင်း၏သားသည် သူ၏ သူငယ်ချင်း ဖြစ်သူက အပြင်သွားစရာရှိသောကြောင့် အိမ်အထိလာကာခေါ်၍ ဆိုင်ကယ်ဖြင့် လိုက်ပါသွား၏။ သူငယ်ချင်းဖြစ်သူက ကျောပိုးအိတ်ကို လွယ်ပိုးထား၍ မောင် ဆောင်း၏သားမှာ ဆိုင်ကယ်နောက်မှ လိုက်ရန် သိပ်ပြီး အဆင်မပြေသည်ကို ဆိုင်ကယ်စီးဖူးသူတိုင်း သိပါလိမ့်မည်။ ထို့ ကြောင့် သူငယ်ချင်းလုပ်သူမှ မောင်ဆောင်း ၏ သားကို သူ၏ကျောပိုးအိတ်လွယ်ပေး ထားပါဟု ဆိုလသည်။ မောင်ဆောင်း၏ သားမှာလည်း ငြင်းရန် အကြောင်း မမြင်။ ထို့ကြောင့် လွယ်ပိုးထားလိုက်၏။
လမ်းတွင် သက်ဆိုင်ရာမှ တားပြီး စစ်ဆေးသောအခါ မောင်ဆောင်း၏သား လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ မူးယစ်ဆေးများ ဖမ်းမိလေ၏။ ဆိုင်ကယ် ဖြင့် လာခေါ်သော မူးယစ်ဆေးဝါးပိုင်ရှင် သူငယ်ချင်းကမူ မောင်ဆောင်း၏သားက ဘယ်ရပ်ကွက်ကို သူ၏ဆယ်ကယ်ဖြင့် လမ်းကြုံလိုက်လို၍ အကူအညီတောင်း သောကြောင့် ဆိုင်ကယ်ဖြင့် တင်ခေါ်လာ ရပါသည်ဟု ထွက်ဆိုကာ အလွတ်ရုန်း၏။ ဆိုင်ကယ်ပိုင်ရှင်မူ အထောက်အထားပြ ၏။ တက္ကသိုလ်တွင် တစ်ခန်းတည်း အတူ တက်ကြောင်း သက်သေပြ၏။လူဆိုးသည် လူကောင်းဖြစ်သွား၍ လူကောင်းသည် မျက်စိတမှိတ်အ တွင်း လူဆိုးဖြစ်လေပြီ။ အပေါင်းအသင်းမှားသောကြောင့် ကိုယ့် ကောင်းလည်း ခေါင်းရွေ့ရပါသည်။
ယနေ့ခေတ်သည် ကွမ်းယာဆိုင်မှအစ တက္ကသိုလ်ကျောင်းသား စသည်ဖြင့် အ လွှာအစုံတွင် မူးယစ်ဆေးဝါးရောင်းချနေ ကြ၍ မိမိတို့၏သားသမီးများကို အမှား အမှန် ဝေခွဲနိုင်လောက်အောင် အသက် ၂၅ နှစ်အောက်အထိ ပညာကိုသာ အဓိက အာရုံစိုက် လိုက်စားစေခြင်းဖြင့် နောင် ရေ ရှည် ဘဝကောင်းအောင် ဖန်တီးပေးသင့် ၏။ ဒါဆိုလျှင် သားယောကျာ်းလေး မွေး ထားပြီး အိမ်တွင်းအောင်းကာ စာကျက်ခြင်း တစ်မျိုးတည်းလုပ်ပေး၍ ရပါမည်လောဟု ပြန်မေးကြပါမည်။ မဟုတ်ပါ။ မိမိတတ်နိုင် သည့် အတိုင်းအတာအရ သူ စိတ်ဝင်စား နိုင်သော အားကစားတစ်မျိုးမျိုးကို တွဲဖက် လုပ်ဆောင်စေချင်ပါသည်။ နိုင်ငံတော်က လည်း ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် အဘက် ဘက်မှ ပံ့ပိုးသင့်၏။
မြောက်ဒဂုံမြို့နယ်၏ အားကစားခန်းမ ရှိရာ မဝတလမ်းဆုံအနီးက မိုးလုံလေလုံ အားကစားကွင်းတွင် ဘော်လီဘောပုတ် နေကြသူများကို ကျွန်တော် သွားလေ့လာ ကြည်ဖူး၏။ လူငယ်တစ်ဦးသည် ဘော်လီ ဘောပုတ်နေရင်းဖြင့် အားခနဲအော်ကာ လဲကျသွား၏။ ကျန်သူများက ဝိုင်းပြီး ပြုစု ကြသည်။ ကျွန်တော် စပ်စုကြည့်လိုက်တော့ ခြေထောက် (ခြေဖဝါး) တွင် သွေးများ ထွက် နေသည်။ ဘာကြောင့်လဲဟု ထပ်မံစပ်စု ကြည့်၏။ သည်လိုပဲ ခဏခဏဖြစ်တတ် တယ် ဦးလေး၊ အောက်ကခင်းထားတဲ့ ကြမ်းပြင်က တစ်နှစ်ကျောက် နှစ်နှစ် လောက်ပဲ ရှိသေးတယ်။ ရိုကာ်းတဲ့ သံတွေ က ကြွကြွပြီးတက်လာတော့ ကစားသမား တွေ မကြာခဏခံရတယ်။ ကိုယ်ခံပညာ သင်တဲ့သူတွေဆို ပိုဆိုးသေးတယ်တဲ့။
ကဲ ဒီမိုကရေစီခေတ်မှာ ဘယ်သူ ကန် ထရိုက်လဲ၊ ဘယ်သူ တာဝန်ရှိသလဲ၊ သည် လိုပုံစံဖြင့်တော့ ကျွန်တော်ပြောသလို လူ တန်းစားပေါင်းစုံက လူငယ်တွေ အားကစား လုပ်ရင်း စာကျက်ရင်းဖြင့် ဘဝကို ကျော် ဖြတ်ရန် လွယ်တော့မည်မဟုတ်၊ ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ၊ တစ်ခုပဲ လုပ် တတ်တော့သည်၊ ပစ်မထားကြပါနဲ့ ဗျိုးဟု အော်ရုံသာ့။
Author:
ကိုမိုး (၄-၅-၂၀၁၉)
No comments:
Post a Comment