ကြာ်ငြာတဲ့သူဟာအခုလိုပုံပါအစစ်တစ်ခုကိုနမူနာပြပြီး
မီးထိုးခံတယ် ကြိုက်သလိုစစ် ဘာညာ စသည်ဖြင့်
ယုံကြည်အောင်ပြောဆိုပြီးဖိတ်ခေါ်ပါလိမ့်မယ်
အင်းလေ အစစ်ကိုနမူနာပြမှလဲ ယုံကြည်မှုရမှာကို
ဘယ်လောက်ပဲ အစစ်နဲ့ခွဲမရအောင်တူပါတယ်လို့ အာမခံပြီးပြောပြော ယုံကြည်ပြီးမလုပ်ပါနဲ့
အတုဟာအတုပဲမို့ စစ်ဆေးသူရဲ့လက်ထဲရောက်ရင်
အတုဆိုတာပေါ်လာတာပါပဲ
ယာဉ်မောင်းလိုင်စင်အတုဆိုတာစစ်ဆေးတွေ့ရှိလို့
အမှုဖွင့်အရေးယူရင်တော့ ပြစ်ဒဏ်ကြီးလှပါတယ်
ယာဉ်မောင်းလိုင်စင်လေးအတွက်နဲ့ မိမိပြန်အလာကို အိမ်မှာစောင့်မျှော်နေတဲ့မိသားစုနဲ့ နှစ်တွေအကြာကြီးခွဲခွါသွားရမဲ့အဖြစ်မျိုး မလုပ်မိပါစေနဲ့
အော် စကားမစပ်
ယခု သင်ကိုင်ထားတဲ့ယာဉ်မောင်လိုင်စင်ရော ပုံထဲကလို
လေဆာကဲ့သို့မီးလေးနဲ့ထိုးကြည့်လိုက်ရင် မြှုတ်ထားတဲ့ စာတန်းတွေပေါ်လာပါသလား
အဲ့လိုမဟုတ်ဘူးဆိုရင်တော့
သေချာတယ် အဲ့လိုင်စင်ဟာ………။
( အတု အစစ်ခွဲခြားနည်းများ post တင်ထားခဲ့ပြီးဖြစ်)
credit
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
5.2.2019

No comments:
Post a Comment