Sunday, January 13, 2019
မြန်မာအပေါ် တရုတ်ရဲ့ သြဇာအာဏာ "
(၁)
မြန်မာ့နိုင်ငံရေးအပေါ်
တရုတ်ရဲ့ သြဇာအာဏာ သက်ရောက်မှု
အတိုင်းအတာက ကြောက်ခမန်းလိလိ
ပါပဲ။
(၂)
တရုတ်ဟာ မြန်မာနိုင်ငံတွင်း
အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်
ဘယ်လောက်ထိ သြဇာအာဏာသက်ရောက်မှု
ရှိနေသလဲဆိုတာကို သတိပြုဆင်ခြင်ပြီး
ဒီပါဝါကို မလျှော့ချနိုင်သရွေ့ မြန်မာ့ပြည်တွင်း
ရေးဟာ သူများနိုင်ငံရေး ကစားကွက်အောက်
နယ်ရုပ်သာသာ အဆင့်ကနေ ဘယ်တော့မှ
မတက်နိုင်ပါဘူး။
ငြိမ်းချမ်းရေး ဆိုတာဟာလည်း
ခရီးဝေးမြဲ ဝေးနေအုံးမှာ စိုးရိမ်မိတယ်။
(၃)
အစိုးရသစ်တက်တော့
တရုတ်ကြီးကို ဖင်ပေးပေါင်းရတဲ့
ဘဝကနေ မြန်မာနိုင်ငံလွတ်မြောက်ဖို့
ကျွန်တော်တို့ မျှော်လင့်ခဲ့ကြဖူးတယ်။
(၄)
ကိုယ့်ပြည်တွင်းကထွက်တဲ့
သယံဇာတ တွေနဲ့ ကမ္ဘာမှာ မဟာဗျူဟာ
မြောက်တဲ့ နိုင်ငံနယ်နမိတ် ပိုင်ဆိုင်မှုကို
လက်ကိုင်ပြုပြီး နိုင်ငံတကာကို လိုသလို
အသုံးချလို့ တရုတ်ကြီးအင်အားကို ထိန်းညှိ
ဆက်ဆံနိုင်လိမ့်မယ်လို့တွေးခဲ့ကြဖူးတယ်။
(၅)
နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာ
အသစ်တွေ ဖွင့်ပြီး တရုတ်ရဲ့ပါဝါကို
ထိန်းချုပ်မယ်လို့ ထင်ခဲ့ကြဖူးတယ်။
(၆)
တကယ့်တကယ်တန်းမှာတော့
စီးပွါးရေး နိုင်ငံရေး ငြိမ်းချမ်းရေးကစလို့
နိုင်ငံတကာ ဆက်ဆံရေး အဆုံး
တရုတ်အဓိက မူဝါဒဟောင်းကြီးနဲ့
ယနေ့အထိ တရုတ်ကိုမှီခို
ခရီးဆက်နေရဆဲပါ။
(၇)
မြန်မာ့နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေးရေချိန်ကို
အဓိက ခြယ်လှယ်ကစားနေတာ အမေရိကန်နဲ့
အနောက်နိုင်ငံတွေ မဟုတ်ပါဘူး။ဒီနိုင်ငံမှာ သူရဲ့
အကျိုး စီးပွါး များစွာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့
ဆွေမျိုးပေါက်ဖော် တရုတ်ကြီးပါ။
(၈)
AA ဟာ ARSA ကို မတိုက်သလို
ဆွေတော်မျိုးတော် တရုတ်ကြီးရဲ့ အကျိုးစီးပွါး
ကိုလည်း ယောင်လို့တောင် ထိခိုက်အောင်
မလုပ်ရဲပါဘူး။
AA အဓိက လုပ်မှာက
ရခိုင်အမျိုးသားရေး အသံကောင်းဟစ်ကာ
မြန်မာ့နိုင်ငံရေးကို ရှုပ်ထွေးစေပြီး
ငြိမ်းချမ်းရေးဖြစ်စဉ် နှောင့်နှေးအောင်နဲ့
ြုမန်မာ့ စီးပွါးရေး ဦးမော့မလာအောင်ပါ။
(၉)
AA ကို အပြုတ်တိုက်
နိုင်မယ် ထင်လား…???
AA ကို အပြုတ်တိုက်မှာလား…??? ဆိုပြီး
ကျွန်တော် မေးခဲ့ဖူးပါတယ်။
တကယ်တော့ AA ဟာ
ဘယ်တော့မှ ပြုတ်မှာ မဟုတ်သလို
AA ကို ပြုတ်သွားပြီလို့ သတင်းကြားတာနဲ့
AA လို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု
ထက်မနည်း ထပ်ပေါ်ဖို့ အသင့်ဖြစ်ပြီးသား
ဆိုတာကို သတိထားရမှာပါ။ ဒါတွေရဲ့
စနက်ကတော့ နောက်ကွယ်က အဓိက
ထောက်ပံ့ထားတဲ့ လက်မည်းကြီးကြောင့်ပါပဲ။
AA တို့ ဘာတို့ ညာတို့ဟာ
ကိုင်းဖျား ကိုင်းနား လေးတွေပါ။
ပင်စည်ကြီးကို မထိရောက်နိုင်သရွေ့ကတော့
ဘယ်ဟာမှ ပြုတ်ဖို့ စိတ်ကူးယဉ်လို့မရနိုင်ပါဘူး။
အကိုင်းအခတ်သေးသေးလေးတွေ ခုတ်ထွင်
ရှင်းလင်းရုံနဲ့ အမြစ်တွယ်နေတဲ့ သစ်ပင်ကြီးက
ဘယ်လိုများ သေမှာတဲ့လဲ။
ဆိုတော့ကာ ခင်များတို့ မျှော်လင့်နေတဲ့
ငြိမ်းချမ်းရေး ဘယ်တော့များ ရမှာတဲ့လဲ …???
ငြိမ်းချမ်းရေး အလံကို စိုက်ထူဖို့ ကိုယ့်လက်ထဲမှာ
အလံတိုင်မရှိတဲ့ဘဝ။
(၁၀)
ARSA နဲ့ AA တို့ရဲ့
ဦးတည်တဲ့လုပ်ရပ်တွေမှာ
တူညီတဲ့ အဓိက ရည်ရွယ်ချက်တွေက
(က) မြန်မာပြည် မငြိမ်းချမ်းဖို့
(ခ) တိုက်ပွဲတွေကြောင့် စီးပွါးရေး
ဆုတ်ယုတ်ဖို့
(ဂ) တရုတ်အကျိုးစီးပွါး ကာကွယ်ဖို့
(ဃ) မြန်မာ့နိုင်ငံရေးမှာ
လက်နက်ကိုင်တို့ (🌟💫)အခန်းကဏ္ဍ
အရေးပါကြောင်း သိသာ ထင်ရှားစေဖို့
(င) အစိုးရသစ် အပြောင်းအလဲ
ဖော်ဆောင်မှုများ နှောင့်နှေးစေဖို့နဲ့
အသံကောင်းဟစ်ဖို့
နောက်ဆုံး အချက်ဖြစ်တဲ့ …
(စ) သက်ဆိုင်ရာ လူမျိုး
အခွင့်အလမ်း တိုးတက်ဖို့ ဆိုပြီး
တူညီသော အချက်များဖြစ်နေတာ တွေ့ရပါတယ်။
(၁၁)
ဒီပုံစံအတိုင်းဆိုရင်တော့
နောင်ဆယ်စုနှစ်ကြာတဲ့အထိ တရုတ်ကြီးရဲ့
သြဇာအာဏာအောက်က မြန်မာပြည်
ရုန်းထွက်ဖို့ မဖြစ်နိုင်သေးသလို…
AA ဆိုတာဟာလည်း လာမယ့် ရွေးကောက်ပွဲ
အထိ သက်ဆိုးရှည်ဦးမှာ ဖြစ်ပြီး …
ဘယ်သူမှန်း မသိတာဘဲကောင်းတဲ့
နောက်ကွယ်က လက်မည်းကြီးနဲ့
လက်ဖြူဖြူ ကြီးတွေရဲ့ ကြိုးဆွဲရာကို
ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက
ဘယ်လို ကပြ အသုံးတော်ခံဦးမလဲ
ဆိုတာတော့ အတော်လေး
စိတ်ဝင်စားစရာပါပဲ။
ခေါင်မိုးက မလုံတဲ့ မိုးဒဏ်ကို ခံမြဲ
ခံရဦးမယ့် ကြားနေပြည်သူကတော့
စစ်ပွဲတွေကြားက အသွေးအသားနဲ့
မြေဇာပင်သာသာ ဘဝတွေပေါ့။
Crd: မောင်သုခ
ZN.H 🇦
Labels:
သင့်အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment