Monday, January 28, 2019

လက်နက်ကိုင်အဖွဲ့ အားလုံးထံဗိုလ်ချုပ်ဂွမ်မော် အိတ်ဖွင့်ပေးစာပို့




ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်ဂွမ်မော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ပေးပို့သည့် အိတ်ဖွင့်ပေးစာကို ဇန်န၀ါရီ ၂၇ ရက် ရက်စွဲဖြင့် ၎င်း၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
ယင်းအိတ်ဖွင့်ပေးစာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတိပေးထုတ်ပြန် ချက်တွင် ''တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထုတ်ပြန်ချက်ပါ အပိုဒ် (၅)(၆)နှင့် (၇)တို့ကို အကြိမ်ကြိမ်ဖောက်ဖျက်လျက်ရှိကြောင်း တွေ့ရှိရသည်''ဟု ဖော်ပြထားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်များကိုလိုက်နာရန် သဘောတူလက်ခံထားပြီးသော EAO`sများရှိသည်ဆိုလျှင် လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု အကြုံပြုလိုသည်ဟု ရေးသားထားသည်။
ယင်းအိတ်ဖွင့်ပေးစာတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ခြင်းနှင့်ပတ်သက်၍ ''KIO သည် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်တွင် NRPC နှင့် တွေ့ဆုံခဲ့ပါသည်။ တစ်စုံတစ်ရာ သဘောတူညီမှုများ မရှိသေးပါ'' ဟု ရေးသားဖော်ပြထားသည်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရာတွင် တွေ့ဆုံညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း အပြန် အလှန် သဘောထားပေးခဲ့ကြသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ဒုဥက္ကဋ္ဌ(၁)ဗိုလ်ချုပ်ဂွမ်မော်က
ယင်းအိတ်ဖွင့်ပေးစာတွင် ရေးသားဖော်ပြထားသည်။
သတင်း - နောင်လေး

No comments:

Post a Comment